Friday, November 30, 2012

တာလီဘန်များ ရှုံးနိမ့် ရမည်ဟု မာလာလာ ပြောကြား

တာလီဘန်များ ရှုံးနိမ့် ရမည်ဟု မာလာလာ ပြောကြားပါကစ္စတန် နိုင်ငံမှ တာလီဘန် စစ်သွေးကြွ များ၏ ပစ်ခတ်ခြင်းကို ခံခဲ့ရသော အသက် ၁၅ နှစ်အရွယ် မာလာလာယူ ဆပ်ဖ်ဇာအီသည် ယခုအခါ ဗြိတိန် နိုင်ငံ အတွင်းရှိ ဆေးရုံ တစ်ရုံ၌ ပြန်လည် အားမွေးလျက် ရှိနေပြီး သူမအား ပစ်ခတ်ခဲ့သည့် တာလီဘန် စစ်သွေးကြွ များ သည် ရှုံးနိမ့်ရမည် ဖြစ်ကြောင်း သတင်းထောက် တစ်ဦးကို ပြောကြား ခဲ့သည်ဟု သိရသည်။


မာလာလာသည် အဲလီဇဘက် ဘုရင်မ ဆေးရုံတွင် ဆေးကုသလျက် ရှိနေပြီး သူမသည် သတင်းထောက် တစ်ဦး ဖြစ်သူ ဟားမဒ်ကို ပထမဆုံး အကြိမ် တယ်လီဖုန်း ခေါ်ဆို၍ ပြောကြားခဲ့ကြောင်း သိရသည်။

မာလာလာသည် အမျိုး သမီးများ ပညာ သင်ယူရေးကို တားမြစ်သော တာလီဘန် စစ်သွေးကြွ များအား ဆန့် ကျင်သည့် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ ဖြစ်လာခဲ့ပြီး သူမသည် အသက် ၁၁ နှစ် အရွယ် ၂ဝဝ၉ ခု နှစ်၌ တာလီဘန် စစ်သွေးကြွ တို့၏ လက်အောက် ၌ နေထိုင်ရသည့် ဘဝကို BBC သတင်းဌာန အတွက် ရေးသား ခဲ့ကြောင်း သိရသည်။

မာလာလာသည် ယခုအခါ အဆိုပါ ဆေးရုံ၌ ဆေးကုသမှု ခံယူလျက် ရှိပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန် လာပြီ ဖြစ်ကြောင်း သိရ သည်။
from -မြ၀တီ

No comments:

Post a Comment