Sunday, November 4, 2012

အိန္ဒိယနိုင်ငံသား ထောင်ချီ ချစ်ကြည်ရေး သဘောဖြင့် တမူးကို နေ့စဉ် ဝင်ခွင့်ပြုထား

တမူး၊ နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်း ဒေသကြီး ကဘော်ချိုင့်ဝှမ်း မြို.တော် တမူးမြို့ ကို အိန္ဒိယနိုင်ငံ မဏီပူရ ပြည်နယ်ရှိ (Morah) မိုရေးကျေးရွာ ဘက်ခြမ်းက အိန္ဒိယ နိုင်ငံသား ၁ဝဝဝကျော် ခန့်ကို ၂နိုင်ငံ ချစ်ကြည်ရေး သဘောဖြင့် နေ့စဉ် လာရောက် လည်ပတ်ခွင့် ပြုပေး ထားကြောင်း အိန္ဒိယ-မြန်မာ နယ်စပ် ဂိတ်ရှိ လူဝင်မှု ကြီးကြပ်ရေး နှင့် မှတ်ပုံတင် ဦးစီးဌာန၏ တာဝန်ကျ ဝန်ထမ်း တစ်ဦးက
ပြောကြားသည်။

အဆိုပါ နယ်ခြား သံတံတား ကို နေ့စဉ် နံနက်၆နာရီ မှ ညနေ ၆နာရီထိ ဖွင့်လှစ် ထားပြီး အန္ဒိယ နိုင်ငံသား များသည် ဆိုင်ကယ် များဖြင့် တမူးမြို့ ဘက်ခြမ်းသို့ လာရောက်၍ တရုတ် ကုန်ပစ္စည်း များကို လာရောက် ဝယ် ယူကြခြင်း ဖြစ်ပြီး တမူးမြို.ခံ များကလည်း အိန္ဒိယနိုင်ငံ မိုရေးမြို. သို. အလားတူ သွားလာလျက် ရှိကြောင်း ၄င်းက ဆက်လက် ရှင်းပြသည်။

"တရားဝင် မဟုတ်ဘူး၊ အလည်သဘော ဈေးတွေဘာတွေ ဝယ်ဖို့ ၁၂နာရီ ခွင့်ပြု ပေးတာ ချစ်ကြည်ရေး သဘောနဲ.ပေးဖြတ် နေတာမျိုးပါ" ဟု နယ်ခြား သံတံတား စစ်ဆေးရေး ဂိတ်မှ အဆိုပါ ပုဂ္ဂိုလ်က ရှင်းပြသည်။

အိန္ဒိယ နိုင်ငံ မဏီပူရ ပြည်နယ် ဘက်ခြမ်းတွင် မရာဝါရီ၊ မန်ရာစီ၊ ဘန်ကာ၊ ကသည်း၊ ထာရို ချင်းလူမျိုး စသည်တို့ နေထိုင်ကြပြီး စစ်ကိုင်းတိုင်း
ဒေသကြီး တမူးမြို.၏ နန်းဖာလုံ ဈေးတွင်းသို. နေ.စဉ် လာရောက်၍ မူဆယ် - မန္တလေးမှ ဝင်ရောက် လာသည့် တရုတ် နိုင်ငံထုတ် လူသုံးကုန် ပစ္စည်းများ ကို ဈေးသက်သာ၍ လာရောက် ဝယ်ယူကြခြင်း ဖြစ်ကြောင်း တမူးမြို.ခံ များက ပြောကြားသည်။

"အိန္ဒိယ တွေက မူဆယ်ကလာတဲ့ တရုပ် ပစ္စည်းတွေ ဈေးသက်သာလို. လာဝယ်ကြတာပါ" ဟု တမူးမြို.ခံ ဦးဇာနည်ဦး က ရှင်းပြသည်။

အိန္ဒိယ နိုင်ငံနှင့် ၂၆မိုင်ခန်. နယ်နမိတ် ချင်း ထိစပ်နေသည့် တမူးမြို.တွင် ဗမာ၊ ချင်း၊ ဟိန္ဒူ ဘာသာ ဝင် ဂေါ်ရခါး လူမျိုးများ စသည့် အိမ်ထောင်စုဝင် ၅ဝဝဝကျော် ရှိပြီး လူဦးရေ တစ်သိန်းကျော် ခန်. နေထိုင်ကြကြောင်း တမူး မြို.ခံ များထံမှ စုံစမ်း သိရှိရသည်။
TheVoiceWeekly

No comments:

Post a Comment