Monday, November 19, 2012

လူ့အခွင့်အရေးကြေညာစာတမ်း အာဆီယံခေါင်းဆောင်များ လက်မှတ်ရေးထိုး

လူ့အခွင့်အရေးကြေညာစာတမ်း အာဆီယံခေါင်းဆောင်များ လက်မှတ်ရေးထိုး


ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပသည့် ၂၁ ကြိမ်မြောက် အာဆီယံ (Association of Southeast Asian Nations - ASEAN) ထိပ်သီး အစည်းအဝေးတွင် အာဆီယံ လူအခွင့်အရေးကြေညာစာတမ်း (ASEAN Human Rights Declaration) ကို မြန်မာအပါအဝင် အာဆီယံေ ခါင်းဆောင် များက သမိုင်းဝင် လက်မှတ်ရေးထိုးလိုက်သည်။


21st ASEAN Summit

(၂၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပစဉ်)

အာဆီယံ လူအခွင့်အရေးကြေညာစာတမ်းတွင် လူသားတိုင်းအနေဖြင့် အသားအရောင်၊ ယောက်ကျား မိန်းမ၊ အသက်အရွယ်၊ ဘာသာစကား၊ ကိုးကွယ်ရာ ဘာသာတရားနှင့် နိုင်ငံရေးခံယူချက် သို့မဟုတ် အခြားခံယူချက်များကြောင့် ခွဲခြားဆက်ဆံခြင်း မခံရစေဘဲ လူ့အခွင့်အရေးနှင့် လွတ်လပ်မှုကို ရရှိခံစားပိုင်ခွင့်ရှိသည်ဟု ဖော်ပြပါရှိသည်။ ထို့အပြင် အမျိုးသမီးများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်းစွမ်းသူများနှင့် ရွှေ့ပြောင်းလုပ်သားများသည်လည်း လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်မှုကို ရပိုင်ခွင့်ရှိကြောင်း အာဆီယံ လူအခွင့်အရေးကြေညာစာတမ်းတွင် ထည့်သွင်းဖော်ပြထားကြောင်း CNA သတင်းက ပြောကြားသည်။


ref: planet.com

No comments:

Post a Comment