Monday, November 19, 2012

ဆိုမာလီယာနဲ့ပင်လယ်ဓါးပြ၊ မြောက်ကိုးရီးယားနဲ့ နျူကလီးယား၊ ချေချင်ညာနဲ့ ရုရှား၊ မြန်မာနိုင်ငံက `ဝ´ နဲ့ မူးယစ်ဆေးဝါး

နိုဝင်ဘာ(၁၉)


ဆိုမာလီယာနဲ့ပင်လယ်ဓါးပြ၊ မြောက်ကိုးရီးယားနဲ့ နျူကလီးယား၊ ချေချင်ညာနဲ့ ရုရှား၊ မြန်မာနိုင်ငံက  `´ နဲ့ မူးယစ်ဆေးဝါး ဆိုတဲ့ တွဲလုံးလေးတွေက ကမ္ဘာ့အလယ်မှာ ထည်ဝါစွာနဲ့ ကျော်ကြားနေ တာတာမဟုတ်ပေမဲ့ နိုင်ငံတကာကတော့ အားလုံးသိပြီးဖြစ်တဲ့ မှတ်မိပြီးသားဖြစ်တဲ့ စာသားကလေးတွေ ပဲ ဖြစ်မှာပါ။

`´ပြည်နယ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသောဒေသဖြစ်ပြီး ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP နဲ့ ဝတပ်မတော် UWSA တို့ ကြီးစိုးတဲ့ဒေသဖြစ်ပါတယ်။ `´ တပ်ဖွဲ့ဟာ ၁၉၈၉ ခုနှစ်ကတည်းက စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ပြီး ၂၀၀၉ ခုနှစ်ကျမှ စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် ဖွဲ့ဖို့ငြင်းဆန်လို့ သဘောတူညီမှုပျက်ပြယ်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း ကြားကာလမှာ စစ်တပ်နဲ့တိုက် ပွဲတွေ မဖြစ်ခဲ့ဘဲ အစိုးရသစ် လက်ထက် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကောင်မတီနဲ့  ၂၀၁၁ ခုနှစ် စက်တင် ဘာ လမှာ တဖန် ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဇွန်လကစပြီး အစိုးရစစ်တပ်နဲ့ KIA/KI0 တို့ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာအစိုးရသစ်နဲ့ အမေရိကန်-မြန်မာ-တရုတ် နိုင်ငံတို့ရဲ့ သုံးပွင့်ဆိုင် မဟာဗျူဟာဆက်ဆံရေးကာလမှာ `´တပ်ဖွဲ့ ရဲ့ ခြေလှမ်းတွေလည်း ယိမ်းယိုင်စပြုလာပြီလို့ `´နယ်စပ်က နိုင်ငံရေးလေ့လာစောင့်ကြည့်သူ တစ်ဦး က ပြောပြပါတယ်။
အစိုးရစစ်တပ်က KIA နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့အချိန်မှာ `´တပ်ဖွဲ့က စစ်အင်အားတွေ တိုးချဲ့ ဖို့ ပြင်ဆင်နေတာပဲဖြစ်ပါတယ်။ ဒီလိုအခြေ အနေတွေ ဖြစ်လာတာကလဲ KIA နဲ့ UWSA ရဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ တရုတ်ကြီးရဲ့ Buffer Zone မဟာဗျူဟာကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ အမေရိကန်အစိုးရနဲ့ ရင်းနှီးစွာထိတွေ့ဆက်ဆံလာတာ နဲ့အမျှ တရုတ်အစိုးရကလည်း KIA နဲ့ UWSA ရဲ့တပ်တွေကို သူတို့ ရဲ့ ရှေ့ရံတပ် တံတိုင်းအဖြစ် အသုံးချလို့ရအောင် နောက်ကွယ်ကနေ ကြိုးကိုင်လှုပ်ရှားနေမှာ အသေ အချာပါပဲ။ KIA က အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားစဉ် ၁၅ နှစ်တာကာလမှာ ကချင်ပြည်နယ်က ကျွန်း သစ်တွေရောင်းချပြီး စစ်အင်အားတိုးချဲ့ ခဲ့သလို UWSA တပ်ဖွဲ့ကလည်း သူတို့ရဲ့ စစ် အင်အား/လက်နက်တွေ တိုးချဲ့ဖို့ဆိုရင် ဘိန်းစိုက်ပျိုး မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရောင်း ချမှသာရမယ် ဆိုတာ သူတို့ရဲ့သမိုင်းပေးတာဝန်လို ဖြစ်နေပါပြီ။
အောက်တိုဘာလဆန်းပိုင်းက အစိုးရစစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်သွားရောက်ပြီး UWSA ခေါင်းဆောင်ပိုင်းတွေနဲ့တွေ့ဆုံကာ `´ပြည်နယ်မှာ ၂၀၁၅ အပြီး မူးယစ်ဆေးဝါးပပျောက်အောင် လုပ် ဖို့ ပြောခဲ့ တယ်လို့ သိရပါတယ်။ `´ခေါင်းဆောင်တွေက သူတို့ပြည်နယ်မှာ ၂၀၀၅ ခုနှစ်နောက်ပိုင်း ဘိန်းလုံးဝမစိုက် တော့ကြောင်း အထပ်ထပ်အခါခါငြင်းဆိုပြနေပေမယ့်လည်း နယ်နိမိတ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံက မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ `ONCB´ တို့၊ အမေရိကန်ပြည်ထောင်စု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ `DEA´တို့ကတော့ `´တပ်မတော်ဟာ အရှေ့တောင်အာရှက အင်အား အကြီးမားဆုံး မူးယစ်ဆေးဝါးကုန်သွယ်အဖွဲ့လို့ စာရင်း သွင်းထားပြီး `´ခေါင်းဆောင်တွေကို လည်း မူးယစ်ရာဇာတရာခံအဖြစ် ဆုငွေထုတ်ကြေငြာထားဆဲပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမြေနေရာအနေနဲ့  ၂၀၁၂ ခုနှစ်မှာ ၁၇% ထိ ပိုမိုကျယ်ပြန့်လာပြီး ဧကပေါင်း တစ်သိန်း နှစ်သောင်း ခန့်ရှိပြီး `´ဒေသက ထွက်ရှိတဲ့ဘိန်းတွေကို တရုတ်နိုင်ငံက အဓိက ၀ယ်ယူနေကြောင်း မြန်မာအစိုးရ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာနနဲ့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုနှိမ်နင်းရေးဌာန UNODC တို့ရဲ့ ပူးတွဲကြေငြာစာတမ်းမှာ ဖော်ပြထားပါတယ်။ နောက်ပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သတ်မှုမရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုမှမရှိဖူးလို့လည်း ကြေငြာ စာတမ်းမှာ ပါရှိပါတယ်။ `´ပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSP နဲ့ `´တပ်မတော် UWSA တို့ဟာ သူတို့ရဲ့ စစ်တပ်အင်အား တိုးချဲ့ဖို့အတွက် လိုအပ်တဲ့လက်နက်တွေကို တရုတ်ပြည်နဲ့ မူးယစ်ဆေးဝါးနဲ့ တိုက်ရိုက်လဲလှယ် ရယူရတာဖြစ်တဲ့အတွက်လည်း ဘိန်းစိုက်ပျိုးမှုကို တိုးချဲ့လုပ်ဆောင်ဖို့ လက်အောက်ခံ တပ်မှူးတွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး `´တပ်မတော်အတွင်းမှာ တပ်မဟာမှူးရာထူးအပြောင်းအလဲအထိ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
``မိုင်းပေါက်အခြေစိုက် တပ်မက ၄၆၈ တပ်မဟာမှူး အိုက်ဆုခေါ် လီအိုက်ဆု ကို ခေါင်းဆောင် ကြီးတွေ ညွန်ကြားတဲ့ ဘိန်းစိုက်ပျိုးမြေတိုးချဲ့ဖို့ခိုင်းတာကို မလုပ်နိုင်တဲ့ အတွက် တပ်မဟာမှူးရာထူး ကနေဖြုတ်ချပြီး သူ့နေရာကို အစိုးရထောင်ကနေ မကြာခင်ကမှလွတ်မြောက်လာတဲ့ ပေါက်ယူချန်းရဲ့တူ တာ့ပန်းဆိုသူနဲ့ အစားထိုး မယ်လို့ သိရပါတယ်။ တာ့ပန်းက ၂၀၀၅ ခုနှစ်၊ စက်တင်ဘာလတုန်းက မိုင်းပြင်း မြို့နယ် တုံတာမှာ ဘိန်းဖြူ ၄၉၆ ကီလိုဂရမ်နဲ့အတူ ဖမ်းမိကာ ထောင်ချခံခဲ့ ရသူဖြစ်ပြီး မူးယစ်ရာဇာတစ်ဦးလည်းဖြစ်ကြောင်း`` ဝတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပြပါတယ်။
 
ဒါကြောင့်မို့ မူးယစ်ရာဇာတွေကိုပဲ ခေါင်းဆောင်/တပ်မှူးရာထူးတွေပေးတဲ့ UWSP/UWSA တို့ရဲ့ `´ နဲ့ မူးယစ်ဆေးဝါး ဆိုတဲ့ ဂုဏ်ပုဒ်ကတော့ ဘယ်တော့များမှ ပျောက်နိုင်မလဲဆိုတာ...
ဦးအောင်ထီး၊ ကျိုင်းတုံ။
From -ရှမ်းသတင်းစဉ်

No comments:

Post a Comment