Tuesday, November 20, 2012

မောင်တော မွတ်စလင် အိမ်များအချင်းချင်း မီးရှို့မှုဖြစ်ပွား



မောင်အေး
မောင်တောမြို့နယ်တွင် မီးရှို့မူ တစ်ခု အတွင်း အိမ် ၅ လုံး မီးထဲ ပါသွားသည်ဟု သိရသည်။“ မောင်တောမြို့နယ် တောင်ပိုင်း ဇော်မတက် မွတ်ဆလင်ရွာမှာ အိမ် ၅ လုံး မီးရှို့ခံရပါတယ်။ သူတို့ အချင်းချင်း ရှို့ကြတာလို့ ပြောတယ်။ အဲဒီ အနီးမှာ ရခိုင်ရွာတွေလည်း မရှိဘူး” ဟု
အလယ် သံကျော်က အစိုးရ ၀န်ထမ်း တစ်ဦးက ပြောသည်။

အမေရိကန် သမ္မတ ဘားရက်အိုဘားမား မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ရောက်ရှိလာသည့်နေ့တွင်  မီးရှို့မူ  ဖြစ်ပွားခြင်း ဖြစ်သည်။ မီးသည် နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၈ နာရီကျော်ခန့်တွင် စတင် လောင်ကျွမ်းသည်။
ယခုအခါ မောင်တောမြို့နယ်တွင် အာဏာပိုင်များမှ ရပ်ကွက်၊ ကျေးရွာရှိ အုပ်ချုပ်ရေးမှူးများနှင့် ပူး ပေါင်းပြီး အကြမ်းဖက်မှုများတွင် ပါဝင်သူများကို ဖော်ထုတ်နေရာ မကြေနပ်သူများမှ မီးရှို့ခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။
“ အခုက အစိုးရက အုပ်ချုပ်ရေးမှူးတွေနဲ့ ကျေးရွာကလူကြီးတွေနဲ့ပေါင်းပြီး ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်နေတယ်။ ပြီးတော့ သူတို့ရပ်ရွာတွေမှာ ဖြစ်နေတဲ့ ပြဿနာတွေကိုလည်း ဖော်ထုတ်နေ တယ်။ ဒါတွေကို မလိုလားတဲ့သူတွေက လုပ်တယ်လို့ဘဲ ထင်တယ်။ ပြဿနာဖြစ်ပြီးနောက်ပိုင်း သူတို့အချင်းချင်းလည်း မကြေနပ်တဲ့အတွက် သတ်ဖြတ်မှုတွေလည်း ပေါ်ပေါက်ခဲ့တယ်” ဟု ဆိုသည်။
မီးလောင်မူ ဖြစ်ပွားရခြင်း အပေါ် အာဏာပိုင်များအား မေးမြန်းရာ စိစစ်ဆဲဟု ရဲအရာရှိ တစ်ဦးက ပြောသည်။
မီးလောင်မှု ဖြစ်ပွားသည့် ဇော်မတတ်ဘင်္ဂလီရွာမှာ မောင်တောမြို့နှင် ၇ မိုင်ခန့်ဝေးပြီး ဇော်မတက်ရွာ နှင့် အနီးဆုံးတည်ရှိသည့် ကိုင်းကြီး ရခိုင်ရွာမှာ ၅ မိုင်ခန့်ဝေးကြောင်း သိရသည်။

Ref: နိရဉ္စရာသတင်းဌာန

No comments:

Post a Comment