Thursday, November 8, 2012

သူရိယ စွမ်းအင် စက်သုံးဆီ အရောင်းဆိုင်မှာ ဆီအခြင်အတွယ် မပြည့်မှု အားတိုင်ကြားခြင်း

"စစ်ဆေးရေး အဖွဲ့မှ စက်သုံးဆီ မပြည့်သဖြင့် သတိပေးစာ ပေးပို့ ထားသော်လည်း သူရိယစွမ်းအင် စက်သုံးဆီအရောင်းဆိုင်မှာ   ပြည် သူ လူထုအား ရောင်းချရမည့် ဆီများအား ပွဲစားများအား ခိုးထုတ်ရာင်းချလျှက်ရှိ" ပုဂ္ဂလိက စက်သုံးဆီဆိုင်များ ဆီအခြင်အတွယ်
မပြည့်မှု အကြောင်း အများပြည်သူ အကြား ကျယ်ကျယ် ပြန့်ပြန့်ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက် မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း၊ ရန်ကုန်တိုင်း ဒေသကြီးတိုင်း ရောင်းဝယ်ရေး အရာရှိရုံး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့မှ ကိုယ်စားလှယ်များ ပါဝင်သော စစ်ဆေးရေးအဖွဲ့သည် စက်တင်ဘာလ ၂၆နှင့် ၂၇ ရက် နေ့များတွင် ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင် ၂၃ ဆိုင်ကို ရှောင်တခင် ၀င်ရောက်စစ်ဆေးပြီးနောက် ၂၁ ဆိုင်တွင် စက်သုံးဆီ အခြင်အတွယ်ပြည့်မီခြင်း မရှိကြောင်း ထုတ်ပြန်ခဲ့ပါသည်။

စစ်ဆေးရေးအဖွဲ့မှ အခြင်အတွယ် လျော့နည်းနေသည့် ဆိုင်များ၊ ဆိုင်ဖွင့်ထားသည့် လုပ်ငန်းရှင်များအားပထမ အကြိမ်အဖြစ် တရားဝင်သတိပေးစာ ပေးပို့ထားပြီး ထပ်မံစစ်ဆေးတွေ့ရှိပါက စက်သုံးဆီသိုလှောင် ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ကိုပါ ပြန်လည်သုံးသပ်အရေးယူမည်ဟု ထုတ်ပြန်ထားသော်လည်း အမှတ် ၂၂၇၊ အနော်ရထာလမ်းနှင့် ကိုင်းတန်းလမ်းဒေါင့်၊လမ်းမတော်မြို့နယ်ရှိ သူရိယစွမ်းအင်စက်သုံးဆီဆိုင်မှာ စက်သုံးဆီ အခြင်အတွယ်မပြည့်သဖြင့် စစ်ဆေးရေးအဖွဲ့မှ ဆီအခြင်အတွယ် ထပ်မံလျှော့နည်းကြောင်း စစ်ဆေးတွေ့ရှိရပါက  စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချခွင့်ပါမစ် ပိတ်မည်ဖြစ်ကြောင်း ပထမအကြိမ် သတိပေးစာအား တရားဝင်ပေးပို့ ထားပြီးဖြစ်သော်လည်း--

 ကုမ္မဏီမှ ပြည်သူလူထုအား ရောင်းချရန် ချထားပေးသော စက်သုံးဆီဂါလံများထဲမှ ဂါလံ(၁၀၀)ခန့်ကိုသာ အိမ်စီးကားများအား ရောင်းချပေးပြီး ကျန်ဆီများအား     ဆိုင်မန်နေဂျာမှ ပြင်ပဆီပွဲစားများနှင့်ပေါင်းကာ မိမိအကျိုးစီးပွားအတွက် ပြုလုပ်နေခြင်း၊

 စွမ်းအင်ဝန်ကြီးဌာနမှ ၁ဂါလံလျှင် ၄.၅၄၆လီတာရှိရမည်ဟု အောက်တိုဘာ ၁၁ ရက်နေ့တွင် စံနှုန်းသတ်မှတ်ခဲ့သော်လည်း ၄.၅လီတာပင်မပြည့်ကြောင်း၊ ဆီများလျှော့နေသဖြင့် ပြည်သူများမှာ နစ်နာလျှက်ရှိပါသည်။

အမှန်တကယ်လိုအပ်သဖြင့် လာထည့်သော ကားများမှာ ဆီမရရှိခြင်းတို့ ဖြစ်ပေါ်နေသဖြင့် ပြည်သူလူထုများမှာ "စစ်ဆေးရေးအဖွဲ့မှ လာစစ်ပြီး ကာစလေးပဲ ဆီအပြည့်ရလိုက်ကြောင်း၊ တစ်ပတ်လောက်ကြာတော့လဲ အရင်အတိုင်းပဲ ပြန်ဖြစ်သွား တာပါပဲလို့" ပြောဆိုနေကြပါတယ်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး စစ်ဆေးရေးအဖွဲ့ နှင့် ကုမ္မဏီမှာ တာဝန်ရှိသူများမှ ဆီပွဲစားများနှင့် ပေါင်းကာကိုယ်ကျိုးရှာနေသော အဆိုပါဆိုင်မန်နေဂျာအား ထိရောက်စွာ အရေးယူပေးရန် တိုင်ကြားအပ်ပါသည်။

ဇော်ဇော် - လမ်းမတော်မြို့ နယ်

No comments:

Post a Comment