Sunday, November 4, 2012

စင်ကာပူစတော့အိတ်ချိန်းတွင် မြန်မာကုမ္ပဏီများဖြင့် ချိတ်ဆက်ထားသော ကုမ္ပဏီများ၏ရှယ်ယာများ ဈေးမြင့်တက်

မြန်မာ့စီးပွားရေး ပွင့်လင်းလာသည့်အခွင့်အလမ်းများကြောင့် စင်ကာပူ စတော့အိပ်ချိန်းတွင် စာရင်းဖွင့်လှစ်ထားသော မြန်မာကုမ္ပဏီများ၊မြန်မာနိုင်ငံဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများရှိနေသောကုမ္ပဏီများ၏  စတော့များသည် စက်တင် ဘာလနှ င့် အောက်တိုဘာလ အတွင်ြး မင့်တက် ခဲ့ကြကြောင်း သိရသည်။


မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အလားအလာများကြောင့် အိမ်ခြံမြေလုပ်ငန်းကြီးတစ် ခုဖြစ်သော Yoma Strategic Holdings ၏ရှယ်ယာများသည် စင်ကာပူ စတော့ အိပ်ချိန်းတွင် စက်တင်ဘာလကုန်က ၉ ရာခိုင်နှုန်းထိမြင့်တက်ခဲ့ပြီး ရှယ်ယာတစ်စုလျင် စင်ကာပူဒေါ်လာဝ ဒသ မ ၄၈၅ ထိရောက်ရှိခဲ့သည်။


အိမ်ခြံမြေ ဈေးနှုန်းတန်ဖိုးများမြင့်တက်လာနိုင်သည်ဟူသော ခန့်မှန်းချက်များကြောင့် ရိုးမ၏စတော့ ရှယ်ယာများသည် ယခုနှစ်အစောပိုင်းကစပြီး ၈၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့သည်။


မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများရှိသည့် စင်ကာပူအခြေစိုက်ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ Interra Resources ၏ရှယ်ယာများမှာလည်း စက်တင်ဘာလကုန်က ရှယ်ယာတစ်စုလျှင် စင်ကာပူဒေါ် လာ ၀ ဒသမ ၄၁၅ ထိ ၅ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။


ထို့ပြင် ယခုနှစ်အစောပိုင်းက မြန်မာအစိုးရထံမှ ကန်ထရိုက်ရရှိခဲ့ပြီးနောက် Ntegrator International ဆက်သွယ်ရေးစနစ် ကုမ္ပဏီ၏ရှယ်ယာများသည် ၈ ဒသမ ၅ ရာခိုင်နှုန်းထိ ခုန်တက်ခဲ့ဖူးသည်။


စင်ကာပူသည် မြန်မာ၏ စတုတ္ထအကြီးဆုံးပို့ကုန် ကုန်သွယ်ဘက်ဖြစ်ပြီး အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုပြုခဲ့သည့် ကာလတစ်လျောက် ကြားခံနိုင်ငံအဖြစ် အားထားကုန်သွယ်ခဲ့ရသည်။


မြန်မာ-စင်ကာပူ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုသည် ၂၀၁၁ ခုနှစ်က

ဒေါ်လာ ၃ ဘီလျံထိရှိခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလကုန်ထိ

စင်ကာပူကုမ္ပဏီ ၇၄ ခုသည် မြန်မာနိုင်ငံတွင် ဒေါ်လာ ၁ ဒသမ ၈၅၃ ဘီလျံ ကျော်မြှုပ်နှံထားပြီး အများဆုံးရင်းနှီးမြှုပ်နှံထားသည့် စာရင်းတွင် အဆင့် ၆ နေရာ၌ ရပ်တည်နေသည်။


စင်ကာပူကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံ၏ လုပ်ငန်းပေါင်း ၇၇ ခုတွင် လာရောက်မြှုပ်နှံထားခြင်းဖြစ်ပြီး ဆက်လက်၍ မြှုပ်နှံရန် အတွက်လည်း
မြန်မာကုမ္ပဏီများနှ င့် ချိတ်ဆက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။


စင်ကာပူ Aussino သည် မြန်မာနိုင်ငံတွင် လာရောက်မြှုပ်နှံရန်အတွက် မက်စ်မြန်မာကုမ္ပဏီဖြင့် ချိတ်ဆက်လုပ်ဆောင်လျက်ရှိပြီး မက်စ်မြန်မာ

ကုမ္ပဏီပိုင် စက်သုံးဆီ အရောင်းဆိုင်လုပ်ငန်းများတွင် လာရောက်မြှုပ်နှံရန်စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။


မက်စ်မြန်မာအနေဖြင့်လည်း စင်ကာပူစတော့အိတ်ချိန်းနှင့် စင်ကာပူအစိုးရမှ အသိအမှတ်ပြုခွင့်ပြုရန်အတွက်မူ အဆင့်ပေါင်းများစွာဖြတ် ကျော်ရမည်

ဖြစ်ကြောင်း သိရသည်။


Eleven Media Group

No comments:

Post a Comment