Monday, November 5, 2012

ရိုဟင်ဂျာ ဆိုတဲ့ ဆိုတဲ့ နာမည်ကို ဘယ်သူ၊ ဘယ်ပါတီကစသုံးခဲ့တာလဲ


အခုလက်ရှိ ရခိုင်ပြည်နယ် အတွင်းမှာဖြစ်ပွားခဲ့ရတဲ့ ပြဿနာမှာ -ိုဟ-်-ျာ ဆိုတဲ့ တကယ်မရှိခဲ့ နာမည်ကို မြန်မာနိုင်ငံအတွင်းမှာနေထိုင်ကြ
တဲ့ ရခိုင် တိုင်းရင်းသားတွေ အကြား စတင် အသက်သွင်းမှုဟာ လည်း ပြဿနာဖြစ်ပွားခြင်းရဲ့  တစ်ပိုင်း တစ်စဟု Facebook သုံးစွဲသူရော၊ အပြင်လူထုကရော အစောပိုင်း ကာလကတည်း က တစ်ညီတစ်ညွတ် တည်းပြောဆိုခဲ့ပါတယ်။ အဲဒီနာမည်ကို
အခုပြဿနာဖြစ်ပြီးတဲ့နောက်ပိုင်းမှာ သေချာစီစစ် သုံးသပ်ပြီးတော့ အဲဒီနာမည်နဲ့ လူမျိုး လုံးဝ မရှိခဲ့ပါဘူးလို့ မြန်မာနိုင်ငံတော်ရဲ့ သမ္မတကြီးနဲ့ အခြားသက်ဆိုင်တဲ့ ၀န်ကြီးဌာနက အဆင့်ဆင့် ကတောင် ထုတ်ပြန်ကြေငြာခဲ့ ပြီး ဖြစ်ပါတယ်။ သို့ပေမယ့်လည်း အဲဒီနာမည် ကို နိုင်ငံခြားသတင်းဌာန အချို့နဲ့တစ်ချို့ ပါတီ၊ တွေမှာ ဖော်ပြနေ
ဆဲဖြစ်ပါသည်။ အခုနောက်ဆုံး Facebook ကြားထဲ ပျံနှံလာတဲ့ လက်ရှိမှာ နာမည်ကြီး ပါတီတစ်ခုရဲ့ အသင်းသားကဒ်မှာ လူမျိုးဘာသာ အမည်မှာ တကယ်မရှိခဲ့တဲ့ အဲဒီလူမျိုး အမည်ကိုဖော်ပြထားတာကို တွေ့ရပါတယ်။ ''လူမျိုးနဲ့ဘာသာဆိုတဲ့ နေရာမှာ လူတွေကလည်း ပါးစပ်ကပြောတဲ့ အတိုင်းရေးထည့်လိုက်ကြတာပဲ။ သေချာစိစစ်မှုမလုပ်ကြဘူး။ အထူးသဖြင့် ပါတီတွေ ကြားထဲမှာ ပိုဖြစ်ပေါ်လေ့ရှိတယ်။ အခွင့်အရေးတွေပေးမယ်။ မင်းတို့ ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ် စဖြင့်ပြောပြီး သူတို့အကြိုက်နဲ့လုပ်ပေးတယ်။ ဒါပေမယ့် တကယ့်ပြဿနာပေါ်လာတဲ့ အချိန်ကျတော့ ခေါင်းရှောင် ချင်ကြတယ်။ အဲဒါကျွန်တော်/ကျွန်မတို့ မသိပါဘူး ဆိုပြီး ခေါင်းလွှဲချင်ကြတယ်။ '' လို့ အသက်(၉၀)ကျော် လူကြီးတစ်ယောက်က ပြောကြားခဲ့ပါတယ်။ အခုအချိန်မှာ ဒီကဒ်ပေါ်ထွက်လာပြီး တဲ့နောက်ပိုင်းမှာ '''ရခိုင်အရေးမှာ အဲဒီပါတီအနေ နဲ့ ၀င်ရောက်ပြီး အင်တိုက်အားတိုက် မပါဝင်တာ အခုလိုမျိုး လွန်ခဲ့တဲ့အတိတ် ကာလမှာရော အခုအချိန်ထိရော အဲဒီအမည်ခံလူမျိုးတွေနဲ့ပတ်သက်လို့ မရှင်းတာတွေရှိခဲ့၊ ရှိနေဆဲဖြစ်လို့ အခုအချိန်မှာ အမှန်တရားဘက်က ရင်မဆိုင်ရဲဘဲ ရေငုံနှုတ်ဆိတ်နေတာလို့""လူထုအများစုက သုံးသပ်နေကြကြောင်းသိရှိရပါသည်။
မူရင်းဓာတ်ပုံ-Facebook မူးရင်း ဓာတ်ပုံဆရာ အမည် ကို မသိရှိရသဖြင့် Facebook ဟုသာသုံးစွဲထားပါသည်။ မူရင်းဓာတ်ပုံဆရာကို RSV ကျေးဇူးတင်ပါသည်။
(ယခုဖော်ပြပေးထားသော ပုံအား RSV မှ နည်းပညာသမားများမှ အတု/အစစ်သေချာစီစစ်ခွဲခြားသုံးသပ်ပြီးမှ ဓာတ်ပုံအစစ်သာဖြစ်ကြောင်း သုံးသပ်ချက်ပေးသဖြင့် ယခုကဲ့သို့တင်ပေးရခြင်းဖြစ်ပါသည်။ Photoshop ဖြင့် ပြုပြင်ဖန်တီးထားခြင်းတစ်စုံတစ်ရာမရှိပါ)
From -Rakhine Straight Views

1 comment:

  1. ရိုဟင်ဂျာ ဆိုတာ တိုင်းရင်းသား

    ReplyDelete