Wednesday, November 14, 2012

ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ တွင် အလွဲသုံးစားမှု၊ ငွေသွင်းရန် ကြန့်ကြာမှုပေါင်း ၄၇ မှုထိ ဖြစ်ပေါ်ခဲ့

 
၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ် အတွင်း ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ
တွင် အလွဲသုံးစားမှု၊ ငွေသွင်းရန် ကြန့်ကြာမှုပေါင်း ၄၇ မှုထိ ဖြစ်ပေါ်ခဲ့ကြောင်း ပြည်သူ့လွှတ်တော် ငွေစာရင်း ကော်မတီဝင် တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
ဝန်ကြီးဌာန ၁၅ခု၏ အလွဲသုံးစားမှုမှာ ကျပ်သန်း ၅၈၃၉၀ ဒသမ ၈၁၀ ( အမေရိကန် ဒေါ်လာ ၂၃၂၉၇၇ ဒသမ ၃၁ ) ဖြစ်ကြောင်း အဆိုပါ ဌာနဆိုင်ရာ ၁၅ ခုက ပြန်သွင်းငွေသည် ကျပ်သန်း ၁၇၄၄၇ ဒသမ ၆၂၉ (အမေရိကန် ဒေါ်လာ ၁၆၂၃၂၂ ဒသမ ၂၉ ) ဖြစ်ကြောင်း ယင်းအလွဲသုံးစားမှုကို ပြည်ထောင်စု အဖွဲ့အစည်းများ၏ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ အရသုံးဆိုင်ရာ စစ်ဆေးခြင်းတွင် ဝန်ကြီးဌာန ၁၅ ခု စစ်ဆေးခြင်းနှင့် စပ်လျဉ်း ၍ အရေးကြီးသည့် စစ်ဆေးတွေ့ရှိချက်များကို ပြည်ထောင်စု စာရင်းစစ်ချုပ်က ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်း တင်ပြချက်များမှ သိရသည်။
သတင်းတို - The Voice Weekly

No comments:

Post a Comment