Thursday, November 8, 2012

နေပြည်တော် နဲ့ Facebook


ပြည်သူ့လွှတ်တော်ကလည်း  အထင်ကရ လူမှုကွန်ရက်မီဒီယာတခုဖြစ်တဲ့ Facebook က တဆင့် ပြန်ကြားရေးလုပ်ငန်းတွေ တိုက်ရိုက် လုပ်ကိုင်နေ ပါပြီ။ဒီတော့ ... ပြည်သူ့လွှတ်တော်ရုံးရဲ့ ထုတ်ပြန်ချက်တွေကို အွန်လိုင်း ကနေ ချက်ချင်းသိနိုင်ပါတယ်။

ပြည်သူ့လွှတ်တော်စာမျက်နှာကို လောလောဆယ် Facebook သုံးသူ ရှစ်ထောင်ကျော် ချိတ်ဆက်ထားတာ တွေ့ရမှာပါ။

ပိုမို ပွင့်လင်းလာတဲ့ ဒီနေ့ခေတ်မှာ နေပြည်တော် ရပ်ကွက်တချို့လည်း Facebook ကနေ ပွင့်လင်းနေပါပြီ။

လူမှုကွန်ရက်မီဒီယာတွေအကြောင်း ရေဒီယိုနားထောင်တဲ့ ပရိသတ်တွေကိုယ်တိုင် ပြောဆိုကြတာတွေကို မနေ့က ဘီဘီစီရေဒီယိုက ထုတ်လွှင့်သွားပါတယ်။

 သမ္မတရုံး၊ လွှတ်တော်နဲ့ အစိုးရဌာနတချို့၊ အစိုးရ တာဝန်ရှိသူတချို့ ဖေ့စ်ဘုတ်မှာ ရှိနေကြပါတယ်။
သတင်းနဲ့ တုန့်ပြန်ချက်တွေ များတဲ့၊ မြန်တဲ့ ဖေ့စ်ဘုတ် လူမှုကွန်ရက်ကြောင့် အစိုးရနဲ့လူထု ချိတ်ဆက်မိကြပြီလား 
ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး မနေ့ညက ဘီဘီစီ မြန်မာပိုင်း ရေဒီယိုမှာ ဆွေးနွေးကြတာပါ။

တိုက်ရိုက် ဆွေးနွေးချက်၊ သဘောထား၊ အမြင်တွေနဲ့ တုန့်ပြန် ဝေဖန်ချက်တွေကို ၂၁ မိနစ်ကြာတဲ့ အသံဖိုင်
http://www.bbc.co.uk/burmese/multimedia/2012/11/121107_hyssocialmedia_audio.shtml  မှာ နားဆင်နိုင်ပါတယ်။

Facebook သုံးတဲ့ သမ္မတရုံး ညွှန်ကြားရေးမှူးလည်း ပါဝင် ဆွေးနွေးထားပါတယ်။

1 comment:

  1. ဘီဘီစီက Facebook အကြောင်းဆွေးနွေးပွဲမှာ (မှူးဇော် )နဲ့ (ဘင်္ဂလီ ဘက်ပါတဲ့ မွတ်စလင်တွေ )ချည်းပါလား၊ ဆွေးနွေးတဲ့ သူတွက ရခိုင် ကိစ္စတစ်ခုမှာ မှူးဇော် ထုတ်ခဲ့တဲ့ သတင်းတစ်ပုဒ် ကို ဖိနင်းပြီး ပြောတာ တွေ့ရတယ်၊ ဘင်္ဂလားဒေ့ဘက်က ကနေ လက်နက်ကိုင်တွေ မြန်မာပြည်ထဲ ၀င်လာတာ မှန်လောက်တယ်။ ရိုဟင်ဂျာ သောင်းကျန်းသူ RSO တို့ ဆိုတာ ဘင်္ဂလားဒေ့၊ ပါကစ္စတန် တို့က အစွန်းရောက် အကြမ်းဖက် အဖွဲ့ အစည်းတွေ နဲ့ ဆက်နွယ်နေတာ တကမ္ဘာလုံးသိတယ်၊ ရခိုင် ထဲ ကို ခိုးဝင်လာတဲ့ ဘင်္ဂလီတွေ ကို လက်နက်တွေ ထောက်ပံ၊ ပိုက်ဆံတွေ ပေးနေတာ အမှန်ပါဘဲ၊ Facebook ပေါ်မှာ မြန်မာ ဗုဒ္ဓ တွေ ကဘင်္ဂလီတွ ကို ရှုတ်ချနေတာ အစိုးရတာဝန်ရှိသူတွေ Facebook ရေးသားချက် တွေ ကြောင့် မဟုတ်ပါဘူးကွာ၊ မြန်မာ လူမျိုးတိုင်းက ဘင်္ဂလီ မွတ်စလင်တွေရဲ့ အကျင့်ကို သိလို့ ရှုတ်ချ ကန့်ကွက်နေတာပါ။ ကမ္ဘာကျော် အကြမ်းဖက်မှု့တွေကို ဘယ်သူတွေ လုပ်ခဲ့တာလဲ၊ ကမ္ဘာကျော် အကြမ်းဖက် အဖွဲ့ အစည်းတွေဟာ ဘယ်ဘာသာဝင်လဲ ဆိုတာ တကမ္ဘာလုံးသိပြီးသားပါ။ မသိသေးရင် google မှာ Terrorism ဆိုပြီး ရိုက်ရှာလိုက်။ အစိုးရ အဖွဲ့ က ၀ဘ်ဆိုက်တွေ ထောင် ၊ Facebook တွေရေးတာ တို့လို ပြည်သူတေါ အတါက် ကောင်းတယ်။ မကျေနပ်ရင် ဝေဖန်လို့ရတယ်၊ တစ်ချို့ သတင်းတွေ ဆို အောက်ခြေက ထိမ်ချန်ထားတတ်တော့ အခုလို ထိပ်တန်း တာဝန်ရှိသူတွေက ၀ဘ်ဆိုက်တွေ Facebook က ချပြတော့ တို့ အကုန်လုံး သိရတော့ ကောင်းတယ်၊ လုံခြုံရေး နဲ့ ပတ်သတ်တာတွေကတော့ ဘယ် အစိုးရ မှ ဖွင့်ပြောမှာ မဟုတိဘူး၊ ဘာပဲ ပြော ပြော အစိုးရ အဖွဲ့က လူတွေ social network တွေသုံးတာ ကောင်းပါတယ်။ ဒီထက် ပိုပွင့်လင်းလာပါစေ၊ တရားမျှတပါစေ လို့ ဆွေးနွေးလိုပါတယ်။ နောက်တစ်ခါ ဆွေးနွေး၇င်တော့ အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ နံမည် အစစ်အမှန်တောင် မဖေါ်ပြရဲသော လူတွေနဲ့ တော့ မဆွေးနွေးပါနဲ့ လို့ အကြံပေးလိုပါတယ်။

    ReplyDelete