Thursday, November 22, 2012

လောင်စာဆီ မှောင်ခို အကြီးအကျယ် တင်သွင်းခဲ့


https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-prn1/533775_352504064844758_276078042_n.png

ပရွှေသံလွင် အပါအ၀င် ကုမ္ပဏီကြီးတချို့ဟာ အကောက်ခွန် အနည်း ငယ်လောက်ပဲ ဆောင်ပြီး လောင်စာဆီ မှောင်ခိုတင်သွင်းမှုတွေ အကြီးအကျယ် လုပ်နေလို့ နိုင်ငံအတွက် ၁ နှစ် အခွန် ကျပ်ငွေ ၆၀ ဘီလီ
ယံလောက် နစ်နာနေကြောင်း ရန်ကုန်တိုင်း လှိုင်မြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဒေါက်တာဝင်းမြင့်က ပြောပါတယ်။
နိုဝင်ဘာ ၂၁ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ “တရားမ၀င် ကုန်စည်များ ၀င်ရောက်နေမှုအား ပြည်ထောင်စုအဆင့် ကော်မတီတရပ်ဖွဲ့စည်းပြီး ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးပါရန်” အဆို တင်သွင်းစဉ် သူက စာရင်းဇယားတွေနဲ့တကွ တိတိကျကျ ပြောလိုက်တာပါ။

ဆီတင်သွင်းနေတဲ့ ရွှေသံလွင်၊ ကံလင်းသူ၊ ရာဇာမင်း၊ မြေပြန့်သားနဲ့ မြန်မာ့စည်းစိမ် ကုမ္ပဏီတွေဟာ တန်ချိန် ၁၅၀၀ ကနေ ၂၀၀၀ လောက်အထိ ဆန့်တဲ့ သင်္ဘောတွေကို သုံးပြီး ဒီဇယ်ဆီတွေ အခေါက်ပေါင်းများစွာ တင်သွင်းနေကြောင်း၊ ဒါပေမယ့် အကောက်ခွန်မှာတော့ တန် ၅၀ ကနေ ၃၀၀ အကြား၊ တကယ်တင်တဲ့ ဆီပမာဏရဲ့ ၁၀ ကနေ ၂၀ ရာခိုင်နှုန်းလောက်ပဲ အခွန်ဆောင်ပြီး အများစုကို ခိုးသွင်းနေကြောင်း အချက်အလက် တိတိကျကျနဲ့ တင်ပြသွားတာ ဖြစ်ပါတယ်။

DVB TV News

No comments:

Post a Comment