Sunday, November 11, 2012

အုတ်နံရံတွင် အံဝှက် ပြုလုပ် ထည့်ထားသည့် ဘိန်းဖြူများ တွေ့ရှိ

ရှမ်းပြည်နယ် (မြောက်ပိုင်း)လားရှိုးမြို့ ရပ်ကွက်(၅) နေအိမ်၌ နိုဝင်ဘာ ၇ ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ် ခန့်က ဘိန်းဖြူမှုန့်များ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လားရှိုး မူးယစ် (အထူး)မှ ဒုတိယ ရဲအုပ် စောခိုင်သည် သတင်းအရ သက်သေ များနှင့် အတူ ရပ်ကွက်(၅) နယ်မြေ(၁၃)ရှိ နန်းအေးရင်၏ နေအိမ်ကို ဝင်ရောက် ရှာဖွေရာ နန်းအေးရင်ကို နေအိမ်တွင် တွေ့ရပြီး ၎င်းနှင့် အတူ မူးယစ်ဆေးဝါး ဝယ်ယူရန် ရောက်ရှိနေသူ ဦးဆူးပေါက်နှင့် ဦးလောက်စွမ်း တို့အား တွေ့ရှိခဲ့ပြီး နေအိမ်ကို အသေးစိတ် ရှာဖွေရာ နေအိမ်၌ ကာရန်ထားသော အတွင်းဘက်မှ အုတ်စီ ထားသည့် နေရာတွင် အံဝှက် ပြုလုပ်ထားပြီး အနီရောင် ပလတ်စတစ် ဆပ်ပြာခွက်ဖြင့် ထည့်ထားသော ဘိန်းဖြူမှုန့် (၁၅)ဂရမ်ခန့် တစ်ခွက်၊ အပြာရောင် ပလတ်စတစ် ဆပ်ပြာခွက်ဖြင့် ထည့်ထားသော ဘိန်းဖြူမှုန့် (၁၅)ဂရမ် ခန့်ပါ တစ်ခွက် စုစုပေါင်း နှစ်ခွက် အလေးချိန် ၃ဝ ဂရမ်ခန့် (ကာလတန်ဖိုး ငွေကျပ် ၄၅ဝဝဝဝ)ကို တွေ့ရှိပြီး နေအိမ်နှင့် ကပ်လျက် နေထိုင်သူ မလောက်အယ်(ခ) မမြင့်ဦးက ရောင်းချရန် သိုဝှက် သိမ်းဆည်းခိုင်း ထားသော ပစ္စည်း ဖြစ်ကြောင်း သိရှိရ၍ မလောက်အယ်(ခ)မမြင့်ဦး၏ အိမ်ကို ဝင်ရောက် ရှာဖွေရာ မလောက်အယ်(ခ) မမြင့်ဦးမှာ ထွက်ပြေး သွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါး ရောင်းဝယ်၊ လက်ဝယ် တွေ့ရှိသူ နန်းအေးရင် ၂၁နှစ် (ဘ) ဦးအိုက်ဆာ ရှမ်း/ဗုဒ္ဓ လားရှိုးမြို့၊ ဦးဆူးပေါက်နှင့် ဦးလောက်စွမ်း တို့ကို လားရှိုးမြို့ အမှတ်(၁) ရဲစခန်းမှ မယ(ပ)၂ဝ၁၁/၂ဝ၁၂ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့် ဆောင်ရွက်ထား ကြောင်း သိရသည်။
From -မြ၀တီ

No comments:

Post a Comment