Thursday, November 29, 2012

ဒေါ်အောင်ဆန်းစုကြည်သည်မီးလောင်ဗုံးဖြင့် ဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိသွားသော သံဃာတော်များနှင့် ရွာသူရွာသားများ ကို တွေ့ဆုံမည်

ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ အာရုဏ်တက်ချိန်တွင် လက်ပန်းတောင်းတောင် သပိတ်စခန်းများအား မီးလောင်ဗုံးဖြင့် ဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိသွားသော သံဃာတော်များနှင့် ရွာသူရွာသားများ ကို တွေ့ဆုံရန် မုံရွာပြည်သူ့ဆေးရုံသို့ သွားရောက်လျက်ရှိကြောင်း မုံရွာသို့ ရောက်ရှိနေသော The Voice Weekly သတင်းထောက်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာပြည်သူ့ဆေးရုံသို့ သွားရောက်ပြီးမှသာ ဟောပြောပွဲပြုလုပ်မည့် ကံတက်ကုန်းကျေးရွာသို့ သွားရောက်မည်ဖြစ်သည်။
from -thevoiceweekly

No comments:

Post a Comment