Friday, November 2, 2012

အိန္ဒိယ နိုင်ငံသည် ဒုံးပျံစမ်းသပ် ပစ်ခတ်မှု များကို ယခုနှစ် အတွင်းပြုလုပ် သွားမည်ဟုဆို

အိန္ဒိယနိုင်ငံ၏ ကာကွယ်ရေးနှင့် သုတေသန ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့သည် ရေငုပ် သင်္ဘောပေါ်မှ ပစ်လွှတ်နိုင်သော K-15 ဒုံးပျံအား ပထမ အကြိမ် စမ်းသပ်မှု အပါအဝင် ပြည်တွင်းထုတ်ဒုံးပျံများအားစမ်းသပ် ပစ်လွှတ်မှုများ လုပ်ဆောင်ရန် အစီအစဉ် ရေးဆွဲထား သည်ဟု နိုဝင်ဘာလ ၁ ရက်နေ့ Newsnow သတင်းတစ်ရပ် အရသိရှိရပါသည်။

နိုဝင်ဘာ လနှင့် ဒီဇင်ဘာလ အတွင်းတွင် နျူကလီးယား ထိပ်ဖူးတပ်ဆင်
နိုင်သော Prithvi-II ပဲ့ထိန်း ဒုံးပျံ၊ AAD ဒုံးခွင်းဒုံး၊ ရေငုပ်သင်္ဘောမှ ပစ်လွှတ်ရသော K-15 နှင့် Agni-I ဒုံးပျံတို့အား သြရိဿနှင့် အန်ဒရာ ပရာဒေ့ခ်ျ ကမ်းလွန်တို့ရှိ ဒုံးပျံပစ်လွှတ်ရေး စခန်းများမှ နေ၍ စမ်းသပ် ပစ်လွှတ် သွားရန် အစီအစဉ် ရေးဆွဲ ထားပါသည်။

မြ၀တီ

No comments:

Post a Comment