Wednesday, November 14, 2012

ကျောက်တော်မြို့ နယ်တောင်ဘွယ်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ကြိုးဆွဲချသတ်သေ



ကျောက်တော်မြို့နယ် ၊တောင်ဘွယ်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမောင်အေး တင် သည်နိုဝင်ဘာလ ၁၃ ရက်နေ့ ညဥ့်အာရုံ  တက်ချိန် ၁၄
ရက်နေ့နံနက်၎နာရီနှင့်၅နာရီကြားခန့်တွင် ရွာပြင်တောင်ခြေရှိ ရေတွင်းအနီး
သရက်ပင် တွင် ကြိုးဆွဲချကာ သေဆုံးခဲ့ရကြောင်းသိရသည်။


ဦးတင်မောင်အေး၏ အသက်မှာ ၅၀ ၀န်းကျင်ခန့်ရှိနေပြီဖြစ်ပြီး
သားတစ်ဦးနှင့် သမီးလေးဦးရှိကြောင်း သိရသည်။

သူသည် လွန်စွာစိတ်အေးသောလူဖြစ်ပြီး လူတစ်ချို့၏ ဖိအားပေးဆဲဆိုခြင်း၊
ပြစ်တင်ဝေဖန်ခြင်း၊ ခြိမ်းခြောက်ခြင်းများကြောင့်ထိုသို့ကိုယ့်ကိုကိုယ်
သတ်သေခြင်းဖြစ်ကြောင်းလည်းသိရသည်။

အမျိုးသမီးအမည်မှာ ဒေါ်မဲမကြီဖြစ်ပြီး အသက် ၄၀ ကျော်ခန့်ရှိနေပြီဖြစ်ကြောင်း၊
၂ နှစ်အရွယ်သား တစ်ယောက်နှင့်သမီးလေးယောက်ကျန်ရစ်ခဲ့ကြောင်းနှင့်
 သမီးအကြီးဆုံးမှာ၁၃ နှစ်ခန့်သာ ရှိသေးကြောင်းသိရသည်။

အလောင်းအား ယနေ့ နံနက် ဆယ်နာရီခန့်တွင် ကျောက်တော်ရဲစခန်းမှ
သယ်ဆောင်သွားကြောင်း၊ ဆေးရုံသို့ပို့ကာ စစ်ဆေးမှုများပြုလုပ်ရန်ဖြစ်ကြောင်း
လည်းသိရသည်။ အလောင်းအားရွာသို့သယ်ယူခွင့်ရမရကို မသိရသေးကြောင်း
လည်းသိရသည်။

္ပ္ဏ္မဤကိစ္စနှင့်ပတ်သက်ပြီး ဦးအေးမောင်တင် အား စိတ်ဆင်းရဲအောင် ဖိအားပေး
သူများကို ဖော်ထုတ်စစ်ဆေး အရေးယူသင့်ကြောင်းနှင့် ဖိအားပေး ခိုင်းစေခြင်းများ၊
 ခြိမ်းခြောက်ခြင်းများအပေါ် ထိုက်သင့်သောအပြစ်ဒဏ်များ ပေးသင့်ကြောင်းလည်း ရွာသားများက ပြောဆိုကြပါသည်။



Rakhine Straight Views

No comments:

Post a Comment