Thursday, November 29, 2012

လွှတ်တော်နှင့်သမ္မတအကြား သဘောထားကွဲလွဲမှုမှာ အသွင်ကူးပြောင်းရေးကိုထိခိုက်နိုင်



လွှတ်တော်နှင့် နိုင်ငံတော်သမ္မတအကြား သဘောထားကွဲလွဲမှု များ ဖြစ်ပေါ်နေခြင်းသည် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကိုပါ ထိခိုက် လာနိုင်စေမည် ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး စောင့်ကြည့်လေ့လာနေသူတစ်ဦး က ပြောကြားသည်။နိုင်ငံတော်အေးချမ်းသာရာရေးနှင့် ဖွံဖြိုးရေးကောင်စီ လက်ထက်က ရေးဆွဲပြဋ္ဌာန်းခဲ့သော  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ
ပါ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေနှစ်ခုနှင့် စာရင်းစစ်ချုပ်ဥပဒေများကို ပြည်ဆောင်စုလွှတ်တော်တွင် ပြင်ဆင်အတည်ပြုခဲ့ပြီး နိုင်ငံတော်သမ္မတထံ လက်မှတ်ရေးထိုးရန် ပေးပို့ခဲ့သော်လည်း နိုင်ငံတော်သမ္မတက  သဘောမတူသည့် အချက်များကို သဘောထားမှတ်ချက် ၁၀ ချက်နှင့်အတူ လွှတ်တော်သို့ မတ်လ ၃ ရက်နေ့တွင် ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါ သဘောထားပြင်ဆင်ချက်ကို ပြည်ထောင်စုလွှတ်တော်က သဘောတူထောက်ခံသည့်အတွက် နိုဝင်ဘာ ၁၈ ရက်နေ့တွင် နိုင်ငံတော် သမ္မတထံသို့ ဒုတိယအကြိမ် ပြန်လည်ပေးပို့ခဲ့သော်လည်း အဆိုပါ ယင်းဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက လက်ခံသဘောတူခြင်း မရှိသည့်အတွက် ပြည်ထောင်စုလွှတ်တော် နာယကထံသို့ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် သဝဏ်လွှာ ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။
ထို့ပြင်   ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသော ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းကို ပြဋ္ဌာန်းနိုင်ရေး အတွက် နိုင်ငံတော်သမ္မတသို့ လက်မှတ်ရေးထိုးရန် ပေးပို့ရာတွင် သမ္မတက အဆိုပါဥပဒေကြမ်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွှတ်ခြင်း မရှိကြောင်း သဘောထားမှတ်ချက်များနှင့်အတူ ပြည်ထောင်စုလွှတ်တော် နာယကထံသို့ နိုဝင်ဘာလ ၁ ရက်နေ့တွင် သဝဏ်လွှာပေးပို့ခဲ့သည်။
ထိုသို့ လွှတ်တော်နှင့် သမ္မတအကြား သဘောထားကွဲလွဲမှုများသည် အသွင်ကူးပြောင်းရေးကို ထိခိုက်စေနိုင်သည့်အတွက် လွှတ်တော်နှင့် အစိုးရအဖွဲ့အကြား သဘောမတူညီမှုများရှိသော်လည်း လွှတ်တော်အမတ်များကို အာဏာပိုင်များက အလေးထားရန် လိုအပ်သကဲ့သို့ လွှတ်တော် အမတ်များအနေဖြင့်လည်း အုပ်ချုပ်ရေးအာဏာပိုင်များ၏ ဆောင်ရွက်နေမှုများအား ဝင်ရောက်လွှမ်းမိုးချုပ်ကိုင်ခြင်း မပြုလုပ်ရန် လိုအပ်ကြောင်း သိရ သည်။

From- transparencymyanmar

No comments:

Post a Comment