Thursday, November 29, 2012

ယနေ့နံနက် (၃)နာရီမှစတင်ကာ သပိတ်စခန်း (၆)ခုကို မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် တိုက်ခိုက်ဖြိုခွင်းခြင်း သတင်းနှင့်မှတ်တမ်း(ဓါတ်ပုံ)များ



လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား နိုဝင်ဘာ လ၂၉ ရက်နေ့  နံနက် ၃နာရီအချိန်မှစတင်၍  လုံခြုံရေး ရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များ အသုံးပြု၍ လူစုဖြိုခွဲခဲ့သဖြင့် ဒဏ်ရာရရှိသူအချို့ရှိကြောင်း ကြေးနီစီမံကိန်း ဧရိယာတွင် ရောက်ရှိနေေ သာ Eleven Media Group  မှ သတင်းထောက်၏ သတင်းပေးပို့ချက် အရ သိရသည်။

အဆိုပါ ဖြိုခွင်းမှုကြောင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပုဒ်မ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာအတွင်းရှိ စုဝေးနေသည့် သပိတ်စခန်း ၆ခုအနက် ၃ခုမှ သံဃာတော်များနှင့် ဒေသခံများ ဖယ်ရှားပေးခဲ့ရကြောင်းသိရသည်။ ပြည်ထဲရေးဝန်ကြီးဌာနမှ သပိတ်စခန်းများအား နိုဝင်ဘာလ ၂၇ ရက်နေ့ည ၁၂ နာရီနောက်ဆုံးထားပြီး ရုပ်သိမ်းရန် ကြေညာထားသော်လည်း နိုဝင်ဘာ လ၂၈ ရက် နေ့ အထိ ရုပ်သိမ်းခြင်း မရှိသဖြင့် ထပ်မံ၍ နိုဝင်ဘာလ ၂၈ရက်နေ့ ည ၁၂နာရီတွင် လူစုမခွဲပါက ရဲလုပ်ထုံးလုပ်နည်း ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေးနီစီမံကိန်း ဧရိယာ၌ တာဝန်ရှိရဲတပ်ဖွဲ့ဝင်တစ်ဦးက ကြောငြာခဲ့ကြောင်း သိရသည်။
ယင်းသို့ကြေငြာမှုအား နိုဝင်ဘာလ ၂၈ရက်နေ့ည  ၇နာရီခွဲတွင် တစ်ကြိမ်၊ ၈ နာရီ ၁၀ မိနစ်တစ်ကြိမ်၊ ၈နာရီ ၅၀ မိနစ်တွင် တစ်ကြိမ် ထပ်မံကြောငြာခဲ့ပြီးနောက် နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၃နာရီ စတင်ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

Eleven Media Group 
 
 
http://2.bp.blogspot.com/-TfP_KSYkyb4/ULbRWgS0LKI/AAAAAAAAjuA/fdUcnydqlV0/s1600/382104_456539001050395_2072926025_n.jpg
 
 
 
 
 
 
တာဝန်ကျရဲတပ်ဖွဲ့များက နိုဝင်ဘာလ ၂၈ ရက် ည ၁၂ နာရီတွင် လူစုခွဲရန် ကြေးနီစီမံကိန်းဧရိယာအတွင်း ယင်းနေ့ညပိုင်းက ကြေညာနေစဉ်

No comments:

Post a Comment