Friday, November 16, 2012

ဂါဇာကမ်းမြှောင် ဒေသမှ ဟားမတ်စ်တို့ ပစ်လွှတ်နေသော ဒုံးပျံများကို အစ္စရေး၏ Iron Dome ဒုံးကျည်ကာကွယ်ရေး စနစ်က လေထဲတွင် တားဆီး ဖျက်ချနေ


အစ္စရေးသည် ယခုအခါ ဟားမတ်စ်တို့၏ ရန်လိုမှုအတွက် တုံ့ပြန်ရန် မြေပြင်တပ်များကို အသင့်ပြင်ဆင်ထားပြီး ဂါဇာကို ထိုးဖောက်ဝင်ရောက်ရန် အသင့်ရှိနေသည်။ စစ်သွေးကြွများသည် အစ္စရေးတောင်ပိုင်းရှိ တဲလ်အဗစ်ဗ်နှင့် အခြားသော မြို့များသို့
ရည်ရွယ်ပြီး ဒုံးကျည်များ ပစ်ခတ်နေရာ ယင်းကို အစ္စရေး၏ ဒုံးကျည်ကာဒိုင်း စနစ်က ကာကွယ်ဖျက်ဆီးနေရခြင်း ဖြစ်သည်။ ပုံတွင် ဆဒါရော့တ်မြို့ ကောင်းကင်ယံသို့ ကျူးကျော်လာသည့် ဟားမတ်စ် ဒုံးကျည် နှစ်စင်းကို အစ္စရေး၏ Iron Dome ဒုံးကျည်ကာကွယ်ရေး စနစ်က ခြေရာခံ ဖျက်ဆီးရာမှ ထွက်ပေါ်လာသော မီးခိုးတန်းများကို တွေ့မြင်ရမည် ဖြစ်သည်။
ဂါဇာမှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်များကို အစ္စရေး လေပိုင်နက်ထဲတွင် တန်ပြန်ဖျက်ဆီးပစ်သည့် Iron Dome စနစ်နှင့် ပတ်သက်သော အချက်အလက် အချို့အား ပြန်လည် မျှဝေလိုက်ပါသည်။

- ရွေ့လျား နေရာပြောင်းရွှေ့နိုင်သည့် လေကြောင်းကာကွယ်ရေး စနစ်တစ်ခုဖြစ်သည်။ အဓိကအ

ားဖြင့် တာတို ဒုံးကျည်များကို လေထဲတွင် ကြားဖြတ်တားဆီးနိုင်ရန် ဒီဇိုင်းထွင် ဖန်တီးထားသည်။ လက်နက်ကြီး ကျည်များနှင့် ဒုံးကျည်ထိပ်ဖူးများကို ထောက်လှမ်း ဖျက်ဆီးပစ်နိုင်သည်။

- အစ္စရေး ကာကွယ်ရေးပစ္စည်း ကုမ္ပဏီ ရာဖေးလ်က ထုတ်လုပ်သော စနစ်သည် အစ္စရေး ပြည်သူလူထုကို ရန်သူနိုင်ငံများက ဒုံးကျည်ဖြင့် ခြိမ်းခြောက်လာနိုင်သော အခြေအနေကို တွန်းလှန်ရန် အဓိက ရည်ရွယ် ဖန်တီးထားခြင်း ဖြစ်သည်။

- မတ်လ(၁၁)ရက်နေ့က Iron Domeကို အစ္စရေးတွင် စတင် အသုံးပြု တပ်ဆင်လာခဲ့သည်။ နောက်တစ်လတွင် ဂါဇာမှ ပစ်လွှတ်လိုက်သည့် ဂရာ့ဒ် ဒုံးကျည်တစ်စင်းကို အမှားအယွင်းမရှိ တားဆီးပယ်ဖျက်နိုင်ခဲ့သည်။

- စနစ်တွင် ပါဝင်သော ခြေရာခံမှု နည်းပညာက ဝေဟင်တွင် ဦးတည်ချက်ပေါင်းစုံ ပျံသန်းရွေ့လျားကာ ကျူးကျော်ဝင်ရောက်လာသည့် စစ်လက်နက်ကို တိုက်ရိုက်ထိမှန်မည် ဖြစ်သည်။ ထို့နောက် ပစ်မှတ်ကို ဖျက်ဆီးပြီးသော အပိုင်းအစသည် လူနေထိုင်မှု မရှိသော နေရာနှင့် ပင်လယ်ထဲသို့ ရွေးချယ် ကျရောက်နိုင်သည်။

- စနစ်တစ်ခုလုံးအတွက် ပစ်စင် (၄)ခု လိုအပ်ပြီး (၃)ခုမှာ အပြည့်အဝ အလုပ်လုပ်နေပြီ ဖြစ်သည်။ ပစ်စင် တစ်ခုစီအတွက် တန်ကြေးသည် ပေါင်စတာလင် (၁.၃)သန်းမျှစီ ကျသင့်ပြီး ဒုံးခွင်းဒုံး တစ်ခုမှာ ပေါင်စတာလင် (၂၅၀၀၀)မျှ တန်ဖိုးရှိကြောင်း သိရသည်။
From -Planet.com.mm








 

No comments:

Post a Comment