Thursday, November 15, 2012

တောင်ကြီးတန်ဆောင်တိုင်၌ ဗိုလ်ချုပ်ပုံပါ ဒီခေတ်မီးပုံး လွှတ်တင်မည်


http://www.myitmakhamediagroup.com/administratorpanel/image/14-11-12-4.jpg

 ၂၀၁၂ခုနှစ် တောင်ကြီး တန်ဆောင်တိုင်၌ ယခင်နှစ်များနှင့် မတူပဲ မီးပုံးပျံအများအပြားလွှတ်တင်မည်ဖြစ်ပြီး ဗိုလ်ချုပ်ပုံမီးပုံးကြီးအား မြန်မာပြည်မြေပုံနှင့် ခွပ်ဒေါင်းပုံပါများ ထည့်သွင်း လွှတ်တင် မည်ဖြစ်ကြောင်း တောင်ကြီးမီးပုံးပျံလွှတ်တ င်ရေး ကော်မတီဝင်များထံက သိရှိရသည်။

 
 
ဗိုလ်ချုပ်ပုံ ညမီးကျည်းမီးပုံးအား  ကျပ်(၃၅)သိန်း အကုန်အကျခံ၍ပြုလုပ်ခြင်းဖြစ်ပြီး  တန်ဆောင်တိုင် ဖွင့်ပွဲနေ့(၂၂)ရက်နေ့ည၌ ဒီချုပ်ပါတီမှဒီခေတ်နာမည်ဖြင့် လွှတ်တင်ခြင်းဖြစ်ကြောင်း သိရသည်။
 
 
ဒီနှစ် မီးပုံကတော့ အရင်နှစ်နဲ့ မတူအောင် လုပ်ထားပါ တယ်၊ တောင်ကြီးမှာလည်း ကျွန်တော်တို့ တစ်လုံးပဲ ထူးခြားမှာပါ၊ ဗိုလ်ချုပ်ကိုလည်း ချစ်လို့ပါ၊ နောက် မြန်မာနိုင်ငံမြေပုံကို ရွှေရောင်နဲ့ လုပ်ထားပါတယ်၊ မီးပုံးတစ်ခု ထဲမှာ ဗိုလ်ချုပ်ပုံ၊ ခွပ်ဒေါင်းပုံ၊ မြန်မာနိုင်ငံ မြေပုံအားလုံးပါအောင် လုပ်ထားပါတယ်ဟု တောင်ကြီးNLD ပါတီမှ  ကိုသိန်းဝင်းထွန်းက ပြောသည်။
 
 
ယခုနှစ်တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲကိုလည်း ယခင်နှစ်များထက် သာလွန်အောင် ပြုလုပ်ထားသည်ဟု ယခုနှစ်တွင် အရုပ်လွှတ်တင်မည့် ဒေသခံ ကိုမင်းသူက ဆိုသည်။
 
 
တောင်ကြီးမီးပုံပျံပွဲသည် ၂၀၁၁ခုနှစ်က ညမီးကျည်း(၇၄)လုံးသာ လွှတ်တင်ခဲ့သော်လည်း ယခုနှစ်တွင် (၈၆)လုံး လွှတ်တင်မည်ဖြစ်ပြီး၊ စိန်နပန်မီးပုံးမှာ ယမန်နှစ်က(၃၀)သာ လွှတ်တင်ခဲ့သော်လည်း ယခုနှစ်တွင် (၃၆)လုံး လွှတ်တင်မည်ဖြစ်ပြီး၊ နေ့ခင်းဘက်၌ ယခုနှစ်တွင် အရုပ်(၃၀၀)ကျော် လွှတ်တင်မည် ဖြစ်ကြောင်း သိရသည်။
 
 
နိုဝင်ဘာ(၂၁)ရက်နေ့၌  တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံဖွင့်ပွဲ ပြုလုပ်မည်ဖြစ်ပြီး ဖွင့်ပွဲနေ့တွင် မီးပုံးပျံ စုစုပေါင်း(၁၇)လုံး လွှတ်တင်မည်ဖြစ်ကြောင်းနှင့် နိုဝင်ဘာ(၂၈)ရက်နေ့၌ ပိတ်သိမ်းမည် ဖြစ်ကြောင်း သိရ သည်။
 
 
ဒီနှစ်ကတော့ တစ်ညလုံး လွှတ်တင်ရလောက်တယ်၊အခုကို မီးပုံးတွေက တော်တော်များနေပြီ၊ နောက်ပြီး ဒီနှစ်က နိုင်ငံကလည်း ပွင့်လင်းလာတော့ လူငယ်တွေက တော်တော်လေးစိတ်ပါပြီး လုပ်နေကြတယ် ဟု တောင်ကြီးမီးပုံးပျံကျင်းပရေးကော်မတီ ဦးကျော်မြင့်က ပြောသည်။
 
 
ယခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် ပထမဆုအဖြစ် ကျပ်သိန်း(၄၀)၊ ဒုတိယဆု ကျပ် သိန်း(၃၀)၊ တတိယဆု ကျပ်သိန်း(၂၅)နှင့် နှစ်သိမ့်ဆု ကျပ်(၅)သိန်းစီ အသီးသီး ဆုချီးမြင့်မည်ကြောင်း သိရသည်။
 
 
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲအား ၁၉၅၈ခုနှစ်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်၂၀၁၂ခုနှစ်အထိ ဆိုပါက (၅၄)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်းနှင့် ၁၉၆၀ခုနှစ်ဝန်းကျင်က မီးပုံးပျံတစ်လုံးလျှင် ကျပ် (၁၂၀၀)သာ ကုန်ကျကြောင်း ဒေသခံအဘိုးအိုတစ်ဦးက ဆိုသည်။

မြစ်မခ
http://www.myitmakhamediagroup.com/administratorpanel/image/14-11-12-4.jpg 
http://www.myitmakhamediagroup.com/administratorpanel/image/14-11-12-4(2).jpg

No comments:

Post a Comment