Wednesday, November 21, 2012

ကျောက်တော်မြို့နယ်အတွင်း နိုင်ငံသားကတ်ကိုင်ဆောင်ထားသည့် ဘင်္ဂါလီလူမျိုးမရှိ


ရခိုင်ပြည်နယ်အတွင်း ၁၉၈၂ နိုင်ငံသားဥပဒေဖြင့် ဆောင်ရွက်လျက်ရှိ ရာ ကျောက်တော်မြို့နယ်တွင်း၌ တရားဝင် နိုင်ငံသားကဒ်ဆောင် ထားသော ဘင်္ဂါလီ လူမျိုးများ မရှိကြောင်း ကျောက်တော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးမှ အရာရှိ က ထုတ်ဖော် ပြောကြားသည်။


၁၉၆၀ ခုနှစ်မတိုင်ခင်ကာလတွင်း ၀င်ရောက်လာသော တိုင်းရင်းသားမဟုတ်သည့် မျိုးနွယ်
စုများသည် အမျိုးသား မှတ်ပုံတင်ကတ်များ သာကိုင်ဆောင်ခွင့်ရရှိခဲ့ပြီး ၁၉၆၀ နောက်ပိုင်း ၀င်ရောက်လာသူများအတွက် မြန်မာနိုင်ငံတွင်း နေထိုင်သူအဆင့်သာရှိသော အဖြူရောင်ကတ် အမျိုးအစားများသာ ပေးအပ်ထားကြောင်း သိရသည်။


“ဒီမြို့နယ်မှာ နိုင်ငံသားကတ် ပေးထားတဲ့ ဘင်္ဂါလီလူမျိုး မရှိဘူး။ နေထိုင်သူအဆင့်ဘဲရှိတဲ့ အဖြူကတ်ပေးထားတဲ့ ဘင်္ဂါလီ တွေပဲရှိတယ်။ 


၈၂ ဥပဒေတိုင်း ထုတ်ပေးစဉ် က ပြုလုပ်ခဲ့တာပါ၊ဘာကဒ်မှ မကိုင်ထားတဲ့သူတွေတောင် အများကြီးပါ၊ ရွာတိုင်းလို လိုအဖြူကတ်မကိုင်နိုင်တဲ့သူတွေအများကြီးဘဲ” ဟု ၄င်းကဆိုသည်။


မြန်မာနိုင်ငံတွင်း နေထိုင်သူအဆင့်သာရှိသော အဖြူရောင် ကတ်အဆင့်အား ၂၀၁၀ ရွေးကောက်ပွဲကာလအတွင်း မဲပေး နိုင်ရန်အတွက် လ.၀.က မှ ရွာအများစု တွင်ကွင်းဆင်းလုပ်ကိုင်ပေးသော် လည်း နောက်ပိုင်းအချိန်များတွင် ရုံးသို့ သက်ဆိုင်ရာ ၏ထောက်ခံချက်များဖြင့်သာ ပြုလုပ်ပေးကြောင်းသိရသည်။


ဘင်္ဂါလီများတွင် နိုင်ငံသားပြု့ခွင့်ရရှိသောကတ်နှင့် ဧည့်နိုင်ငံသားကတ် များ လည်း ပေးအပ်ထားခြင်းမရှိကြောင်းနှင့် ဟိန္ဒိုဘာသာဝင်များသာ ဧည့်နိုင်ငံသားကတ်

 ပေးအပ်ထားကြောင်း သိရသည်။

“အခု စစ်ဆေးမယ်ဆိုရင် အဖြူရောင်ကတ်ကိုင်ထားတဲ့သူတွေလဲ ရထားတဲ့နောက်ကြောင်းရာဇ၀င်အကုန်ပြန်လိုက်ပြီး စစ်ဆေးမှာပါ။ 


ဘာမှမကိုင်ထားတဲ့သူကော ဥပဒေလမ်းကြောင်းအတိုင်းသွား ရမယ်။ဒီလိုမှဘာ

မှအကြောင်းမပြလာဘဲ ခိုးဝင်လာ တဲ့သူဆိုရင် ဥပဒေအတိုင်းနှင်သင့်

ရင်နှင်မယ်။အရေးယူမယ်” ဟု အထက်ပါ လ.၀.က မှအရာရှိက ပြောသည်။
“ဒီမှာက ဘင်္ဂါလီလူမျိုးတွေရဲ့ လူဦးရေတိုးပွားနှုန်း ကလဲအရမ်းများတယ်။ 


ထိန်းချုပ်တဲ့စနစ်လဲမရှိဘူး၊အရင်က အတူယှဉ် တွဲနေထိုင်ကြပေမယ့် အခုအချိန်မှာ ပဋိပက္ခဖြစ်လာတဲ့အတွက် ယှဉ်တွဲနေထိုင်ဖို့လဲမဖြစ်ဘူး။


တရားမ၀င်ခိုးဝင်လာတဲ့သူတွေက အများကြီး ဒါတွေကို သေချာပြန်စိစစ်မယ်ဆိုရင်တော့ ဒီမှာရှိတဲ့ ဘင်္ဂါလီလူဦးရေ အတော်ကလေးလျော့ကြသွားနိုင်တယ်” မြောက်ဦးမြို့နယ်တွင်းနေထိုင်သူ ၀ံလက်ဖောင်ဒေးရှင်းမှ ဦးအောင်စိုးမြင့်က ပြောသည်။


ကျောက်တော်မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဌာန၏စာရင်း အရ ကျောက်တော်မြို့နယ်တွင်း အိမ်ထောင်စု ၃၉၀၀၀ ကျော် ရှိကြောင်းနှင့် တရားဝင်လူဦးရေမှာ ၂ သိန်း ၁ သောင်းကျော်ခန့်သာ ရှိကြောင်းသိရသည်။

စူးရှ

The Myanma Age မှ=တဆင့် ကူးယူဖော်ပြ ပေးပါသည်။

 

No comments:

Post a Comment