Monday, November 12, 2012

ယနေ့ (နိုဝင်ဘာ ၁၂ ရက်) နံနက် ၀၀ နာရီ၊ ၄၉ မိနစ်၊ ၄၂ စက္ကန့်တွင် မိုးကုတ်မြို့မှ ၃၉ မိုင်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၅.၆ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့

ရွှေဘိုနှင့် မိုးကုတ်မြို့နယ်များအနီး ဗဟိုပြု၍ မြေငလျင်များ လှုပ်ခတ်


ယနေ့ (နိုဝင်ဘာ ၁၂ ရက်) နံနက် ၀၀ နာရီ၊ ၄၉ မိနစ်၊ ၄၂ စက္ကန့်တွင် မိုးကုတ်မြို့မှ ၃၉ မိုင်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၅.၆ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ကြောင်း U.S. Geological Survey ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။


mogoke earthquake

(နိုဝင်ဘာ ၁၂ ရက်သို့ ကူးပြောင်းရောက်ရှိပြီး မကြာမီ မိုးကုတ်မြို့အနီး ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ငလျင်)

ယမန်နေ့ (နိုဝင်ဘာ ၁၁ ရက်) နံနက်ပိုင်း (၇ နာရီ၊ ၄၂ မိနစ်၊ ၃၇ စက္ကန့်) က စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့အနီးကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၆.၈ အဆင့်ရှိ အင်အားပြင်းထန်သော ငလျင်ကြီး လှုပ်ခတ်ပြီးနောက်ပိုင်း နောက်ဆက်တွဲ မြေငလျင်များ ဆက်လက် လှုပ်ခတ်လျက်ရှိရာ မိုးကုတ်မြို့အနီးတွင် ယခု လှုပ်ခတ်သော မြေငလျင်မှာ အင်အားအသင့်အတင့် ပြင်းထန်သည်။

shwebo earthquake

(ရွှေဘိုမြို့အနီး ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ရစ်ချစ်တာစကေး ၆.၈ အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်)
အလားတူ နိုဝင်ဘာ ၁၁ ရက် ညနေ ၅ နာရီ ၂၆ မိနစ်၊ ၂၀ စက္ကန့်အချိန်တွင်လည်း ရွှေဘိုမြို့၏ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၅.၈ အဆင့်ရှိ အင်အားအသင့်အတင့် ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။ ရွှေဘိုမြို့အနီး လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့များတွင် ပျက်စီးဆုံးရှုံးမှုများ၊ လူသေဆုံး ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Planet.com

No comments:

Post a Comment