Sunday, November 25, 2012

တိုင်ကြားမှုမပြုရန် ပိတ်ပင်သည့် အသက် ၁၄ နှစ် အရွယ် တိုင်းရင်းသူ တစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးပမ်းမူ ရဲဌာနတွင် အမူဖွင့်


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် အပြစ်ကျူးလွန်သူများမှ တိုင်ကြားခြင်း မပြုလုပ်ရန် တားမြစ် ပိတ်ပင်ထားသော အသက် (၁၄) နှစ် အရွယ် တိုင်းရင်းသူ အမျိုးသမီးငယ် တစ်ဦး၏ အမူကို အမျိုးသမီးငယ်၏ မိဖများက ရဲစခန်းတွင် သွားရောက် တိုင်ကြား အမူဖွင့်ခဲ့သည်ဟု သိရသည်။ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ် မြောက် ပိုင်း ကျောင်းေ တာင်ကျေးရွာ အုပ်စု ဇမ္မဏီး ခမီးရွာတွင် နေထိုင်သည့်  ဦးသာကျော်နှ
င့် ဒေါ်ရွှေနုတို့၏ သမီး အသက် ၁၄ နှစ်အရွယ် မယိုင်နုအား မိခင် ဖြစ် သူနှင့် တောင်ယာ လုပ်ငန်းမှ ပြန်လာစဉ် ၀ါးခုတ်သမား ဘင်္ဂလီ ၅ ဦးမှ အတင်းအဓမ္မမှ ပြုကျင့်ရန် ကြံစည် ကြိုးပမ်းခဲ့ သည်ဟု သိရသည်။
မိခင်ဖြစ်သူ ဒေါ်ရွှေနုမှ သူ့၏ သမီးဖြစ်သူအား အတင်းအဓမ္မ ပြုကျင့်ရန် ကြံစည် ကြိုးပမ်းပုံကို ယခုလို ပြောသည်။
“ကျွန်မက မောလာတာနဲ့ ရွာကိုမရောက်ခင် ချောင်းခွဆုံမှာ ခဏနားကြပါတယ်။ ရွာက လက်ယာ ဘက်ချောင်း အတိုင်းသွားရမှာပါ။ ခဏနားတုန်း သမီးကို လက်ဝဲဘက် ချောင်းကောက်မှာ သဗြုသီး ခူးဖို့ ခိုင်းလိုက်ပါတယ်။ သွားရမယ့် နေရာက နားတဲ့နေရာနဲ့ မလှမ်းမကမ်းမှာပါ။ သမီးထွက်သွားပြီး ခဏနေတော့ ဝါးခုတ်တဲ့ မွတ်ဆလင် ငါးယောက် လက်ဝဲဘက်ချောင်းကို တက်သွား တာ တွေ့လိုက်ပါတယ်။
သိပ်မကြာခင်ပဲ သမီးရှိတဲ့ ချောင်းကောက်ဘက်က သမီးအော်သံကြားရလို့ လိုက်သွားတော့ သမီး ထွက်ပြေးလာတာတွေ့ရပါတယ်၊ သမီးကိုမေးတဲ့အခါ ကုလားတွေ အတင်း ဆွဲခေါ်လို့ ထွက်ပြေး လာတာ လို့ ပြန်ပြောပါတယ်” ဟု ရှင်းပြသည်။
မယိုင်နု သဗြုသီးခူးနေတုန်း  တစ်ယောက်က လက်ကိုဆွဲ ထားကြောင်း၊  နောက်တစ်ယောက် က ကျောဘက်ကနေ ဖက်ထားပြီး ပါးစပ်ကို အတင်းပိတ်ရန်  ကြိုးစားကြောင်း၊ မယိုင်နု မှ  ကြောက်ပြီး အတင်း ရုန်းကန်ထွက်ရင်းမှ သူမ၏ မိခင်အား အော်ခေါ်ကြောင်း၊ မိခင် ဖြစ်သူ လိုက်လာသော အခါ  မယိုင်နုကို လွှတ်ပြီး ထွက်ပြေးသွားကြသည်ဟု ဆိုသည်။
ထိုသို့ဖြစ်ပျက်ခဲ့သည်ကို ရွာသို့ပြန်ရောက်သည့်အခါ ခီဇာအမည်ရှိသူ ဆွေမျိုး တစ်ဦးအား ပြောပြ ပြီး ပြဿနာ ဖြစ်ခဲ့သည့်  ၎င်းလက်ဝဲချောင်းကောက်နေ ရာသို့ ပြန်လိုက်သွားသည့်အခါ ၎င်းအနီး တွင် ဝါးခုတ် ဘင်္ဂလီများ ညအိပ်သည့် တဲတစ်ခုတွင် ၀ါးခုတ်သမား (၅) ဦးကိုတွေ့ရပြီး မယိုင်နု ကို မေးမြန်းသည့်အခါ ကျူးလွန်သည့် သူများကို မှတ်မိပြောပြကြောင်း၊ အတူပါသူ ခီဇာက ထိုသူများ ကို ဖမ်းဆီး ချုပ်နှောင်မည် ပြုသည့်အခါ မိခင် ဖြစ်သူ ဒေါ်ရွှေနုက သူတို့ အင်အားများသဖြင့်  အန္တရာယ်ဖြစ်နိုင်ကြောင်း၊  လူမှတ်မိရင် ရွာမှာ တိုင်ပြီးရှင်းမည်ဟု ပြောဆိုကာ ပြန်လာခဲ့ကြသည်ဟု ဆိုသည်။
ထိုသို့ အဓမ္မ ပြုကျင့်ရန် ကြိုးပမ်းကြံစည်မူကို ၎င်းနေ့ ညနေတွင်ပင် သူတို့နေထိုင် ရာ ကျေးရွာအုပ် စု ကျောင်းတောင်ရွာရှိ၊ စခန်း(၂၁) နစကသို့ သွားရောက် တိုင်ကြားခဲ့သည်။
စခန်းတာဝန်ခံ ဖြစ်သူက  ဖြစ်စဉ်များကို မေးမြန်းပြီး နောက်နေ့တွင် ပြန်လာရန် ပြောဆိုခဲ့သည်ဟု ဆိုသည်။ နောက်တနေ့ နိုဝင်္ဘာလ ၄ ရက်နေ့တွင် နစက တာဝန်ခံ ချိန်းဆိုသည့်အတိုင်း သွားရောက် ခဲ့ရာ နောက်ထပ် နှစ်သုံးရက်နေပြီးနောက် ပြန်လာရန် ထပ်မံချိန်းဆိုခဲ့သည်ဟု ဆိုသည်။
ထိုသို့ ချိန်းဆိုစဉ် နစကစခန်း တာဝန်ခံက  သူတို့ ညှိနှိုင်းပေးသည့် အတိုင်း လက်ခံမလား ဟု မေးကြောင်း၊  မိခင်ဒေါ်ရွှေနုက ဥပဒေအတိုင်း ရှင်းပေးမည်ဆိုရင် လိုက်နာ မည် ဖြစ်ကြောင်း ပြောကြားရာ  နစက တာဝန်ရှိသူက  ဒေါသထွက်ပြီး ခုံကို တုတ်ဖြင့် တစ်ချက် နှစ်ချက် ဒိုင်း၊ ဒိုင်းနှင့် ရိုက်လိုက်ပြီး ဒါဆိုရင် ထွက်သွားကြ ထွက်သွားကြ တိုင်ချင်ရာမှာ သွားတိုင်ဟု ပြောဆိုကာ အဆိုပါ မိသားစုအား  ပြန်ခိုင်း လိုက်သည်ဟု သိရသည်။
သို့အတွက် နောက်တစ်နေ့တွင် မယိုင်နုနှင့် ဖခင် ဖြစ်သူတို့သည် ရဲစခန်းသို့ တိုင်ကြားရန်ထွက်လာခဲ့ကြသည်ဟု ဆိုသည်။ လမ်းခရီး တင်းမေ ဘင်္ဂလီ မွတ်ဆလင် ရွာသို့ ရောက်သည့်အခါ တင်းမေ ရွာမှ အရပ်လူကြီးများက တားဆီး ထားကြပြီး၊ တိုင်ကြားခြင်းမပြုရန်နှင့် ကြေနပ်အောင် ရှင်းလင်းပေးပါမည်ဟု ပြောဆိုသည်ဟု ဆိုသည်။
မယိုင်နု နေထိုင်ရာ ခမီးရွာမှ လူကြီးများကလည်း “ ငါတို့မှာလည်း ငွေကြေး အင်အားမရှိ၊ ရဲစခန်းတိုင်ဖို့၊ တရားရုံးတိုင်ဖို့ ဆိုရင်လဲ ခဏ ခဏ သွားဖို့လာဖို့ မလွယ်ဘူး။ ပြေလည်အောင်ရှင်းလိုက်ကြ” ဟု ဝိုင်းပြောကြသည်ဟု ဆိုသည်။
မယိုင်နု ဖခင်ဖြစ်သူကလည်း မွတ်ဆလင် ရွာထဲတွင် ငြင်းဆန်နေလျှင် အန္တရာယ်ဖြစ်နိုင်သည်ဟု ယူဆ၍ ဖခင်ဖြစ်သူ ကြေအေးကြောင်း လက်မှတ် ရေးထိုးခဲ့ပြီး၊ မယိုင်နုသည်လည်း လက်ဗွေနှိပ်ခဲ့ရသည်ဟု ဆိုသည်။
ထိုသို့ ပြေအေးသည့် အတွက် တင်းမေ ကျေးရွာမှ  ပြစ်မူ ကျူးလွန်သူများမှ ငွေကျပ် ခုနစ်သောင်း ပေးခဲ့သည်ဟု ဆိုသည်။ အဆိုပါ လျှော်ကြေးငွေထဲမှ  သုံးသောင်းကျပ်ကို ရွာလူကြီး များက ယူထားလိုက်ပြီး မယိုင်နုကို ငွေလေးသောင်းကျပ် ပေးခဲ့သည်ဟု ဆိုသည်။
ထို့နောက် အခြေအနေကို စောင့်ကြည့်ပြီး ပြဿနာ မဖြစ်နိုင် လောက်သည့် အခြေအနေရောက်မှ သူတို့ရွာမှ တစ်ညအိပ် ခရီး ဖြစ်သော ဘူးသီးတောင် မြို့ပေါ်သို့ လာရောက်ပြီး ရဲစခန်းတွင် အမူဖွင့် တိုင်ကြားခဲ့ကြသည်ဟု သိရသည်။
အဆိုပါဖြစ်စဉ်ကို နိုဝင်္ဘာလ ၂၂ ရက်နေ့က ဘူးသီးတောင် မြို့မ ရဲစခန်းမှ အမှုအမှတ် ပ/၁၆၂(၃၄၅)ဖြင့် လက်ခံထားရှိပြီး ခထီးလှ ရဲစခန်းမှူးကို အမူ စစ်အရာရှိ အဖြစ် တာဝန်ပေးအပ် ထားကြောင်း သိရှိရပါသည်။
ပြစ်မှုကျူးလွန်သူများထဲတွင် ပါဝင်သူ ခေါင်းဆောင် (၂) ဦးမှာ  တင်းမေကျေးရွာနေ အဒူလာ(ဘ)ဘာဆေး နှင့် အာယုပ်(ဘ)ရှာအာလောင်တို့ ဖြစ်သည်ဟု ဆိုသည်။
မယိုင်နု မိခင်က တိုင်ကြားရသည့် အကြောင်းကို ယခုလို ပြောသည်။
“ ငွေကို လိုချင်လို့ မဟုတ်ဘူး၊ ကျွန်မသမီးက အငယ်ကလေးပဲ ရှိသေးတယ်။ အခုရွာမှာ ကျွန်မသမီးဟာ နာမည်ပျက် ဖြစ်သွားလို့ ရိုးရာ ထုံးစံအရ ရွာကို ဝင်ခွင့် မရရှိတော့ဘူး။ ရွာဝင်ခွင့်   ရဖို့အတွက် ရွာကို တောင်းပန်ဖို့  ပွဲတစ်ခု လုပ်ပေးခဲ့ ရတယ်။ အခု အနည်းဆုံး လုပ်ပေးခဲ့ရတာတောင် ဝက်တစ်ကောင် သတ်ပြီး ကျွေးခဲ့ရပါတယ်။ အခု ဒီလို မတရား ခံရတာကို ကျေနပ်လိုက်ရင် နောက်ကိုလည်း နောက်တစ်ခေါက် ထပ်ပြီး လုပ်ကြဦးမယ်။ ကျွန်မသမီး မဟုတ်လည်း နောက်ထပ် အမျိုးသမီးတွေကို ဒီလိုမျိုး ထပ်လုပ်ကြဦးမယ် ဒါကြောင့် တိုင်ဖို့  လာတာပါ” ဟု မိခင်ဖြစ်သူ ဒေါ်ရွှေနုက ရှင်းပြသည်။
မယိုင်နုဖခင်  လက်ခံယူခဲ့သော ငွေလေးသောင်းကိုလည်း သက်သေခံ အဖြစ် ရဲစခန်းတွင် တင်ပြခဲ့သည်ဟု ဆိုသည်။
မယိုင်နုတို့ နေထိုင်ရာ ကျေးရွာပတ်ဝန်းကျင်တွင် ကျောင်းတောင်အုပ်စုနှင့် တင်းမေအုပ်စု ဆိုပြီး အိမ်ခြေ တစ်ထောင်ကျော်ရှိ မွတ်ဆလင် ကျေးရွာများ တည်ရှိပြီး တိုင်းရင်းသား ကျေးရွာများမှာ အိမ်ခြေ ၁၀ အိမ်အောက်တွင် သာရှိ၍ ပြန့်ကျဲ နေထိုင်ကြသည်ဟု သိရသည်။
နစက တာဝန်ခံမှ ပြစ်မူ ကျူးလွန်သူများအား တစ်စုံတစ်ရာ အရေးယူ ဖမ်းဆီးခြင်း မရှိခြင်းမှာ ပြစ်မူ ကျူးလွန်သူများထံမှ ငွေကြေး အမြောက်အမြား ရထား၍ ဖြစ်သည်ဟု ဆိုသည်။ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်ရှိ အများစု နစက အရာရှိများသည် ယခုကဲ့သို့ ပြဿနာများ ပေါ်ပေါက်တိုင်း ပြစ်မူ ကျူးလွန်သူများမှ ငွေကြေး အပါအ၀င် တန်စိုး လက်ဆောင်များ ယူကာ ကျေအေးခဲ့ကြလေ့ရှိသဖြင့် ပြစ်မူ ကျူးလွန်သူများ အနေဖြင့် တရားဥပဒေစိုးမူကို အလေးမထားတော့ဘဲ ပြစ်မူများကို ထပ်ခါ ထပ်ခါ ကျူးလွန်နေကြသည်ဟု သိရသည်။

နိရဉ္စရာသတင်းဌာန

No comments:

Post a Comment