Friday, November 2, 2012

ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံအား ချေးငွေထုတ်ပေးခြင်းကို ၂၅ နှစ် ရပ်ဆိုင်းထားခဲ့ရာမှ ချေးငွေများ ပြန်လည် ထုတ်ပေးသွားရန်ရှိ


ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံအား ချေးငွေထုတ်ပေးခြင်းကို ပြီးခဲ့သော ၂၅ နှစ်တာ ကာလပတ်လုံး ရပ်ဆိုင်းထားခဲ့ရာမှာ မကြာခင် ချေးငွေများ ပြန်လည် ထုတ်ပေးသွားရန်ရှိကြောင်း သိရသည်။

ပထမအဆင့်အနေဖြင့် ပြန်လည်ပေးဆပ်ရန် မလိုသော ရန်ပုံငွေ သန်း ၈၀ ကို မြန်မာနိုင်ငံအတွက် ထုတ်ပေးမည်ဖြစ်ပြီး ထိုငွေများကို ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော လမ်း၊ တံတား၊ ကျောင်း၊ ဆေးပေးခန်း ဆောက်လုပ်ခြင်းများတွင် အသုံးပြုရန် စီစဉ်ထားကြောင်း ကမ္ဘာ့ဘဏ်က ပြောသည်။

“မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို အားရမိပါတယ်၊ ပြုပြင်ပြောင်းလဲရေးကောင်းတွေ ဆက်လက် ဖော်ဆောင်ဖို့လည်း အားပေးတိုက်တွန်းပါတယ်” ဟု ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင် ယောင် ကင်မ်က ပြောသည်။

မြန်မာအစိုးရအနေဖြင့် ကမ္ဘာ့ဘဏ်ကို ပေးရန် ကြွေးကျန်များ ရှင်းလင်းပြီးပါက နောက်ထပ် ဒေါ်လာ ၁၆၅ သန်းကို ချေးငွေအဖြစ် ထုတ်ပေးသွားမည်ဖြစ်ကြောင်းလည်း ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုဥက္ကဋ္ဌ ပါမယ်လာ ကို့စ်က ပြောသည်။

Source: BBC

No comments:

Post a Comment