Friday, November 30, 2012

သံဃာတော်များကို စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့တရားဝင် တောင်းပန်မည်

လက်ပန်တောင်းတောင် ကြေးနီးစီမံကိန်းကို ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြနေကြသည့် ရဟန်းသဃာတော်များနှင့် ဒေသခံပြည်သူလူထုကို အကြမ်းဖက် နှိမ်နင်း ဖြိုခွဲခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဒေသခံ ရဟန်သံဃာတော်များကို ဝန်ချတောင်းပန်ပွဲတစ်ရပ် မနက်ဖြန် ၂၀၁၂ခုနှစ် ဒီဇင်ဘာလ(၁)ရက်၊ စနေနေ့တွင် မုံရွာမြို့ ရွှေစည်းခုံစေတီတော်ရှိ၊ တင်ဝင်းထွန်း ဓမ္မာရုံ၌ မွန်းလွဲ ၁နာရီတွင် ပြုလုပ်မည်ဖြစ်ကြောင်း ဒေသရဲတပ်ဖွဲ့နှင့် နီးစပ်သော သတင်းရပ်ကွက်ထံမှ သိရှိရသည်။

အဆိုပါ တောင်းပန်ပွဲသို့ တက်ရောက်ရန် မုံရွာမြို့ပေါ်ရှိ ရဟန်းသံဃာတော် အပါး ၁၀၀အထက် ရှိသော ကျောင်းတိုက်များမှ ကျောင်းထိုင် ဆရာတော်ကြီးများကို ပင့်ဖိတ်ထားပြီး မြို့မိမြို့ဖများကိုလည်း ဖိတ်ကြားထားကြောင်း အဆိုပါသတင်းရပ်ကွက်က ဆိုသည်။
From -TheVoiceweekly

2 comments:

  1. စစ်ကိုင်းရှိ ရဲတပ်ရင်း(၁၆)ပါဝင်ပါတယ်

    ReplyDelete
  2. သာအေးရဲ့ဖော်လန်ဖားတဲ့အစီရင်ခံစာတွေနဲ့ဒီလိုဖြစ်အောင်လုပ်ခဲ့တာပါ၊
    တိုင်းအတွင်းရှိလူထုနှင့်ဝန်ထမ်းများကိုအာဏာရှင်ဆန်ဆန်ဖိနှိပ်အုပ်ချုပ်နေတဲ့
    စစ်အစိုးရကိုယနေ့တိုင်ဖက်တွယ်ပီး၊မုံရွာမှာ ဦးသန်းဇော်ရွှေကိုသိဒ္ဒိတင်ပစားပေးနေ
    သူသာအေးဟာ စစ်ကိုင်းတိုင်းအတွင်းရှိဆောက်လုပ်ရေး နှင့်လျှပ်စစ်ကဏ္ဏတွေမှာ
    သူ့သား၊သူ့သမက်တွေကိုလုပ်ပိုင်ခွင့်ရအောင်အခွင့်အာဏာကို၊ကိုယ်ကျိုးအတွက်သုံးနေသူ
    ဖြစ်ပါတယ်၊တရုတ်လူမျိုးများပိုင်ဆိုင်တဲ့ ဂရိတ်ဝေါလိုကုမ္ပဏီတွေရဲ့အစုရှယ်ရာဝင်ဖြစ်ပါတယ်၊
    ဒေါ်အောင်ဆန်းစုကြည်ကိုမလိုလားတဲ့စစ်အစိုးရလက်ကျန်အမာခံဖြစ်သူ သာအေးဟာ
    အလွန်လိမ္မာပါးနပ်လှသူဖြစ်ပီးသူပါဝင်ပတ်သက်နေမှုကိုပိပိရိရိဖုံးထားနိုင်သူတယောက်
    ဖြစ်ပါတယ်။

    ReplyDelete