Wednesday, November 21, 2012

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား လျှပ်စစ်ဓာတ်အား ရောင်းချရေးကို မြန်မာဘက်က စတင် ပယ်ဖျက် လိုက်ပြီ


ယခင်က သဘောတူညီမှုရှိခဲ့သည့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား လျှပ်စစ်ဓာတ်အား ရောင်းချရေးကို မြန်မာဘက်က ပယ်ဖျက်လိုက် ပြီဖြစ်ကြောင်း ၁၄-၁၁-၂၀၁၂ ရက်က သိရသည်။အဆိုပါ ပယ်ဖျက်မှု ကို ခြောက်ကြိမ်မြောက် နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ေ ရး ကော်မရှင် အစည်းအဝေးတွင် မြန်မာဘက်က ပယ်ဖျက်လိုက်ခြင်းဖြစ်ေ
ကြာင်း နိုင်ငံတကာ သတင်းမီဒီယာများတွင်ဖော်ပြပါရှိသည်။


“ကျွန်တော်တို့ နိုင်ငံမှာလည်း လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိဖို့ လိုအပ်တယ်။ မီးမလာလို့ ဖယောင်းတိုင်မီး ထွန်းတာတွေ မဖြစ်စေချင်ပါဘူး” ဟု မြန်မာ့လျှပ်စစ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ နိုဝင်ဘာလ ၁၁ ရက်မှ ၁၂ ရက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကားမြို့တော်တွင်
ပြုလုပ်ခဲ့သော မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးဆိုင်ရာ အစည်းအဝေးတွင် မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အား မလုံလောက်မှုများရှိနေ၍ ဘင်္ဂလားဒေ့ရှ်သို့ ရောင်းချပေးတော့မည် မဟုတ်ကြောင်း မြန်မာဘက်က ပြောကြားသွားသည်ဟု သိရသည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ တည်ဆောက်နေတဲ့ စိုင်တင်ရေအားလျှပ်စစ်နဲ့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်အကြားမှာ တည်ဆောက်နေတဲ့ လေးမြို့ရေအားလျှပ်စစ် စီမံကိန်းက ကီလိုဝပ် ၅၀၀ ဝယ်ယူဖို့ အရင်က မြန်မာနဲ့ ပဏာမ သဘောတူညီခဲ့တာပါ” ဟု အင်ဂျင်နီယာချုပ် ဦးစိုးလှိုင်က ပြောသည်။ ရခိုင်ပြည်နယ် စိုင်တင်ရေအားလျှပ်စစ်မှာ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ပြီး
လေးမြို့ရေအား လျှပ်စစ်စီမံကိန်းမှာ ၂၀၁၈ ခုနှစ်တွင် ပြီးစီးမည်ဟု သိရသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လျှပ်စစ်ဓာတ်အား လုံလောက်မှု မရှိသဖြင့် မြန်မာအပြင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘူတန်၊ အိန္ဒိယ၊ နီပေါ နိုင်ငံတို့မှ ဝယ်ယူရရှိရန် ကြိုးပမ်းနေသည်ဟု သိရသည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာထက် လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲ
တယ်လို့ ခန့်မှန်းလို့ရပါတယ်” ဟု ဦးစိုးလှိုင်က ဆက်လက်ပြောသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် လျှပ်စစ်ဓာတ်အား ဝယ်ယူ၍ မရရှိသော်လည်း နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် တိုက်ရိုက်
လေကြောင်းလိုင်း၊ ရေကြောင်းလိုင်းများ တိုးချဲ့ရန် စီစဉ်နေသည်ဟု သတင်းများတွင် ဖော်ပြပါရှိကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

Khit Lu Nge

No comments:

Post a Comment