မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မိုဘိုင်းအင်တာနက်အသုံးပြုရာတွင် ကောက်ခံသည့်
အင်တာနက်အသုံး ပြုခကို မိနစ်နှင့် ကောက်ခံမည့်အစား ဒေတာပမာဏဖြင့် ကောက်ခံခြင်း
ကို နိုဝင်ဘာလတွင် စတင်ကာပြောင်းလဲ ကောက်ခံနိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ဆက်
သွယ်ရေး လုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက မြန်မာတိုင်း(မ်)ကို ပြောကြားသည်။

လက်ရှိအချိန်တွင် အင်တာနက် အသုံးပြုခအနေဖြင့် ဂျီအက်စ်အမ်ဖုန်း များကို တစ်မိနစ်လျှင်
နှစ်ကျပ် ကောက်ခံခဲ့ပြီး WCDMA နှင့် CDMA 800 MHz ဖုန်းများတွင် တစ်မိနစ်လျှင် လေး
ကျပ်ကောက်ခံနေသည်။

"နိုဝင်ဘာလထဲမှာ Volume ဆွဲတဲ့ ပေါ်မှာ မူတည်ပြီး ကောက်ခံသွား မှာပါ။ Download
Volume Rate နဲ့ ကောက်ခံဖို့ စီစဉ်နေပါတယ်။ 1MByte အောက်ဆိုရင် ဈေးတစ်မျိုး၊ 100
MByte ဆိုရင် ဈေးတစ်မျိုးနဲ့ ကောက်ခံမှာပါ။ အခုထိတော့ ဈေးနှုန်းက ညှိနှိုင်းနေဆဲ ပါ"ဟု
ဦးဌေးဝင်းက ပြောသည်။

နိုင်ငံတကာတွင်လည်း Volume နှင့် ပင် ကောက်ခံလျက်ရှိပြီး နိုင်ငံတကာ ဈေးနှုန်းများနှင့်
ညှိနှိုင်းပြီး ကောက် ခံသွားမည်ဖြစ်ကြောင်း ၎င်းက ပြော သည်။

မိုဘိုင်းအင်တာနက်များကို အသုံးပြုခ ပြောင်းလဲကောက်ခံပြီးနောက်တွင် အသုံးပြုမှုတိုးတက်
လာပါက ရန်ကုန် ဧရိယာတွင် လိုင်းကြပ်ခြင်းမျိုး မဖြစ် စေရန် ဌာနအနေဖြင့် စီမံချက်များနှင့်
ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

မိုဘိုင်းဖြင့် အင်တာနက်အသုံးပြုများ လာသည်နှင့်အမျှ အချို့မြို့နယ်များ တွင် အင်တာနက်
မြန်နှုန်းမှာ ညပိုင်း အချိန်များတွင် အင်တာနက်နှေးကွေး နေကြောင်း သိရသည်။

ကျွန်မက ဖုန်းနဲ့ ညဘက်တွေမှာ အင်တာနက်သုံးလေ့ရှိပါတယ်။ ညဘက် တွေမှာက ကွန်
နက်ရှင်က ကျတာများ တယ်။ အကယ်၍ Download Volume နဲ့ မူတည်ပြီး ကောက်မယ်
ဆိုရင် အဆင်ပြေမယ်ထင်တယ်။ မိနစ်နဲ့ ကောက်ရင် အင်တာနက် နှေးနေရင် အဆင်မပြေ
ဘူး"ဟု ကျောက်တံတား မြို့နယ်တွင် နေထိုင်သည့် မသီတာက ပြောသည်။

From-မြန်မာ့တိုင်းမ်
ဈေးပိုကြီးသွားရုင်တော့ ဒုက္ခပါဘဲ ကျတယ်ဆိုတာကလဲမရှိလေတော့
ReplyDeleteConnection ကိုပို ကောင်းအောင်ပြင်ပြီးမှ Rate ကို ပြောင်းတာကပိုသင့်တော်မည်ဟုယူဆမိပါတယ်......Customer Right ကို ဦးစားပေးရမှာပေါ့....ဟုတ်ဖူးလား...နော်...
ReplyDeleteစိတ်ဆိုးရဘူးနော်...ငှဲ..ငှဲ....ငှဲ။