Wednesday, November 21, 2012

အမေရိကန်သမ္မတက “မြန်မာ” ဟု စတင်ခေါ်ဝေါ်


https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-prn1/c118.0.403.403/p403x403/62252_372828726142000_1047192566_n.jpg


အမေရိကန်သမ္မတ ဘားရက်အိုဘားမားက သမိုင်းဝင်မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံကို “ဘားမား” ဟုခေါ်ဆိုရာမှ “မြန်မာ”ဟု စတင်ခေါ်ဝေါ် သုံးစွဲသွားခဲ့သည်။“မြန်မာနိုင်ငံမင်္ဂလာပါ”ဟု အိုဘားမားက ရန်ကုန်တက္ကသိုလ်တွင်ပြောကြားသော သမိုင်းဝင် မိန့်ခွန်းတွင် မြန်မာ
ဘာသာစကားဖြင့် နှုတ်ဆက်စဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ အိုဘားမားမှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ်တွင်လည်း “မြန်မာ” ဟု သုံးနှုန်းသွားခဲ့ပြီး မွန်းလွဲပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်မူ “ဘားမား” ဟု သုံးစွဲခဲ့သည်။

 ထို့ကြောင့် ခြောက်နာရီကြာ သမိုင်းဝင်ခရီးစဉ်တွင် အမည်နှစ်မျိုးစလုံး သုံးစွဲခဲ့ခြင်းဖြစ်သည်။ အမေရိကန် အစိုးရမှာ အိုဘားမားခရီးစဉ်မတိုင်ခင်အထိ နှစ်ကာလကြာရှည်စွာ “ဘားမား” ဟုသာ ခေါ်ဝေါ်သုံးစွဲခဲ့ သည်။
 
7Day News Journal

1 comment:

  1. ဘယ်သူတွေဘယ်လိုခေါ်ခေါ် ကျွန်တော်တို့ကတော့ မြန်မာ,MYANMARဘဲ

    ReplyDelete