Sunday, November 25, 2012

ထိုင်းလွှတ်တော်တွင် ဝန်ကြီးချုပ်ယဉ်လတ်အား အယုံအကြည်မရှိအဆိုတင်သွင်း



http://www.channelnewsasia.com/components/display_image.php?id=518931?123


ထိုင်းနိုင်ငံဝန်ကြီးချုပ် ယဉ်လတ်သည် ၎င်းအား အယုံအကြည်မရှိကြောင်း အတိုက်အခံများ၏အဆိုကို လွှတ်တော်တွင် ယနေ့ (နိုဝင်ဘာ ၂၅ ရက်) ရင်ဆိုင်ခဲ့ရသည်။ ဘန်ကောက်မြို့တော်တွင် ယဉ်လတ်အား ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ရန် စနေနေ့ ဆန္ဒပြပွဲနှင့် အဓိရုဏ်းများ ပေါ်ပေါက်ခဲ့ပြီးေ နာက် အတိုက်အခံတို့က အယုံအကြည်မရှိကြောင်း အဆိုတင်သွင်း လာခြင်း ဖြစ်သည်။

ထိုင်းလွှတ်တော်တွင် ယနေ့ ပြုလုပ်ခဲ့သည့် အယုံအကြမည်မရှိကြောင်း အဆိုတင်သွင်းခံရမှုတွင် ဝန်ကြီးချုပ်ယဉ်လတ်အပြင် အခြား အစိုးရအဖွဲ့ဝင် ဝန်ကြီးသုံးဦးလည်း ပါဝင်သည်။
သို့သော် ယဉ်လတ်၏ Puea Thai ပါတီနှင့် မဟာမိတ်များက လွှမ်းမိုးမှုအင်အား ကြီးမားနေသော လွှတ်တော်အနေဖြင့် ထိုအဆိုတင်သွင်းမှုကို အတည်ပြုလက်ခံရန် ရာခိုင်နှုန်း အနည်းငယ်မျှသာရှိကြောင်း Bangkok Post သတင်းက သုံးသပ်ဖော်ပြသည်။ 

Planet Myanmar 
 

ဆက်စပ်သတင်း


ထိုင်းဝန်ကြီးချုပ်ယဉ်လတ်ရာထူးမှ နုတ်ထွက်ရန် ဘန်ကောက်မြိုတွင် လူဦးရေ ၁၀၀၀၀ ခန့် စုရုံးဆန္ဒပြ


ထိုင်းနိုင်ငံတွင်ဝန်ကြီးချုပ်ယဉ်လတ်အား ရာထူးမှနုတ်ထွက်ရန် တောင်း ဆို သည့် စုရုးဆန္ဒပြမှုများ ဘန်ကောက်မြို့၌ ယနေ့ စတင်ပြုလုပ်ကြ သည်။    ဆန္ဒပြပွဲများ  ပိုမိုအရှိန်ကောင်း ပြန့်နှံ့လာမည်ကို အာဏာပိုင်
များက စိုးရိမ်လျက်ရှိပြီး ရဲတပ်ဖွဲ့ ဆန္ဒပြ သူများအား မျက်ရည်ယိုဗုံးများ အသုံးပြုဖြိုခွင်းကြောင်း သိရသည်။ ယနေ့နံနက် ဘန်ကောက်
စံတော်ချိန် ၉း၀၀ နာရီအချိန်ခန့်တွင် ဆန္ဒပြသူ ၁၀,၀၀၀ နီးပါး စုရုံးကာ ဆန္ဒပြမှု စတင်ခဲ့ခြင်းဖြစ်သည်။ ဘန်ကောက်တွင် ရဲတပ်ဖွဲ့ဝင် အများအပြားကိုလည်း အသင့်ချထားသည်။ ကုလသမဂ္ဂရုံး အဆောက်အအုံအနီးမှ အတားအဆီးများကို ဖယ်ရှားရန်ကြိုးပမ်းသော ဆန္ဒပြလူအုပ်အတွင်းသို့ ရဲတပ်ဖွဲ့ မျက်ရည်ယိုဗုံးဖြင့် ၁၀ ကြိမ်မျှ ပစ်ခတ်ခဲ့ကြောင်း Bangkok Post သတင်းတွင် ဖော်ပြသည်။


From :Planet Myanmar Network
 
 
 
 

No comments:

Post a Comment