Thursday, November 15, 2012

ရီးယဲမက်ဒရစ် လူငယ်အသင်းမှ နည်းပြအဖွဲ့ဝင်များ မြန်မာနိုင်ငံသို့ ဘောလုံးပညာ လာရောက်ပို့ချမည်

ကမ္ဘာကျော် လာလီဂါထိပ်တန်း ကလပ်အသင်း တစ်သင်းဖြစ်သော ရီးယဲမက်ဒရစ် အသင်း၏ လူငယ် အသင်းမှ နည်းပြ အဖွဲ့ဝင်များသည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF ကို စပွန်ဆာပေးထား သည့် Digicel မှ ဆက်သွယ်ပေး မှုဖြင့် မြန်မာနိုင်ငံသို့ လာရောက် မည်ဖြစ်သည်။

နိုဝင်ဘာ ၁၆ ရက်မှ ၂၅ ရက် အထိ ရန်ကုန်မြို့တွင် နေထိုင်၍ မြန်မာလူငယ် ဘောလုံးသမားများ နှင့် နည်းပြများကို လေ့ကျင့်သင် ကြားပေးသွားမည် ဖြစ်ပြီး အဆိုပါ လူငယ်နည်းပြ အဖွဲ့တွင် မာတီနက်စ်၊ လူးဝစ်ဟာ နန်ဒက်စ်၊ ဟွမ်ပါဘလိုနှင့် ဒိုမင်ဂွက်တို့ ပါဝင် မည်ဖြစ်ကြောင်း သိရသည်။

မြန်မာလူငယ် ယူ-၁၆ နှင့် ယူ-၁၄ ကစားသမားများကို လေးရက်စီ သင်ကြားပေး သွားမည်ဖြစ်ပြီး ကျန်နှစ် ရက်တွင်မူ နည်းပြဆရာများကို သင်တန်းများ ပို့ချသွားမည် ဖြစ်သည်။

ရီးယဲမက်ဒရစ် လူငယ်နည်းပြအဖွဲ့ ဝင်များသည် ဧပြီလတွင် ဖိလစ်ပိုင် နိုင်ငံနှင့် ယခု နိုဝင်ဘာ လဆန်းပိုင်းတွင် ကမ္ဘောဒီးယား နိုင်ငံများသို့ သွားရောက် ပို့ချခဲ့ကြောင်း သိရသည်။
 
မ၀တီ

No comments:

Post a Comment