Friday, November 23, 2012

နေပြည်တော် ချီတက်နေတဲ့ ရွေလုပ်သားတွေကို ရဲကရိုက်နှက်ဖမ်းဆီး

http://www.myitmakhamediagroup.com/administratorpanel/image/8-11-12-10.JPG


မိုးထိမိုးမိ ရွေလုပ်သားများ နေပြည်တော်ဆီ ချီတက်လမ်းလျှောက်နေတာ ကို အာဏာပိုင်တွေက တားဆီး ရိုက်နှက်ပြီး ရွေလုပ်သား ခေါင်းဆောင် ၅ ဦးကို ဖမ်းဆီးသွားကြောင်းရွေလုပ်သားတွေနဲ့ ကျနော်တို့ ရဲ့ ဒီဗွီဘီ သတင
်းထောက်က ပြောကြပါတယ်။

နိုဝင်္ဘာလ ၂၃ ရက် မနက် ၁၀ နာရီဝန်းကျင်လောက်မှာ မြို လှကနေ ထွက်လာတဲ့ ရွေလုပ်သားတွေကို နာရီဝက်ခရီးအကွာ ရေနီ စက္ကူစက်နားမှာ ရဲတွေ ၀င်ရောက်ရိုက်နှက်ခဲ့တယ်လို့ ရွေလုပ်သား ကိုလှိုင်မျိုးအောင်က ပြောပါတယ်။
ကိုရဲရင့်ထွန်း၊ ကိုနိုင်ဝင်း၊ ကိုနေအောင်ထက်၊ ကိုစောနောင်နဲ့ ကိုရဲဝင်းတို့ ၅ ဦးကို ဖမ်းဆီးပြီး ရေနီ ရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ ကိုယ်တိုင်မြင်တွေ့ ခဲ့ရသူ ဒီဗွီဘီ သတင်းထောက်ကလဲ ပြောပါတယ်။
ရွေလုပ်သားတွေဟာ နိုဝင်္ဘာ ၈ ရက်နေ့ က ရန်ကုန်ကနေ စတင်ထွက်ခွာလာပြီး နေပြည်တော်အရောက် ချီတက်ပြီး သူတို့ ရဲ့ နစ်နာချက်တွေကို တောင်းဆိုတင်ပြသွားကြမှာပါ။ ။

From :DVB TV News

No comments:

Post a Comment