Tuesday, November 13, 2012

အမှတ် (၂) ကုန်သွယ်ရေးလမ်းတွင် လူစီးကားတစီးတိမ်မှောက် ၂ ဦးသေ


http://khonumthungburmese.org/wp-content/uploads/2012/11/IMG_1080.jpg

ချင်းပြည်နယ်၏ စီးပွါးရေးအသက်သွေးကြောတခုဖြစ်သော အမှတ် (၂) ကုန်သွယ်ရေးလမ်း တွင် နိုဝင်ဘာ ၈ ရက်နေ့က လူစီးကား တစီး တိမ်မှောက်ခဲ့ရာ ပွဲချင်းပြီး ၂ ဦးသေဆုံးပြီး ၁၀ ဦး ကျော် ဒါဏ်ရာ ရရှိသည်ဟု သတင်းရရှိသည်။အိန္ဒိယ-မြန်မာနယ်စပ် Tiau ချောင်းမှ ကလေးမြို့သို့ တက်သွားသောရွှေနယ်စပ် ခရီးသည်တင် လူစီးကားသည်
New eden နှင့် Hmun Thar ရွာကြားတွင်လမ်းချော်ကာ တိမ်မှောက်ခဲ့သည်။ ပွဲချင်းပြီး ၂ ဦးသေဆုံးခဲ့ရာ ခရီးသည်တော် တော်များများ ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“ ကားမှောက်တာ ၁၂ နာရီခန့်မှာ၊ ပွဲချင်းပြီး ၂ ဦးသေဆုံးတယ်၊ ပြီးတော့ ကလေးငယ်ပေါင်ကြိုး သွားတယ်၊ အချို့ခရီး သယ်တွေလည်း ဒဏ်ရာအပြင်းအထန်ရတယ်၊ ဒဏ်ရာရခရီးသည်များကို ရိဒ်ဆေးရုံသို့ ပို့ကြတယ်” ဟု တီးတိန်ဒေသခံ အမျိုးသမီး တဦးက ပြောသည်။
အိန္ဒိယ – မြန်မာ အမှတ် (၂) ကုန်သွယ်ရေးလမ်းတွင် မကြာခဏ ကားတိမ်မှောက်လျှက်ရှိပြီး လူတော်တော် များများလည်း သေဆုံးခဲ့ရပြီဖြစ်ပြီး အစိုးရမှ လမ်းကို ယနေ့အထိ ချော့မွေ့အောင် မပြုပြင်နိုင်ကြကြောင်း သိရသည်။
“ ကျမတို့ စီးလာတဲ့ကား က လမ်းချော်လွန်းလို့ ခရီးသည်တွေ ၈ နာရီခန့် ခြေကျင်လျှောက် ရတယ် ” ဟု နိုဝင်ဘာ ၇ ရက်နေ့က ကလေးမြို့ကနေ နယ်စပ်ကို ဆင်းလာသူ ခရီးသည် အမျိုး သမီးငယ် တဦးက ပြောသည်။
အဆိုပါ လမ်းကြောင်း ပေါ်ဆွဲနေသည့် ခရီးသည်တင်ကားများသည် ခရီးသည် ၇ ဦး သာ ဆန့်မည် ဖြစ်သော် လည်း ကားပိုင်ရှင်တွေက ၁၃ ဦးခန့်ခရီးသည်တင့်လေ့ရှိကြသည်။
ချင်းပြည်နယ်၏ အဓိကလမ်းမကြီးတခုဖြစ်သည့် သိုင်းငင်းတီးတိန်လမ်း ၂၅ မိုင် ၄ ဖာလုံကို ငွေ ကျပ် ၂၉၀၉ သန်း ဖြင့် လာမယ့်နှစ်တွင် အဆင့်မြှင့်တင်မည် ဟု အောက်တိုဘာ ၁၈ ရက်ထုတ် အစိုးရပိုင် မြန်မာ့အလင်း သတင်းစာ တွင် ဖော်ပြသည်။

ခိုနှုမ်းထုန် - သတင်းဌာန
http://khonumthungburmese.org/wp-content/uploads/2012/11/IMG_1080.jpg

No comments:

Post a Comment