Monday, November 5, 2012

အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ သံအမတ်ကြီးများ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနှင့်အတူ ရခိုင်ပြည်နယ်သို့ သုံးရက်တာ သွားရောက်လေ့လာ


4mtt5

အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ သံအမတ်ကြီးများသည် နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနှင့်အတူ ရခိုင်ပြည်နယ်သို့ သုံးရက်တာ သွားရောက်လေ့လာခဲ့ကြောင်း သတင်းရှိရပါသည်။ယင်းသို့ လာရောက်လေ့လာရာတွင် ပဋိပက္ခဖြစ်ပွား ခဲ့သော ဒေသများအပြင် ဒေသခံတိုင်းရင်းသားများ၊ ဘင်္ဂါလီ
ဘာသာရေးခေါင်းဆောင်များ၊ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ခဲ့ကြောင်းလည်း သိရသည်။ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ကျောက်ဖြူ၊ မောင်တော အစရှိသောမြို့များသို့ သွားရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် နိုဝင်ဘာလ ၃ ရက်နေ့တွင် စစ်တွေမြို့ မြို့မိမြို့ဖများ၊ ဘင်္ဂါလီများ၊ အစိုးရအဖွဲ့များ နှင့် ရခိုင်ပြည်နယ် အစိုးရရုံးခန်းမတွင် တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။ ယင်းသို့ တွေ့ဆုံရာတွင် လက်နက်များအား သိမ်းဆည်းလိုက်ခြင်းသည် နှစ်ဖက်ခိုက်ရန်ဖြစ်ပွားမှု လျော့ကျလာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ တရားဥပဒေပြင်ပမှ ဆောင်ရွက်ခြင်းများ မပြုနိုင်တော့ကြောင်း၊ ထို့နောက် ရသင့်ရထိုက်သည့် အခွင့်အရေးများဖြစ်သည့် မှတ်ပုံတင်စစ်ဆေးခြင်းများကို စတင်သွားမည်ဖြစ်ကြောင်း၊ နှစ်ဘက်တောင်းဆိုထားသည့် အချက်များကိုလည်း သာစေ၊ နာစေ မထားဘဲ လိုအပ်သလို ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ရခိုင်ပြည်နယ်အတွင်း မူလအစတွင် ရခိုင်တိုင်းရင်းသားများသာ နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း နောက်ပိုင်းတွင် လာရောက်နေထိုင်သူများလည်း ရှိကြောင်း၊ သို့သော်လည်း ရခိုင်ပြည်နယ်၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် အေးချမ်းတည်ငြိမ်ရေးများနှင့် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင်ရမည်မှာ နံပါတ်တစ်ဖြစ်သည်ဟု ခံယူကြောင်း ဗိုလ်မှူးကြီးသိန်းဌေးက ပြောကြားခဲ့ပါသည်။
ယင်းနောက် နံနက် ၁၁ နာရီခွဲ ခန့်တွင် ပါတီများနှင့် သီးခြားတွေ့ဆုံ ခဲ့ကြောင်း သိရသည်။ ပါတီများနှင့် သီးခြားတွေ့ဆုံရာတွင် လက်ရှိဖြစ်ပျက်နေသော အကြောင်းအရာများအပေါ် ပါတီဝင်တို့၏ အမြင်များကို မေးမြန်းခဲ့ကြောင်းနှင့် သူတို့၏အမြင်များကိုလည်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။ တွေ့ဆုံပွဲအပြီး မေးခွန်းများမေးမြန်းခဲ့ရာတွင် ပြန်လည်ဆွေးနွေးအပြီး ရန်ကုန်တွင်သာ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန်သံအမတ်ကြီးက ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment