Thursday, November 22, 2012

ပြည်ပ အကူအညီပေးတဲ့ အခါမှာ ပြည်သူရဲ့ အင်အားကို ဖြည့်ပေးမှာလား၊အစိုးရရဲ့ အင်အားကိုဖြည့်ပေးမှာလား လို့ ဒေါ်အောင်ဆန်းစုကြည် မေးခွန်းထုတ်

 

ဒေါ်အောင်ဆန်းစုကြည်နှင့် နယူးဇီလန် ၀န်ကြီးချုပ်တို့ တွေ့ဆုံမှု အပြီးတွင် မီဒီယာတွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က" မြန်မာနိုင်ငံကို ကူညီပေးမယ် လို့တော့ ပြောထားတာ ရှိပါတယ်။အဲဒီတော့ အန်တီ တို့ အနေနဲ့ ကပြောရရင် အကူအညီပေးတယ်ဆိုတာတော့ဟုတ်ပါတယ်ဒါပေမဲ့ပေးပုံပေးနည်းက ဘယ် လိုကူညီမှာလဲပေးပုံပေးနည်းက အရေးကြီးပါတယ်။ပြည်သူရဲ့ အင်အားကို ဖြည့်ပေးမှာ
လား၊အစိုးရရဲ့ အင်အားကိုဖြည့်ပေးမှာလား။
ဒါမျိုးတွေ ပေါ့အန်တီတို့ နိုင်ငံဟာ အာဏာရှင် စနစ်ရဲ့ အောက်မှာအကြာကြီးနေခဲ့ ရတာဆိုတော့ အစိုးရရဲ့အင်အားဟာ အင်မတန်မှ ကြီးနေတယ်။ဒါကိုထပ်ဖြည့်
ပေးမှာလား ၊လက်ရှိ ဒီမို ကရေစီစနစ် ကို အင်အားဖြည့်မှာလား ပြောဖြစ်ပါတယ် "ဟု ပေါ်ပြူလာနယူးစ်ဂျာနယ်၏
ကြားဖြတ်မေးမြန်းသော" ရှေ့လျောက်လားရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရေး
နှင့် နယူးဇီလန် နိုင်ငံ အနေဖြင့် အကူအညီပေးမည့် အခြေ အနေအားမေးမြန်းခဲ့ ရာ ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ပြန်လည် ဖြေကြားခဲ့သည်။ထို့ပြင် နယူးဇီလန်
ဝန်ကြီးချုပ်နှင့် လိုက်ပါလာသော ပြည်ပ မီဒီယာများမှ မေး ခွန်း ၆ ခု ကျော်ကို ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည် ဖြေကြားခဲ့ပြီး ၀န်ကြီးချုပ်မှ သစ်သီးလက်ဆောင်
နှင့် အမှတ်တရ ဆွဲပြားတစ်ခု ပေးအပ်ခဲ့ကြောင်းသိရသည်။ah
From -ပေါ်ပြူလာဂျာနယ်

No comments:

Post a Comment