Thursday, November 1, 2012

ရခိုင်ပြည်နယ် ကျောက်နီမော်မှာ မူဆလင်ကျေးရွာကို ပြောင်းရွှေ့ပေးဖို့ တောင်းဆို



ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှာရှိတဲ့ ကျောက်နီမှော်ကျေးရွာအုပ်စု မှာ နေထိုင်တဲ့ မူဆလင်ဘာသာဝင်တွေကို နေရာပြောင်းရွှေ့ပေးဖို့ ဒေသခံ ရခိုင်လူမျိုး (၆၀၀၀) ကျော်က ကျောက်နီမှော် ရွာပတ်ပတ်လည်မှာ ဒီကနေ့ မနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ရာမှာ လူတစ်ဦးသေးဆုံးခဲ့ပြီး
ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။
ဆန္ဒပြတောင်းဆိုတဲ့ ရခိုင်လူမျိုးတချို့ ရှေ့တိုးလာတာကြောင့်  ကျောက်နီမှော်ကျေးရွာမှာ လုံခြုံရေး တာဝန်ယူထားတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်ပတ်ခတ်တားဆီးခဲ့တာကြောင့်  ရခိုင်အမျိုးသားတစ်ဦး သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဒေသခံ ရခိုင်တိုင်းရင်းသားတစ်ဦးက RFA ကို ပြောပါတယ်။
ရခိုင်တိုင်းရင်းသားတွေ အ၀ိုင်းခံထားရတဲ့  ကျောက်နီမှော်ကျေးရွာသား မွတ်ဆလင်ဘာသာဝင်တစ်ဦးက အခြေအနေကို အခုလို ပြောပါတယ်။
“မနက် ၆ နာရီက ရခိုင်လူမျိုးတွေက ကျွန်တော်တို့ကို လေးဖက်လေးလံ ၀ိုင်းထားတယ်။ ခုထိ လူစုခွဲလို့ မရသေးဘူး။ လူ ၆၀၀၀ ကျော် သူတို့စုနေတယ်လို့ ပြောတယ်။ ဥပဒေစိုးမိုးရေးအောက်မှာ ကျွန်တော်တို့ အေးအေးဆေးဆေး နေချင်တဲ့ သဘောရှိတယ်။”
ရမ်းဗြဲမြို့နယ်၊ ကျောက်နီမှော်ကျေးရွာအုပ်စုက မွတ်ဆလင်ဘာသာဝင်တွေကို တခြားနေရာတစ်ခုကို ပြောင်းရွေ့ပေးဖို့ ကျောက်နီမှော်ကျေးရွာအနီးမှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေက ဒေသဆိုင်ရာတာဝန်ရှိသူတွေနဲ့ နေထိုင်သူတွေကို မနေ့ကမနက်ပိုင်းကစလို့ တောင်းဆိုနေကြတာဖြစ်တယ်လို့ သိရပါတယ်။

RFA (မြန်မာပိုင်း)

No comments:

Post a Comment