Tuesday, November 20, 2012

နောက်ကွယ်မှ ကြိုးကိုင်မှုများရှိနေသည်ဆိုသော စွပ်စွဲချက်များအားရခိုင်တိုင်းရင်းသားများပြန်လည်ချေပ

ရခိုင်ပြည်နယ်မှာ တစ်ကျော့ ပြန်ဆူပူအကြမ်းဖက်မှုများဖြစ်ပွား    သည်ကို နိုင်ငံတော်အစိုးရက ထို ကဲ့သို့ဆူပူအကြမ်းဖက်မှုများဖြစ်ရ   ခြင်းမှာ နောက်ကွယ်မှစနစ်တကျ  ကြိုးကိုင်လှုပ်ရှားမှုများရှိနေသည် စုဆိုသော စွပ်စွဲချက်အပေါ်လက် မခံကြောင်း  တောင်ကုတ်မြို့နယ် ရှိရခိုင်တိုင်းရင်းသားများက ပြော ဆိုနေကြသည်။

““နောက်ကွယ်က ကြိုးကိုင်  နေတယ်ဆိုတော့၊ကြိုးကိုင်လှုပ်ရှား  နေတဲ့ သူတွေက ဘယ်သူတွေ ပဲ။ ရခိုင်တွေလား။ဒါမှမဟုတ်  ဘင်္ဂါဘီတွေလား။ပွင့်ပွင့်လင်း လင်းပြောရရင်တော့တကယ်တမ်း ဒုက္ခရောက်၊သေကြေပျက်စီးနေ တာ ရခိုင်တွေပါ။နောက်ကွယ်က လုပ်နေတာဆိုတာကတော့ စွပ်စွဲ ချက်တွေပါ””ဟု တောင်ကုတ်မြို့ နယ်ရှိ ရခိုင်လူမှုကွန်ရက် (တောင် ကုတ်)မှပြောဆိုလိုက်သည်။
ထိုနည်းတူစွာ စစ်တွေမြို့ အခြေစိုက် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP က    လည်း ကျွန်တော်တို့ပါတီကို နောက်ကွယ်ကကြိုးကိုင်တယ်ဆို ပြီးတော့၊စစ်တွေ SB နဲ့စစ်တွေမြို့  နယ်ရဲစခန်းကခေါ်ပြီး စစ်ဆေးခဲ့  တာတွေရှိတယ်၊ရခိုင်ကိစ္စနဲ့ပတ် သက်ပြီးနောက်ကွယ်ကကြိုးကိုင်  လှုပ်ရှားတဲ့ အထဲမှာ ရခိုင်တွေ တော့ပါတယ်ဆိုတာတော့မဖြစ် နိုင်ဘူး။ဘယ်သူတွေပါလည်းဆို  တာတော့ သိပ်နက်နည်းတဲ့ကိစ္စ   ဖြစ်နေတော့အပြောရခက်တယ်””ဟု   RNDP ပါတီမှ ခေါင်းဆောင်များ  ကပြောဆိုသည်။
ရခိုင်ပြည်နယ်တစ်ကျော့ပြန်   ဆူပူအကြမ်းဖက်မှုနှင့်ပတ်သက် ပြီး နိုင်ငံတော်အစိုးရက စုံစမ်း  ဖော်ထုတ်နေသော်လည်း ယခု အချိန်ထိ ဖော်ထုတ်၍မရသေး ကြောင်း၊ ရခိုင်ပြည်နယ်၊စစ်တွေ မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးလက်ထောက် ညွှန်ကြား ရေးမှူးက နိုဝင်ဘာ(၁၁)ရက်    ရခိုင်ပြည်နယ်သို့ သတင်း သွားယူသော ပြည်တွင်းဂျာနယ်  များဖြစ်သော ပြည်သူ့ခေတ်၊Envoy ၊ ရန်ကုန်တိုင်းမ်၊ ဖလားဝါး နယူးစ်၊ မြန်မာပို့စ်ဂလိုဘယ်များ အားပြောဆိုခဲ့သည်။

မျိုးမြင့်၊ပပ
From -HotNewsJournal

No comments:

Post a Comment