Monday, November 26, 2012

နိုင်ငံတကာပဋိပက္ခဖြေရှင်းရေးအဖွဲ့ICG ၏ ငြိမ်းချမ်းရေးဆုကို မြန်မာသမ္မတဦးသိန်းစိန်ရရှိ ၂၀၁၃ ဧပြီတွင်ဆုလက်ခံရမည်

(Crisis Group ၏ In Pursuit of Peace ဆုတံဆိပ် ချီးမြှင့်ပွဲနှင့် ညစာစားပွဲ (29 October 2012 ရက်စွဲပါ
International Crisis Group၏ In Pursuit of Peace award dinner- Peace, prosperity and the
presidency ကိုဘာသာ ပြန်ပါသည်။)
International Crisis Group သည် ၂၀၁၃ ခုနှစ် ဧပြီလ (၂၂) ရက်နေ့တွင် နယူးယောက်မြို့၌ In
Pursuit of Peace ချီးမြှင့်ပွဲနှင့် ညစာစားပွဲ ပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံမှ သမ္မတဦးသိန်းစိန်နှင့် ဘရာဇီး
သမ္မတဟောင်း Luiz Inácio Lula da Silva တို့အား ဂုဏ်ပြုမည် ဖြစ်ပါသည်။

Crisis Group ၏ ဆုချီးမြှင့်ပွဲနှင့် ညစာစားပွဲသည် သိန်းပေါင်းများစွာသော လူများ၏ ဘဝများကို
အသွင်ပြောင်းစေသော အမြင်ကျယ်သည့် ခေါင်းဆောင်မှုနှင့် ပဋ္ဋိပက္ခများ ပြီးဆုံးသွားရေး ကမ္ဘာကြီး၏
ကတိကဝတ်များကို လုပ်ဆောင်ပေးသော အစိုးရ၊ ဆက်ဆံရေး လုပ်ဆောင်မှု (diplomacy)နှင့်
ပြည်သူ့ရေးရာမူဝါဒတို့မှ အဓိက ပုဂ္ဂိုလ်များအတွက် ဂုဏ်ပြုသည့် အခွင့်အလမ်း တစ်ခုပင် ဖြစ်ပါသည်။
“အခုလိုကမ္ဘာကြီးရဲ့ နေရာအတော်များများဟာ မှားယွင်းတဲ့ လမ်းကြောင်းကို ဦးတည်နေပုံရတဲ့
အချိန်မျိုးမှာ မြန်မာနိုင်ငံနဲ့ ဘရာဇီးနိုင်ငံဟာ သူတို့ ပြည်သူတွေ ပိုမိုကောင်းမွန်တဲ့ လမ်းကြောင်းပေါ်မှာ
သမ္မတတွေရဲ့ လုပ်ဆောင်မှုနဲ့ တွေ့ရတာဟာ ထင်ရှားတဲ့ ဥပမာတွေပါပဲ” ဟု International Crisis Group
နာယက Thomas R. Pickering က ပြောကြား ခဲ့ပါသည်။
“သမ္မတ ဦးသိန်းစိန်ရော သမ္မတ Lula ရောဒီဆုနဲ့ ထိုက်တန်ပါတယ်။ ဒီလို ဂုဏ်ပြုရတဲ့အတွက်
မြန်မာနဲ့ ဘရာဇီးတို့အတွက် ရှေ့ဆက်မယ့် အရေးကြီးတဲ့ ခြေလှမ်းများမှာ အထောက်အကူ ဖြစ်ပါမယ်။ အပယ်ခံ
နှစ်များကနေ ဒေသတွင်းနဲ့ နိုင်ငံတကာ ဆက်ဆံရေး မြှင့်တင်ရာမှာ သူတို့ရဲ့ နေရာပိုမို မြှင့်တင်နိုင်အောင်
အားပေးသလို ဖြစ်ပါတယ်” ဟု ၎င်းက ပြောပါသည်။
Crisis Group ဥက္ကဌ Louise Arbourက ပြောကြားရာတွင် “မြန်မာနိုင်ငံမှာ ၂၀၁၁ မတ်လ
သမ္မတဦးသိန်းစိန် အစိုးရ တက်လာကတည်းက ယခင်က လုပ်ဆောင်ခဲ့ဖူးခြင်း မရှိတဲ့ မှတ်မှတ်ထင်ထင်
ပြုပြင်ပြောင်းလဲရေးတွေ စတင် လုပ်ဆောင် လာပါတယ်။ နိုင်ငံရေး အကျဉ်းသား ရာပေါင်းများစွာ
လွှတ်ပေးခြင်း၊ သတင်းစာ လွတ်လပ်ခွင့် ဖြေလျော့ပေးခြင်း၊ အဓိက အတိုက်အခံပါတီနဲ့ ဆွေးနွေးမှု ပိုမို
လုပ်ဆောင်လာခြင်းများ ပါဝင်ပါတယ်” ဟုဆိုပါသည်။
သို့သော် မြန်မာနိုင်ငံတွင် ယနေ့ထိ လုပ်ဆောင်လာသော နိုင်ငံရေးအရ ဖြေလျော့မှုများအပြင်
ဆက်လက် လုပ်ဆောင်ရန် လိုအပ် နေပါသေးသည်။ မြန်မာနိုင်ငံအနေဖြင့် ရခိုင်နှင့် ရိုဟင်ဂျာ
အုပ်စုများကြားတွင် ဖြစ်ပွားလျက်ရှိသည့် ပြင်းထန်သော ဖြစ်ရပ်များကို ကိုင်တွယ် ဖြေရှင်းနိုင်မည့်
နည်းလမ်းများ ချက်ချင်း ရှာရမည် ဖြစ်ပါသည်။ (Crisis Group သည် ဇွန်လက အစီရင်ခံစာနှင့် ယခုလ
အစောပိုင်းက ထုတ်ပြန်သော အစီရင်ခံစာများတွင် ဖေါ်ပြပြီးဖြစ်ပါသည်) အဆိုပါ ဖြစ်ရပ်များကြောင့်
ပြည်သူများ၏ ဘဝများ ပျက်စီးခြင်းများ ဖြစ်နေဆဲ ဖြစ်ရာ တိတိပပ ဆိုရလျှင် မူဆလင် ရိုဟင်ဂျာ လူနည်းစုတွင်
ပိုမို ပျက်စီး နေရပါသည်။ တိုင်းပြည်တွင် အရေးကြီးသော တိုးတက်မှုများလည်း မြင်တွေ့ရလျက်ရှိရာ
နှစ်ပေါင်းငါးဆယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တိုင်းရင်းသား လက်နက်ကိုင်အုပ်စု အတော်များများနှင့်
အစိုးရသည် ပဏာမ အပစ်အခတ်ရပ်စဲရေးများ လက်မှတ်ရေးထိုး နိုင်ခဲ့ပြီး၊ ကချင် လွတ်လပ်ရေးအဖွဲ့ (Kachin
Independence Organisation) နှင့်မကြာမီ သဘောတူညီချက် တစ်ခု ရလိမ့်မည်ဟု မျှော်လင့်ရပါသည်။
ဘရာဇီးနိုင်ငံတွင် ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ထိ သမ္မတအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ Lula ဟု
လူသိများသော Luiz Inácio Lula da Silva သည် သူ၏ နိုင်ငံအား စီးပွားရေးနှင့် နိုင်ငံရေး ခေတ်သစ်ကို
ပုံဖော်ပေးခဲ့ပြီး၊ သန်းပေါင်းများစွာသော လူများကို ဆင်းရဲတွင်းမှ လွတ်စေခဲ့ပါသည်။ ၎င်း၏ အစိုးရသည်
အဆိုပါ ခိုင်မာသော အခြေခံပေါ် မူတည်၍ လူမှုရေး အစီအစဉ်များဖြင့် ဒေသတွင်းနှင့် ကမ္ဘာပေါ်တွင်
အရေးပါသော ပလေယာ (Player) တစ်ဦး ဖြစ်လာပါသည်။ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့်
ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွင် တောင်ဖက်နိုင်ငံချင်း ချဉ်းကပ်မှု (South–South approach)
ကိုဖော်ဆောင် လာပါသည်။
သမ္မတ da Silva သည် စုစည်းမှုတွင် အမှန်တကယ် ခိုင်မာလာစေရေး အတွက်
လုပ်ဖော်ကိုင်ဖက် လုပ်ဆောင်ရေး (partnership) ကို ဒေသတွင်း အိမ်နီးချင်းများအား အဆိုပြုလာပါသည်။
ဘရာဇီးတို့၏ ဆက်ဆံရေးပုံစံသည် ၎င်း၏ တောင်အမေရိက အိမ်နီးချင်းများ အနေဖြင့် ၎င်းတို့၏ ပြည်တွင်း
ပဋိပက္ခများ ရင်ဆိုင်ရာတွင် အထောက်အကူ ပြုပါသည်။
သမ္မတda Silva ၏ အစိုးရလက်ထက်တွင် သံတမန်မစ်ရှင် (၁၇)ခု အသစ်ဖွင့်လှစ်ခဲ့ရာ ဘရာဇီး၏
အာဖရိကအပေါ်ထောက်ခံ ပံ့ပိုးမှုမှာလည်း မှတ်မှတ်သားသား ရှိခဲ့ပါသည်။ ဘရာဇီးသည် ဟေတီနိုင်ငံ၏
ငြိမ်းချမ်းရေး ထိန်းသိမ်းရေး လုပ်ငန်းစဉ်များတွင် ဦးဆောင်ပါဝင်ခဲ့ပြီး၊ လက်ဘနွန်နိုင်ငံ၏ ကုလသမဂ္ဂ မစ်ရှင်
တွင်လည်း ရေတပ် ပါဝင်ခဲ့ပါသည်။
Lula၏ အစိုးရသည် ကမ္ဘာကြီးနှင့် ၎င်း၏ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ၏
လိုအပ်ချက်နှင့် လိုက်လျောညီထွေစွာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသော ဆက်ဆံရေးမျိုးကို ဖွံ့ဖြိုး စေခဲ့ပါသည်။
အမျိုးမျိုးသော မဟာမိတ်များကလည်း နိုင်ငံကို ကမ္ဘာတစ်ဝှမ်း တည်ရှိစေရန်နှင့် သြဇာလွှမ်းမိုးမှု နက်ရိုင်းစေရန်
လုပ်ဆောင်မှုကို ပိုမို အထောက်အကူ ဖြစ်ပါသည်။ ဘရာဇီးလ်၏ အုပ်စုဖွဲ့မှု၊ မဟာဗျူဟာကျသော
လုပ်ဖော်ကိုင်ဖက် ပြုခြင်းနှင့် မဟာမိတ် အသစ်ဖွဲ့ခြင်းများသည် တိုင်းပြည်နှင့် ၎င်း၏ ပါတနာများ (partners)
အား နိုင်ငံတကာနယ်ပယ်၏ ပါဝါ လေဟာနယ်၌ နေရာရစေပါသည်။
ယခုအခါ ရှစ်နှစ် တိုင်လာခဲ့ပြီ ဖြစ်သော Crisis Group ၏ In Pursuit of
Pease ဆုချီးမြှင့်ပွဲနှင့် ညစာစားပွဲသည် ကမ္ဘာတစ်လွှား ဆိုးရွားသော ပဋိပက္ခများကို ကာကွယ်ခြင်းနှင့်
ဖြေရှင်းချင်းများတွင် တစ်ဦးချင်းထူးချွန် အောင်မြင်စွာ လုပ်ကိုင်နိုင်မှုများအား အသိအမှတ်ပြုသော
အခမ်းအနား ဖြစ်ပါသည်။ ပြီးခဲ့သည့် အကြိမ်များက ဆုချီးမြှင့် ခံရသူများတွင် အမေရိကန် သမ္မတများ
ဖြစ်ကြသော William Jefferson Cliton နှင့် George H.W. Bush ၊ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် Martti
Ahtisaari နှင့် Ellen Johnson Sirleaf နှင့်ငွေများ လှူဒါန်းသူ သဌေးကြီး George Soros တို့ ပါဝင်ပါသည်။

No comments:

Post a Comment