Friday, November 2, 2012

ဂျပန်နှင့် အမေရိကန် ပူးပေါင်း စစ်ရေး လေ့ကျင့်မည် ဟုဆို


 


အရှေ့ တရုတ် ပင်လယ် အတွင်းရှိ ကျွန်း ကိစ္စနှင့် ပတ်သက်၍ တရုတ် နိုင်ငံနှင့် ဂျပန် နိုင်ငံတို့ အကြား အခြေအနေ တင်းမာ နေစဉ် ထပ်မံ၍ တရုတ် နိုင်ငံအား စိတ် မသက်မသာ ဖြစ်စေမှု အဖြစ် အမေရိကန်နှင့် ဂျပန် တို့သည် နှစ်နိုင်ငံ ပူးတွဲ စစ်ရေး လေ့ကျင့်မှု
ကို နိုဝင်ဘာလတွင် ဂျပန် နိုင်ငံ၌ ပြုလုပ် သွားမည် ဖြစ် ကြောင်း သိရသည်။
အဆိုပါ စစ်ရေး လေ့ကျင့်မှုတွင် ဂျပန် နိုင်ငံမှ တပ်ဖွဲ့ဝင် ၃၇၄ဝဝ ခန့်နှင့် အမေရိကန် နိုင်ငံမှ တပ်ဖွဲ့ဝင် ၁ဝဝဝဝ ခန့်တို့ ပူးပေါင်း ပါဝင်ပြီး နိုဝင်ဘာ ၅ ရက်မှ ၁၆ ရက် အထိ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း ဂျပန် ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

အမေရိကန်နှင့် ဂျပန် နိုင်ငံတို့ ပူးတွဲ စစ်ရေး လေ့ကျင့်မှုနှင့် ပတ်သက်ပြီး တရုတ် နိုင်ငံအား မေးမြန်း ရာတွင် တရုတ် နိုင်ငံက ဂျပန် နိုင်ငံ၏ စစ်ရေး လေ့ကျင့်မှု များကို အလေးထား သတိပြု လုပ်ဆောင် သွားမည် ဖြစ်ကြောင်းဖြင့် တရုတ် ကာကွယ်ရေး ဝန်ကြီး ဌာနမှ ပြောရေး ဆိုခွင့် ရှိသူ ယန်ယူဂျန်က ပြောကြားသည်။ 
 
မြ၀တီ

No comments:

Post a Comment