Friday, November 16, 2012

အိုဘားမား မြန်မာပြည်လာတာ အလုပ်သဘောဆိုပါလား

ယနေ့ နိုဝင်ဘာလ ၁၆ ရက်စွဲနဲ့ မြန်မာနိုင်ငံ သမ္မတရုံးက သတင်းတခုကို သမ္မတရုံးအင်တာနက်စာမျက်နှာ မှာ ဖော်ပြထားပါတယ်။ သတင်းခေါင်း စဉ်ဖြစ်တဲ့ "အမေရိကန်ပြည်ထောင်စု သမ္မတ မစ္စတာ ဘာရက်အိုဘားမာ အလုပ်သဘောခရီး လာရောက်လည်ပတ်မည်" ဆိုတဲ့ ဖော်ပြချက်ဟာ နည်းနည်း ထူးဆန်းနေသလားလို့ပါ။ 


စာဖတ်သူများ အနေနဲ့ သေချာ ဖတ်ကြည့်ရင်တော့ နားလည်သွားလိမ့်မယ်လို့ အကောင်းဖက်က ယုံကြည်မျှော်လင့်ပါတယ်။ 

အပြည့်အစုံကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ 


အမေရိကန်ပြည်ထောင်စုသမ္မတ မစ္စတာ ဘာရက်အိုဘားမား အလုပ်သဘောခရီး လာရောက် လည်ပတ်မည် 

နပြည်တော် နိုဝင်ဘာ ၁၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ အမေရိကန်ပြည်ထောင်စု သမ္မတ မစ္စတာဘာရက်အိုဘားမားသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသို့ မကြာမီကာလအတွင်း အလုပ်သဘောခရီး လာရောက် လည်ပတ်မည် ဖြစ်ကြောင်း သိရှိရသည်။ 
 
ဧရာဝတီ - သတင်းဌာန


No comments:

Post a Comment