Friday, November 30, 2012

မြဝတီတွင် ရွှေထည်ပစ္စည်းနှင့် ငွေ သိန်း ၈၀၀ ကျော် လုယက်မှုဖြစ်

ကရင်ပြည်နယ် မြဝတီမြို့နေ ရွှေသရဖူရွှေဆိုင်မှ ကိုသိန်းလွင်သည် နိုဝင်ဘာ ၂၇ ရက်နေ့က ရွှေထည်ပစ္စည်းများ သိမ်းဆည်၍ ပြန်လာစဉ် မျက်နှာ အဝတ်စည်းထားသည့် ဆိုင်ကယ်သမားက ကိုသိန်းလွင်၏ ဆိုင်ကယ်ကို ကန်လှဲကာ ရွှေထည်ပစ္စည်းများ လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဆိုင်ကယ်လဲကျစဉ် သေနတ်ဟု ထင်ရသော အရာဖြင့်
ချိန်ကာ ရွှေထည် မျိုးစုံ ၁ ပိဿာ ၄၀ ကျပ်သား၊ မြန်မာငွေ ၄၃ သိန်းနှင့် ထိုင်းဘတ်ငွေ ၄ ထောင်ကို လုယက်သွားကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ လုယက်သွားသူကို ယနေ့အထိ ဖမ်းဆီးရမိခြင်း မရှိသေးပေ။
from -ဧရာဝတီ

No comments:

Post a Comment