Thursday, November 8, 2012

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် လာအိုနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်း၊ မိသားစုဝင် များအား တွေ့ဆုံ

 
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ မိသားစုဝင်များ အား နိုဝင်ဘာ ၇ ရက် နံနက်ပိုင်းတွင် ခေတ္တ တည်းခိုသည့် ဗီယင်ကျန်း မြို့ရှိ ဒေါင်ချန်း ဧည့် ဂေဟာ၌ တွေ့ဆုံသည်။
ရှေးဦးစွာ နိုင်ငံတော် သမ္မတက သြဝါဒစကား ပြောကြားရာတွင် အေဆမ်အစည်း အဝေးသည် အာရှနှင့် ဥရောပနိုင်ငံများမှ ခေါင်းဆောင်များ (၂)နှစ်တစ် ကြိမ်တွေ့ဆုံ ၍ ကျင်းပသည့် အစည်းအဝေး ဖြစ်ကြောင်း၊ ယခုအစည်း အဝေးသို့ တက်ရောက်ခြင်း ဖြင့် မြန်မာနိုင်ငံ၏ ဖြစ်ပေါ် တိုးတက်မှုများကို ရှင်းလင်း ပြောကြား ခွင့်ရရှိ ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ဖြစ်ပေါ် တိုးတက်မှု များကို မသိရှိသည့် အထူးသဖြင့် အနောက် နိုင်ငံများကို ပြောကြား နိုင်ခဲ့ကြောင်း၊ ယခင်က မိမိတို့ နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှု များကြောင့် ပြည်သူလူထု အနေဖြင့် အလုပ် အကိုင် အခွင့်အလမ်း နည်းပါးခြင်းကဲ့သို့ ထိခိုက်မှုများ ကြုံတွေ့ ခဲ့ရကြောင်
း၊ ၄င်းအချိန် ကာလ အတွင်း နိုင်ငံအချို့ကသာ လာရောက်ရင်းနှီး မြှုပ်နှံ မှု ရှိခဲ့ကြောင်း၊ ယခုအခါ စီးပွားရေး ရင်းနှီး မြှုပ်နှံမှုများ၊ နည်းပညာ အခွင့်အလမ်း များရရှိ နိုင်ရန်နှင့် အပြန်အလှန် ပူးပေါင်း ဆောင်ရွက် နိုင်ရန် ကိစ္စရပ်များကို တစ်ပြိုင်တည်း ဆောင် ရွက် နိုင်ခဲ့ကြောင်း။

ယခုခရီးစဉ် အတွင်း ဥရောပ နိုင်ငံများသို့ ပေးဆပ်ရန် ကျန်ရှိသည့် ကြွေးမြီ အချို့ လျှော်ပေးရန် ပြောဆို ဆောင်ရွက် နိုင်ခဲ့ကြောင်း၊ နိုင်ငံတော် တည်ငြိမ် အေး ချမ်းမှု ရှိမှသာ နိုင်ငံတကာ၏ လေးစားမှု ရရှိပြီး ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု များလည်း ဝင်ရောက် လာကြမည်ဖြစ်ကြောင်း၊ လာအို နိုင်ငံသည် ညီရင်းအစ်ကို ကဲ့သို့ ရင်းနှီးခင်မင် ရသော မိတ်ဆွေနိုင်ငံ တစ်ခု ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ အပေါ်တွင် လည်း လေးစားသည့် ဆက်ဆံရေး ရှိကြောင်း၊ သို့ဖြစ်၍ နှစ်နိုင်ငံ ဆက်ဆံရေး မပြေမလည် ဖြစ်စေမည့် ကိစ္စရပ်များ မပေါ်ပေါက် စေရေး ဂရုပြု ဆောင်ရွက်ကြရန် လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော် သမ္မတအား သံအမတ်ကြီး ဦးကျော်စိုးဝင်း၊ စစ်သံမှူး ဗိုလ်မှူးချုပ် ဝင်းမြင့်နှင့် သံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်း၊ မိသားစုဝင်များက မြန်မာ့ရိုးရာ ထုံးတမ်း စဉ်လာနှင့် အညီ ဂါရဝပြု ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက မြန်မာသံရုံးနှင့် စစ်သံရုံး ဝန်ထမ်း၊ မိသားစုဝင် များအတွက် လက်ဆောင် ပစ္စည်းနှင့် စားသောက်ဖွယ်ရာ များကို ပေးအပ်ရာ သံအမတ်ကြီးနှင့် ဇနီး၊ စစ်သံမှူးနှင့် ဇနီးတို့က လက်ခံကြသည်။
 
မြ၀တီ


No comments:

Post a Comment