Tuesday, November 20, 2012

စစ်တွေမြို့၊ ကမ်းနားလမ်းတွင် လူသေအလောင်တစ်လောင်းတွေ့


နိုဝင်ဘာ ၂၀ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် စစ်တွေမြို့ ကမ်းနား လမ်း အနီးတွင် လူသေအလောင်း တစ်လောင်းတွေ့ရှိခဲ့ရကြောင်းသိရှိရ သည်။အဆိုပါအလောင်းအား စစ်ဆေးခဲ့ရာ မည်သူ မည်ဝါဖြစ်သည်ကို မသိရှိရသေး
ကြောင်း၊ ယင်းအတွက် အမှတ်(၁) ရဲစခန်းမှ ၅၅/၂၀၁၂ သေမှုသေခင်းအဖြစ် အမှုဖွင့်ထားကြောင်းနှင့် ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်းလည်း သိရသည်။

အဆိုပါအလောင်းမှာ ရခိုင်သားဖြစ်ဟန်တူပြီး ပုတ်ပွ ရောင်ကိုင်နေသဖြင့်
မျက်နှာအား မှတ်မိခြင်းမရှိကြောင်းနှင့်အမျိုးသားအလောင်းသာဖြစ်ကြောင်း၊
ကိုယ်ပေါ်တွင် ဒဏ်ရာများစွာရရှိထားကြောင်း၊ ဆံပင်အရှည်ထားသူ
ဖြစ်ကြောင်းလည်း ယင်းနေရာသို့ သွားရောက်ကြည့်ရှုခဲ့သူက RSV သို့
ပြောကြားခဲ့ပါသည်
From -RSV

No comments:

Post a Comment