Sunday, November 4, 2012

ရခိုင်ပြည်နယ်စီးပွားရေးသတင်း

ရခိုင်ပြည်နယ်အတွင်း လက်ရှိအနေအထားများကိုသုံးသပ်မည်ဆိုပါက စီးပွား ရေးလုပ်ငန်းများ ကျဆင်းလာသည်ကိုတွေ့ရသည်။ နယ်စပ်ကုန်သွယ်ရေး ဆိုသည်ကလည်း လက်တစ်ဆုတ်စာ လူတန်းစားများက ကြိုးကိုင်လှုပ်ရှား လုပ်ကိုင်နေခြင်းဖြစ်သည်။သားငါးကဏ္ဍဖွံ့ဖြိုးမှုနှင့်လယ်ယာထွက်ကုန်များ ကျဆင်းနိုင်သည်။ စပါးဈေး မြင့် တက်နိုင်ပြီး ဆန်ပြဿနာများရှိလာနိုင်သည်။
စပါးခင်းများရိတ်သိမ်းချိန်တွင် မလိုလားအပ်သော ပြဿနာများထပ်မံဖြစ်ပွား လာနိုင်ခြေရှိကြောင်း ဒေသခံလယ် သမား များက သုံးသပ်ကြသည်။ စပါးခင်းများ သည် ဘင်္ဂလီကျေးရွာများနှင့်နီးသော အရပ်များ၊ လူသူနှင့်ဝေး သော ဒေသများတွင်ရှိသော စပါးခင်းများ ရိတ်သိမ်းရန်မှာ ခက်ခဲမှုများရှိလာ နိုင်ကြောင်း လည်း ပြောဆိုကြပါသည်။

ဆောက်လုပ်ရေးလုပ်ငန်းသုံး သဲတစ်ကျင်းသည် ယခင် ၄၀၀၀ ကျပ်မှ ယခုအခါ ၈၀၀၀ ကျပ်အထိမြင့် တက်လာခဲ့သည်ကိုတွေ့ရသည်။ ထိုသို့ မြင့် တက်ရခြင်းမှာလည်း အလုပ်သမားခက်ခဲ့မှုများနှင့် လုပ်အား တန်ဖိုးမြင့် တက်လာခြင်းများကိုအခြေခံပြီး ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အလားတူပင် ရခိုင်ပြည်နယ်အတွင်း အခြားစီးပွားရေးလုပ်ငန်းများမှာလည်း အောင်မြင်မှုနည်းနေမည်ဖြစ်ကြောင်း သုံးသပ်ကြပါသည်။ ထို့အပြင်နွေဦးကာလ သို့ရောက်ရှိတော့မည်ဖြစ်သဖြင့် မီးရှို့မှုများထပ်မံ ဖြစ်ပေါ် မလာစေရန် အထူးသတိထားရမည့်အနေ အထားတွင်ရှိနေကြောင်း လည်း သုံးသပ်ကြပါသည်။

Rakhine Straight Views တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

No comments:

Post a Comment