Saturday, November 17, 2012

အငှားယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းလယ်ကျွန်းနှင့် ဓာတ်တိုင်အား ၀င်တိုက်မှု ဗဟန်းမြို့နယ်တွင်ဖြစ်ပွား


16mt9

အငှားယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းလယ်ကျွန်းနှင့် ဓာတ်တိုင်အား ၀င်တိုက်မှု ဗဟန်းမြို့နယ်ရှိ ဦးချစ်မောင်လမ်းဆုံ မှတ်တိုင်းအနီး တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၆ ရက်နေ့ ည ၁၁ နာ၇ီ ခွဲအချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
''ကျွန်တော်တို့ အနေနဲ့ ကားဆရာကို ဆွဲထုတ်ခဲ့ရတယ်။ တော်တော်လေး အရှိန်ပြင်းတယ်''ဟု ယင်းဖြစ်စဉ်တွင် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးမှုမရှိကြောင်း၊ မော်တော်ယာဉ်အား အရှိန်ပြင်းစွာ မောင်းနှင်းခဲ့ပြီး လမ်းလယ်ကျွန်းနှင့် ဓာတ်တိုင်အား ၀င်တိုက်ခဲ့သူ အငှားယာဉ်မောင်းအား အရေးယူဆောင်ရွက်မှု များ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

Ref: Eleven Media Group 
16mt8 
16mt9

No comments:

Post a Comment