Wednesday, November 14, 2012

အာဏာပြ ရဲမှူးအား လူငယ်အဖွဲ့မှ လက်မှတ်ထိုးပြီး တိုင်တန်းမည်


အပတ်စဉ် စနေနေ့တိုင်း မင်းတပ် မြို့ပေါ် စည်ပင်သာယာရေးအတွက် သန့်ရှင်းရေး လုပ် အားပေးစေတနာ့ ၀န်ထမ်း ချိုး လူငယ်အဖွဲ့အား အာဏာပြ ဆက်ဆံသည့် မြို့နယ်ရဲမှူး ဦးသိန်းလွင် အား သက်ဆိုင်ရာသို့ တိုင်တန်းရန် ချိုးလူငယ် အ သင်းမှ လက်မှတ်လိုက်ကောက်နေ သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၀ ရက်နေ့ စနေနေ့ ၆ နာရီမှ မြို့ပေါ် သန့်ရှင်းရေးလုပ်အားပေးနေသည့် ချိုးလူငယ်အဖွဲ့အား မြို့ နယ်ရဲမှူး ဦးသိန်းလွင်က မနက်အစောကြီး ရှုပ်ရှုပ်ယှက်ယှက် လာမ လုပ်ကြနဲ့ ဟု ရိုင်းပျစွာဆက်ဆံခဲ့သည့် အပေါ် လူငယ် တွေက မကျေနပ်သဖြင့် ယခုကဲ့သို့ လက်မှတ် ထိုးပြီး တိုင်တန်းသွားကြမည်ဖြစ်သည်။
“ မြို့နယ်ရဲမှူးရဲ့ဆက်ဆံပုံကို မကျေနပ်လို့ လူငယ် ၁၇ ဦး စခန်းကို လိုက်သွားတယ်၊ ဒါပေမဲ့ ရဲစခန်းမှူးနဲ့ စာရေးကြီး တို့ကနေ တောင်းပန်လို့ ပြန်လှည့်ခဲ့ရတယ်၊ ဒါပေမဲ့ ရဲမှူးကို ဆုံးမပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးကို တိုင်မှာဖြစ်တယ်၊ အခု လက်မှတ်ထိုးတဲ့ လူငယ် ၁၂၉ ယောက်ရှိပြီ ” ဟု ချိုးလူငယ်ခေါင်းဆောင်တဦးက ပြောသည်။
မင်းတပ်မြို့အတွင်း သြဂုတ်လ ၁ ရက်နေ့က လူနာ ၅ ဦးအား ဓါးဖြင့် ခုတ်သတ်ရန် ကြံရွယ်သည့် တိုင်တန်းချက်ကို ရဲက အရေးမယူသည့် အပြင် လူရမ်းကားများအား လှို့ဝှက် ကူ ညီခဲ့သည်။
ဒေသခံမိဘပြည်သူတဦးကမူ “ ဒီမြေ၊ ဒီရေ၊ ဒီဒေသဟာ မြို့နယ်ရဲမှူးရဲ့ နယ်မြေမဟုတ်ဘူး၊ ကိုယ့်မြေ၊ ကိုယ့်ဒေသ အ တွက် စေတနာအပြည့်ရှိမှာလည်းမဟုတ်ဘူး၊ လူငယ်တွေလုပ်ရပ်ကို အားပေးတယ်” ဟု ပြောခဲ့သေးသည်။
ချင်းပြည်နယ်တောင်ပိုင်းမင်းတပ်မြို့ပေါ် အခြေစိုက် ချိုးလူငယ်အသင်းကို မြို့တော်စည်ပင် သာယာရေး၊ ဆိုးသွမ်း လူငယ် များပပျောက်ရေး၊ လူငယ်များ ပရဟိတစိတ်ဓါတ်မွေးရေး ရည်ရွယ် ချက်ဖြင့် ဖွဲ့စည်းထားသည်။

ခိုနှုမ်းထုန် - သတင်းဌာန

No comments:

Post a Comment