Sunday, November 4, 2012

ရခိုင်အရေးက နောက်ပြန်လှည့်သွားစေနိုင်သလား

မင်္ဂလာပါ ကိုအောင်ဇော် (ဧရာဝတီ)။ အကိုရေးသားထားတဲ့ Fresh Arakan Strife Bad Omen for Reform ဆိုတဲ့ ဆောင်းပါးကို ပြန်ပြီး ဝေဖန်ထားတာပါ။ ဝါရင့် သုံးသပ်သူ တစ်ယောက် မဟုတ်ပေမယ့် ကျန်ခဲ့တယ်လို့ ထင်တဲ့ အချက်တွေကို ဖော်ပြထားတာပါ။‘ရခိုင်ပြည်နယ်မှာ တကျော့ပြန် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေကို လျှင်လျှင်မြန်မြန် မရပ်တန့်နိုင်ဘူးဆိုရင် မြန်မာနိုင်ငံနဲ့ ရခိုင်ဒေသရဲ့ တည်ငြိမ်မှုကို ထိခိုက် လာနိုင်ပါ တယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း ဒီကိစ္စမှာ နှုတ်ဆိတ်နေမယ် ဆိုရင် မြန်မာ့ ဒီမိုကရေစီ
လမ်းကြောင်းဟာ နောက်ပြန်လှည့်သွားနိုင်ပါတယ်’ လို့ အကို ရေးခဲ့တယ်။
ဘာကြောင့် ဒီအကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာခဲ့တာလဲ။ ကိုအောင်ဇော်ကတော့ ဒါဟာ ဘာသာရေးဆိုင်ရာလည်း မဟုတ်သလို လူမျိုးရေးဆိုင်ရာလည်း မဟုတ်ပါဘူးလို့ ရည်ညွှန်းထားပါတယ်။ အာဆီယံ အထွေထွေ အတွင်းရေးမှူး ဆူရင် ပစ်ဆူဝန်ရဲ့ ‘ဒီကိစ္စဟာ နိုင်ငံရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ ဥပဒေဆိုင်ရာ ကိစ္စတစ်ရပ် ဖြစ်တယ်’ ဆိုတဲ့ စကားကိုလည်း ကိုးကားထားပါတယ်။ ဒါ့အပြင် လူတစ်စုကနေ ဒီကိစ္စတွေ ဖန်တီးဖို့ နောက်ကွယ်က ကြံစည်နေတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။ လက်ရှိ ဒီမိုကရေစီ ခေါင်းဆောင်တွေကိုလည်း တုံ့ပြန်ဖို့ လက်နှေးနေတဲ့အတွက် အပြစ်တင်ခဲ့ပါတယ်။
ကိုအောင်ဇော်အနေနဲ့ သီအိုရီနှစ်ခုကိုလည်း ဖော်ပြခဲ့ပါတယ်။ သီအိုရီ တစ်ခုကတော့ ကြံ့ခိုင်ရေး ပါတီအတွင်းက အမာခံ ခေါင်းဆောင် တစ်ချို့ကနေ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ရပ်တန့်သွားအောင် လုပ်ဆောင်တာလို့ ဖော်ပြထားပါတယ်။ နောက်သီအိုရီ တစ်ခုကတော့ စစ်တပ်ကို လူမြင်ကွင်းထဲ ပြန်ခေါ်လာပြီး အာဏာကို ပြန်ထိန်းဖို့ ကြိုးစားတာ ဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။

thn-3-11-1
စစ်တွေမြို့ရှိ ဖေယာလမ်းအား အောက်တိုဘာလ ၃၁ ရက်နေ့ကတွေ့ရစဉ်


အာရပ် နွေဦးတော်လှန်ရေး ဖြစ်ပြီးနောက်ပိုင်းမှာ မူဆလင် အစွန်းရောက်တွေ အနေနဲ့ သူတို့ရဲ့ ဦးတည်ချက်ကို အမေရိကန်ဆီ တိုက်ရိုက် ပစ်မှတ်ထားရာကနေ အမေရိကန်ရဲ့ အကျိုးစီးပွား ရှိတဲ့ နေရာတွေကို ပြောင်းလဲလာခဲ့ပါတယ်။ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ပြောသလို သူတို့အနေနဲ့ ပိုပြီး အားနည်းတဲ့ ဒေသတွေကို ဦးတည်လာတာ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အဲဒီ့ ဒေသတွေဟာ အမေရိကန်ရဲ့ အကျိုးစီးပွား ရှိတဲ့ ဒေသတွေ ဆိုရင် သူတို့ အနေနဲ့ ပစ်မှတ်ထားလာနိုင်ပါတယ်။ ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံဟာ အာဏာရှင် လက်အောက်ကနေ လွတ်မြောက်လာတာ မကြာသေးပါဘူး။ ဒီတော့ ဒီမိုကရေ ဖွံ့ဖြိုးရေး လုပ်ဆောင်နေတုန်း အာနည်းနေသေးတဲ့ အချိန်မှာ လာပြီး အားစမ်းတာလား။ ဒီတွေးထင်ယူဆချက်မျိုးဟာ လုံးဝ ပြစ်ပယ်လို့ မရဘူးဆိုတာ နိုင်ငံရေး ကျွမ်းကျင်သူတိုင်း သိကြပါတယ်.....

ကိုအောင်ဇော်အနေနဲ့ ကျန်ခဲ့တဲ့ အရေးကြီးတဲ့ အချက်ကတော့ မြန်မာနိုင်ငံဟာ မဟာဗျူဟာ ကျတဲ့ နေရာ တစ်ခုမှာ တည်ရှိနေတာပါ။ မြန်မာနိုင်ငံကနေ တစ်ဆင့် အန္ဒိယ သမုဒ္ဒရာဆီကို ထွက်ပေါက်ရဖို့ တရုတ်က ကြိုးစားနေသလို တရုတ်ရဲ့ ဩဇာအာဏာကို ပြန်ထိန်းဖို့ အမေရိကန်ကနေ မြန်မာနိုင်ငံကို အလိုရှိနေပါတယ်။ ဒါတင်မကသေးပါဘူး မြန်မာနိုင်ငံအနေနဲ့ အစွန်းရောက် အစ္စလာမ်မစ် ဝါဒီတွေရဲ့ မျက်စိကျခြင်းကို ခံနေရတယ်လို့ ယူဆပါတယ်။ အခု နောက်ဆုံး ရခိုင်ပြည်နယ်အတွင်းမှာ အကြမ်းဖက်မှုတွေ မဖြစ်ခင်က ဖိလစ်ပိုင်မှာ မင်ဒါနာအိုက မူဆလင် အကြမ်းဖက်သမားတွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် အပြည့်အဝ ပေးခဲ့ရတာကို ကိုအောင်ဇော်သိမှာပါ။ (ပြည်ထောင်စု အစိုးရကနေ စွတ်ဖက်ခွင့် မရှိ သလောက် ဖြစ်သွားတယ်။) ဇွန်လအတွင်း အကြမ်းဖက်မှုတွေ ဖြစ်ပြီး မကြာခင်မှာပဲ ထိုင်းနိုင်ငံတောင်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်မှာ အစွန်းရောက် မူဆလင်တွေရဲ့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါတွေကို တိုက်ဆိုင်မှုလို့တော့ ပြောလို့ မဖြစ်နိုင်ပါဘူး။
အာရပ် နွေဦးတော်လှန်ရေး ဖြစ်ပြီးနောက်ပိုင်းမှာ မူဆလင် အစွန်းရောက်တွေ အနေနဲ့ သူတို့ရဲ့ ဦးတည်ချက်ကို အမေရိကန်ဆီ တိုက်ရိုက် ပစ်မှတ်ထားရာကနေ အမေရိကန်ရဲ့ အကျိုးစီးပွား ရှိတဲ့ နေရာတွေကို ပြောင်းလဲလာခဲ့ပါတယ်။ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ပြောသလို သူတို့အနေနဲ့ ပိုပြီး အားနည်းတဲ့ ဒေသတွေကို ဦးတည်လာတာ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အဲဒီ့ ဒေသတွေဟာ အမေရိကန်ရဲ့ အကျိုးစီးပွား ရှိတဲ့ ဒေသတွေ ဆိုရင် သူတို့ အနေနဲ့ ပစ်မှတ်ထားလာနိုင်ပါတယ်။ ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံဟာ အာဏာရှင် လက်အောက်ကနေ လွတ်မြောက်လာတာ မကြာသေးပါဘူး။ ဒီတော့ ဒီမိုကရေ ဖွံ့ဖြိုးရေး လုပ်ဆောင်နေတုန်း အာနည်းနေသေးတဲ့ အချိန်မှာ လာပြီး အားစမ်းတာလား။ ဒီတွေးထင်ယူဆချက်မျိုးဟာ လုံးဝ ပြစ်ပယ်လို့ မရဘူးဆိုတာ နိုင်ငံရေး ကျွမ်းကျင်သူတိုင်း သိကြပါတယ်။
ဇွန်လမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မတိုင်မီ ဖြစ်ပေါ်ခဲ့တာပါ။ အဲဒီ့ အချိန်က နိုင်ငံတကာကလည်း ဒီအရေးကို အလေးထားခဲ့ကြပါတယ်။ဘာပဲပြောပြောဒီဖြစ်စဉ်ကို အကြောင်းပြုပြီး ကင်တာနားတို့ OIC တို့ က လူ့အခွင့်ရေးဆိုတာတွေ အသံပိုကျယ်နိုင်ခဲ့ကြပါတယ်။ နိုင်ငံတကာမှာ ပြန်လည် ဝင်ဆံ့ဖို့ ကြိုးစားနေတဲ့  ဦးသိန်းစိန် အစိုးရအနေနဲ့လည်း OIC ကို လက်ခံခဲ့ပြီး ကင်တားနားကိုလည်း မြန်မာနိုင်ငံကို လာဖို့ ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမြန်မာနိုင်ငံမှာ OIC ရုံးဖွင့်ဖို့ ကိစ္စတွေကို တစ်နိုင်ငံလုံးနီးပါး လက်မခံ နိုင်ကြောင်းဆန္ဒပြခဲ့ကြတယ်။ အဲဒီ့ ဆန္ဒပြမှုတွေကြောင့်OIC ကိစ္စတစ်ခန်းရပ်ပြီးချိန်မှာ ရခိုင် ပဋိပက္ခကတွေ ချက်ချင်းပဲတစ်ကျော့ပြန်ဖြစ်တာလို့ ဆိုကြပါတယ်။ ဒါဟာ တိုက်ဆိုင်မှုလား။ ဖြစ်ပြန်တော့လည်း အာဆီယံ ထိပ်သီး အစည်းအဝေး မလုပ်ခင်လေးတင်ပါပဲ။ အာဆီယံမှာ ဒီကိစ္စကို ရှေ့တန်းတင်လာ နိုင်ပါသလား။ (အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာဆိုရင် သူတို့ရဲ့ တခြား ပြဿနာတွေကို ဆွေးနွေးရမှာ စိုးလို့ အမြဲတမ်း အစ္စရေး ပါလက်စတိုင်း ပြဿနာကိုပဲ ရှေ့တန်းတင်ခဲ့တဲ့ သာဓကတွေရှိပါတယ်။) အာဆီယံအနေနဲ့ အဓိကပြဿနာတွေကို ဆွေးနွေးတိုင်ပင်မှု မပြုပဲ ရခိုင်အရေးကို နိုင်ငံတကာ အရေးကိစ္စတစ်ခုလို သဘောထားလို့ မဖြစ်ပါဘူး။ ပြီးတော့ အခုပဋိပက္ခတွေ ဖြစ်ပွားတဲ့ ကျောက်ဖြူဒေသဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းရဲ့ အဓိကနေရာလည်း ဖြစ်ပါတယ်။ ဒီစီမံကိန်းကိုလည်း ၂၀၁၃ မှာ လည်ပတ်နိုင်အောင် လုပ်ဆောင်နေချိန်မှာ ချိန်ကိုက်ပြီး ပဋိပက္ခတွေ ဖန်တီးခဲ့သလားဆိုတာလည်း စဉ်းစားစရာပါပဲ။
ကိုအောင်ဇော်ရေ ဒါကို တိုက်ဆိုင်မှုတွေလို့ပဲ မြင်သလားဘယ်လိုမျိုး မြင်ပါသလဲ။ ကျွန်တော်ကတော့ ဒါတွေဟာတိုက်ဆိုင်မှုလို့မထင်ပါဘူး။ တကယ်လို့ အဲဒီ့ အကြမ်းဖက်မှုတွေကို အစွန်းရောက် မူဆလင် အုပ်စုတစ်စုကနေ လုပ်နေပြီးတော့ ဖိလစ်ပိုင် တုန်းကလိုမျိုး အကြွင်းမဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် တောင်းဆို မလို့လား။ မြန်မာနိုင်ငံသား အများစုဟာ ဘင်္ဂါလီတွေကို မြန်မာ့တိုင်းရင်းသား လူမျိုးအဖြစ် လက်မခံချင်ဘူးဆိုတာ မှန်ပေမယ့် နိုင်ငံသားအဖြစ် (လုံးဝ) လက်မခံနိုင်တာတော့ မဟုတ်ပါဘူး။ မြန်မာဘာသာစကားနဲ့ စာပေကို ကျွမ်းကျင်ပြီး တရားဝင် နိုင်ငံသားအဖြစ် မှတ်ပုံတင်ထားတဲ့ သူတွေကိုတော့ နိုင်ငံသားပေးသင့်တယ်လို့ ထင်ပါတယ်။ ဒါ့အပြင် ဆယ်စုနှစ်ပေါင်းများစွာ မြန်မာနိုင်ငံတွင်းမှာ နေလာတဲ့ သူတွေကိုလည်း မြန်မာစာပေ ကျွမ်းကျင်မှုရှိရင် ဧည့်နိုင်ငံသားအဖြစ် အသိအမှတ် ပြုနိုင်ပါတယ်။ လူမျိုးစုတွေဟာ အတူတကွ ယှဉ်တွဲနေထိုင်လို့ရပါတယ်။ အရင်လည်း နေခဲ့ကြဖူးပါတယ်။ ဒါကို ဘယ်သူတွေ ဖျက်ခဲ့ကြတာလဲ။
အလေးအနက်ထားဖို့ လိုတဲ့ အချက် နောက်တစ်ချက်ရှိပါသေးတယ်။ ဘင်္ဂါလီတွေကို ဒုက္ခသည် စခန်းတွေနဲ့ ထားတာ မကောင်းပါဘူး။ ဒုက္ခသည် စခန်းတွေကနေ အစွန်းရောက်တွေ ပေါက်ဖွားတာမျိုး မလိုချင်ပါဘူး။ လက်ရှိ မြန်မာပြည်တွင်းကို ရောက်နေတဲ့ ဘင်္ဂါလီတွေကို သူတို့ရဲ့ မူရင်းနိုင်ငံ ဒါမှမဟုတ် တတိယနိုင်ငံ တစ်ခုခုကို ပို့ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီတွေကို ခွဲခြားပြီး ထားလိုက်မယ်ဆိုရင် နောက်ပိုင်း ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ လုပ်ဆောင်လာတဲ့ အချိန်မှာ ပဋိပက္ခတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ သူတို့တွေ အနေနဲ့ မဲပေးပိုင်ခွင့် လွှတ်တော် ထဲဝင်ရောက်ခွင့်တို့ တောင်းဆိုလာနိုင်ပါတယ်။ (ဧည့်နိုင်ငံသားတွေ အနေနဲ့ ဒီလုပ်ပိုင်ခွင့်တွေ မရှိပါဘူး။) ဒါ့ကြောင့် သူတို့ကို ဒေသခံ တိုင်းရင်းသားတွေနဲ့ အတူတူ ယှဉ်တွဲ နေထိုင်နိုင်အောင် ကြိုးစားရပါမယ်။ ရခိုင်ဒေသမှာ စီပွားရေးနဲ့ ပညာရေးကဏ္ဍကိုလည်း ဖွံ့ဖြိုးအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒေသတစ်ခုဟာ ဖွံ့ဖြိုးလာပြီး ဒေသခံတွေ အသိဉာဏ် ကြွယ်ဝလာပြီဆိုရင် ဒီလိုမျိုး ပဋိပက္ခတွေလည်း အဖြစ်နည်းလာနိုင်ပါတယ်။ ဒါပေမယ့် မဲပေးဖို့တော့ မျိုးဆက် ၂ဆက်ထက်မနည်း စောင့်ရပါမယ်။ ဒါ့အပြင် ဘင်္ဂါလီ ဝန်ထုပ် ဝန်ပိုးကို ရခိုင်ဒေသ၊ ရခိုင်လူမျိုး တွေချည်းပဲ ထမ်းဖို့ဆိုတာ မဖြစ်သင့်ပါဘူး။ နိုင်ငံသား မှတ်ပုံတင် စီစစ်ပြီး နိုင်ငံသား စစ်မှန်ရင် နိုင်ငံသားတွေ နည်းတူ အခွင့်အရေး ပေးရမှာပဲပေါ့။ တစ်နိုင်ငံလုံးမှာ လှည့်လည် သွားလာခွင့်လည်း ပေးရပါမယ်။

ခေါင်းဆောင်တွေ အနေနဲ့ အမြင်မတူတဲ့သူတွေဆီက မှန်ကန်ကောင်းမွန်တဲ့ အကြံဉာဏ်တွေ ရယူဖို့ လိုပါတယ်။ သမိုင်း မှာလည်း အဲဒီ့လို မလုပ်ခဲ့မိလို့ ထိခိုက်တာတွေ ရှိခဲ့ပါတယ်။ ဇွန်လအတွင်း ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ဘင်္ဂါလီ လူများစု ရှိတဲ့ နေရာတွေမှာ ဖြစ်ခဲ့တာပါ။ ယခု နောက်တစ်ကြိမ်မှာ ဘာဖြစ်လို့ ဘင်္ဂါလီ လူနည်းစု နေရာတွေမှာ ဘင်္ဂါလီတွေဖက်က စခဲ့သလဲဆိုတာ စဉ်းစား စရာပါ။ သူတို့ကို ရခိုင်တွေကနေ နှိပ်စက်နေတယ်လို့ ရှုမြင်စေချင်လို့လား။ ဒီလိုအချိန်မျိုးမှာ ရခိုင် တိုင်းရင်းသားတွေ အနေနဲ့လည်း ဒေါသတွေကို ထိန်းဖို့လိုပါတယ်။ ရိုဟင်ဂျာဆိုတာ ပေါ်လာတာ မကြာသေးပါဘူး။ အခုတော့ အဲဒီ့ လူမျိုးစုကို အကြောင်းပြပြီး တောင်းဆိုနေတာဟာ ဖိလစ်ပိုင်မှာ အစွန်းရောက်တွေရဲ့ အုပ်ချုပ်မှု တောင်းဆိုပုံနဲ့ ဆင်တူနေပါတယ်။ လုံးဝ လက်မခံနိုင်ပါဘူး။ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာမရှိပါဘူး။ မြန်မာ့သမိုင်းမှာလည်း မရှိခဲ့ပါဘူး။ဒီအဖြစ်အပျက်တွေဟာ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ၊ နိုင်ငံ ပထဝီဝင် အနေအထားတွေနဲ့ နိုင်ငံရေး အသွင်အပြင်တွေကို မီးမောင်း ထိုးပြလိုက်တာပါပဲ.....


ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေဟာ အမျိုးသားရေး ပြဿနာ၊ ပြည်တွင်းရေး ကိစ္စသာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ တင်ပြပြီး ဖြေရှင်းရမယ့် နိုင်ငံတကာ အရေးကိစ္စမျိုး မဟုတ်ပါဘူး။ ဒီပြဿနာတွေကို ဒေသတွင်းမှာသာ ဖြေရှင်းဖို့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဦးစားပေး လုပ်ဆောင်ဖို့ လိုပါလိမ့်မယ်။ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေချင်ရင်တော့ ကျောက်ဖြူ ပိုက်လိုင်း ကိစ္စလိုမျိုး စီမံကိန်းတွေ ဖော်ဆောင်ဖို့ လိုပါတယ်။ တရုတ်ရဲ့ စီးပွားရေး လက်ဝါးကြီး အုပ်မှုကိုလည်း မခံရအောင် ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုလည်း နည်းပါးအောင် လုပ်ကိုင်ဖို့တော့ လိုပါတယ်။ ဒီလို စီမံကိန်းတွေကနေ ဒေသခံတွေ အတွက် အကျိုးအမြတ်တွေ ရရှိအောင် ဖန်တီးရပါလိမ့်မယ်။
ကျနော့် အနေနဲ့ပြောရရင်တော့ ခေါင်းဆောင်တွေ အနေနဲ့ အမြင်မတူတဲ့သူတွေဆီက မှန်ကန်ကောင်းမွန်တဲ့ အကြံဉာဏ်တွေ ရယူဖို့ လိုပါတယ်။ သမိုင်း မှာလည်း အဲဒီ့လို မလုပ်ခဲ့မိလို့ ထိခိုက်တာတွေ ရှိခဲ့ပါတယ်။ ဇွန်လအတွင်း ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ဘင်္ဂါလီ လူများစု ရှိတဲ့ နေရာတွေမှာ ဖြစ်ခဲ့တာပါ။ ယခု နောက်တစ်ကြိမ်မှာ ဘာဖြစ်လို့ ဘင်္ဂါလီ လူနည်းစု နေရာတွေမှာ ဘင်္ဂါလီတွေဖက်က စခဲ့သလဲဆိုတာ စဉ်းစား စရာပါ။ သူတို့ကို ရခိုင်တွေကနေ နှိပ်စက်နေတယ်လို့ ရှုမြင်စေချင်လို့လား။ ဒီလိုအချိန်မျိုးမှာ ရခိုင် တိုင်းရင်းသားတွေ အနေနဲ့လည်း ဒေါသတွေကို ထိန်းဖို့လိုပါတယ်။ ရိုဟင်ဂျာဆိုတာ ပေါ်လာတာ မကြာသေးပါဘူး။ အခုတော့ အဲဒီ့ လူမျိုးစုကို အကြောင်းပြပြီး တောင်းဆိုနေတာဟာ ဖိလစ်ပိုင်မှာ အစွန်းရောက်တွေရဲ့ အုပ်ချုပ်မှု တောင်းဆိုပုံနဲ့ ဆင်တူနေပါတယ်။ လုံးဝ လက်မခံနိုင်ပါဘူး။ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာမရှိပါဘူး။ မြန်မာ့သမိုင်းမှာလည်း မရှိခဲ့ပါဘူး။
ဒီအဖြစ်အပျက်တွေဟာ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ၊ နိုင်ငံ ပထဝီဝင် အနေအထားတွေနဲ့ နိုင်ငံရေး အသွင်အပြင်တွေကို မီးမောင်း ထိုးပြလိုက်တာပါပဲ။ ဒါ့အပြင် အနောက်နိုင်ငံတွေရဲ့ ရပ်တည်ချက်ကိုလည်း သံသယ ဝင်စရာ ရှိပါတယ်။ သူတို့နဲ့ အစွန်းရောက် မူဆလင်တွေ ကြားမှာ ရှိနေတဲ့ ပြဿနာတွေကို အရှေ့တိုင်းဖက် အာရုံ လွှဲတာ မဟုတ်ဘူးလို့ ပြောနိုင်သလား။ အဲဒီ့လိုမျိုး စိတ်ကူးတွေ ရှိနေရင် ဘယ်လို လုပ်မလဲ။ တချိန်တုန်းကလည်း ဘီဘီစီက ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာ ဒေသလို့ ဖော်ပြခဲ့ဖူးသေးတယ်။ ဒီတော့ အစိုးရကိုပဲ အပြစ်ပုံချနေလို့လည်း မဖြစ်သေးပါဘူး။ မြင်ကွင်းနောက်ကွယ်မှာ ရှိနေတဲ့ အကြံဉာဏ်တွေကိုလည်း ထည့်စဉ်းစားရပါမယ်။ တိုင်းရင်းသားတွေအနေနဲ့လည်း အပေါ်ယံရှုမြင်နေလို့ မဖြစ်တော့ပါဘူး။ လေးလေးနက်နက်နဲ့ စဉ်းစားသင့်ပါတယ်။
ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ ဒေါ်အောင်ဆန်းစုကြည် ထောက်ပြခဲ့သလိုမျိုး အုပ်ချုပ်မှု ညံ့ဖျင်းတာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ကျွန်တော်မြင်တာကတော့ တရားဥပဒေစိုးမိုးရေးကိစ္စတစ်ခုတည်းကြောင့် မဟုတ်သလို၊ လက်ရှိကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲတွေ၊ ကျွန်တော်တို့နိုင်ငံရဲ့ ပထ၀ီနိုင်ငံရေး နဲ့ လက်ရှိနိုင်ငံရဲ့ အခြေနေတွေကိုပါ ထည့်သွင်းစဉ်းစားကြရမှာပါ။
ကိုအောင်ဇော်ရေ တကယ်တော့ ဒီပြဿနာဟာ သာမန် အုပ်ချုပ်မှုဆိုင်ရာနဲ့ နိုင်ငံရေး အကျပ်အတည်းလည်း မဟုတ်ဘူးလို့ ယူဆမိပါတယ်။ ဒီကိစ္စကို အစိုးရချည်းသက်သက် ဖြေရှင်းလို့ မရနိုင်ပါဘူး။ အတိုက်အခံတွေ အနေနဲ့လည်း နောက်ကွယ်က ကြိုးကိုင်နေတဲ့ လက်တွေကို မြင်နေရပါမယ်။ပြည်ထောင်စုစစ်စစ်ကိုလိုလားတဲ့ တိုင်းရင်းသားလူမျိုးစုနွယ်တွေအားလုံး ၀ိုင်းဝန်းဖြေရှင်းကြဖို့လိုပါတယ်။ မြန်မာနိုင်ငံဟာ အမေရိကန်၊ တရုတ်၊ အစွန်းရောက် ဘာသာရေးသမား အဲဒီ့လိုလူတွေ လက်ထဲကို ကျရောက်သွားလို့ မဖြစ်ပါဘူး။ ဒီအချက်ကို ဧရာဝတီ အနေနဲ့ လစ်လျူရှုထားတာလား။ ထည့်စဉ်းစားဖို့ပဲ မေ့နေခဲ့တာလား။ ဒါမှမဟုတ် နိုင်ငံတကာ သတင်းဌာနတွေရဲ့ ရေးသားမှုတွေကြားမှာ မလွန်ဆန်နိုင်တာလား။

(ယခုရေးသားသူမှာ အသက် ၁၈နှစ်သာ ရှိသေးသော EMG ၏ လူငယ် အယ်ဒီတာ တစ်ဦးဖြစ်ပါသည်။ ၎င်း၏ အင်္ဂလိပ် ဘာသာဖြင့် ရေးသားချက်ကို ANN တွင်လည်း ဆက်လက်ဖော်ပြသွားပါမည်။ ၎င်း၏ ရေးသားချက်သည် EMG ၏ အာဘော်လည်း ဖြစ်ပါသည်။) 
Eleven Media Group

No comments:

Post a Comment