Friday, November 30, 2012

ဒီချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းကိစ္စနှင့်ပက်သတ် ၍ ဒုတိယနေ့မွန့်ခွန်းအဖြစ် ချင်းတွင်းမြစ်သဲသောင်ပြင်တွင် ဟောပြော

Photo: ဒီချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းကိစ္စနှင့်ပက်သတ် ၍

ဒုတိယနေ့မွန့်ခွန်းအဖြစ် ချင်းတွင်းမြစ်သဲသောင်ပြင်တွင် ဟောပြော

Friday, November 30, 2012

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နိုဝင်ဘာ 30 ရက် နံနက် ၈နာရီခွဲခန့် တွင် ချင်းတွင်းမြစ် အတွင်း ၊ မုံရွာဘက်ခြမ်း သဲသောင်ပြင်( ရွှေလွန်းပျံ ကူးတို့ဆိပ်)တွင် နာရီဝက်ကျော်အကြာ ဟောပြောသွားကြောင်း သိရသည် ။

အဆိုပါဟောပြောပွဲတွင် ဒေသခံများအနေဖြင့် အချိန်မှီ ရောက်လာသူ

နည်းပါးသော ကြောင့် ဧည့်ပရိတ်သတ် ၁၀၀၀ ကျော်ခန့် သာရှိကြောင်း ရန်ကုန်မဒီယာ သတင်းထောက်မှ ပေးပို့သည်။

“ အချိန်ကစောတာလဲပါတယ် တစ်ချို့က ဟောပြောပွဲ မလုပ်ဖြစ်ဘူးလို့ လဲ ထင်သွားကြတယ် ဒါကြောင့်မို့ လူတော်တော် နည်းတယ် မိနစ်၄၀ လောက်

သာ ကြတော့ ပွဲပြီးတဲ့ အထိ လူတွေကလာနေတုန်းပဲ” ဟု မုံရွာမြို့ခံ ကုန်သည် တစ်ဦးက ရန်ကုန်မီဒီယာဂရု သို့ ဆက်သွယ် ပြောကြားသည်

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ဟောပြောပွဲ အပြီးနံနက် ၉ နာရီ ၅၀ ကျော်ခန့်တွင် တည်းခိုရာ ၀င်းယူနတီ ဟိုတယ် သို့ပြန်သွားပြီး လက်ပံတောင်းတောင် စီမံကိန်းနှင့် ပက်သတ်၍ သက်ဆိုင်ရာအဖွဲ့အစည်း များနှင့်တွေဆုံညှိနှိုင်းမည်ဟု သိရသည်။

“အမေစုက ဟောပြောပွဲမှာ လက်ပံတောင်းကိစ္စနှင့် ပက်သတ်လို့ အခုလို

ဖြေရှင်းပုံဟာ မလိုအပ်ဘူးလို့ပြောသွားတယ် ဒီကိစ္စနှင့်ပက်သတ်ပြီး အာဏာပိုင်တွေကိုတွေ့မယ်၊ လက်ပံတောင်းဒေသခံတွေကို တွေ့မယ်၊ စီမံကိန်းနယ်မြေ အနီးက ၂၆ ရွာက ကိုယ်စားလှယ်တွေကိုတွေမယ် လို့ ပြောကြားသွားတယ်” ဟုမုံရွာမြို့ ရှိ သီးနှံစုံ ပွဲရုံတစ်ခုမှ မန်နေဂျာကပြောကြားသည်။

အခုနောက်ဆုံးရရှိသော သတင်းများအရ ဒေါ်အောင်ဆန်းစု ကြည်သည် ၀င်းယူနတီ ဟိုတယ်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် တွေ့ဆုံရန် အဆင်သင့် စောင့်ဆိုင်းနေကြောင်းသိရသည်။

Yangon Media Group

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နိုဝင်ဘာ 30 ရက် နံနက် ၈နာရီခွဲခန့် တွင် ချင်းတွင်းမြစ် အတွင်း ၊ မုံရွာဘက်ခြမ်း သဲသောင်ပြင်( ရွှေလွန်းပျံ ကူးတို့ဆိပ်)တွင် နာရီဝက်ကျော် အကြာ ဟောပြောသွားကြောင်း သိရသည် ။
အဆိုပါဟောပြောပွဲတွင် ဒေသခံများအနေဖြင့် အချိန်မှီ ရောက်လာ သူနည်းပါးသော ကြောင့် ဧည့်ပရိတ်သတ် ၁၀၀၀ ကျော်ခန့် သာ ရှိကြောင်း ရန်ကုန်မဒီယာ သတင်းထောက်မှ ပေးပို့သည်။ “ အချိန်ကစော တာလဲပါတယ် တစ်ချို့က ဟောပြောပွဲ မလုပ်ဖြစ်ဘူးလို့ လဲ ထင်သွားကြတယ် ဒါကြောင့်မို့ လူတော်တော် နည်းတယ် မိနစ်၄၀ လောက်သာ ကြတော့ ပွဲပြီးတဲ့ အထိ လူတွေကလာနေတုန်းပဲ” ဟု မုံရွာမြို့ခံ ကုန်သည် တစ်ဦးက ရန်ကုန်မီဒီယာဂရု သို့ ဆက်သွယ် ပြောကြားသည်
ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ဟောပြောပွဲ အပြီးနံနက် ၉ နာရီ ၅၀ ကျော်ခန့်တွင် တည်းခိုရာ ၀င်းယူနတီ ဟိုတယ် သို့ပြန်သွားပြီး လက်ပံတောင်းတောင် စီမံကိန်းနှင့် ပက်သတ်၍ သက်ဆိုင်ရာ အဖွဲ့အစည်း များနှင့်တွေဆုံညှိနှိုင်းမည်ဟု သိရသည်။“အမေစုက ဟောပြောပွဲမှာ လက်ပံတောင်းကိစ္စနှင့် ပက်သတ်လို့ အခုလိုဖြေရှင်းပုံဟာ မလိုအပ်ဘူးလို့ပြောသွားတယ် ဒီကိစ္စနှင့်ပက်သတ်ပြီး အာဏာပိုင်တွေ ကိုတွေ့မယ်၊ လက်ပံတောင်းဒေသခံတွေကို တွေ့မယ်၊ စီမံကိန်းနယ်မြေ အနီးက ၂၆ ရွာက ကိုယ်စားလှယ်တွေကိုတွေမယ် လို့ ပြောကြားသွားတယ်” ဟုမုံရွာမြို့ ရှိ သီးနှံစုံ ပွဲရုံတစ်ခုမှ မန်နေဂျာ ကပြောကြားသည်။ အခုနောက်ဆုံးရရှိသော သတင်းများအရ ဒေါ်အောင်ဆန်းစု ကြည်သည် ၀င်းယူနတီ ဟိုတယ်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် တွေ့ဆုံရန် အဆင်သင့် စောင့်ဆိုင်းနေကြောင်းသိရသည်။
Yangon Media Group

No comments:

Post a Comment