Thursday, November 22, 2012

မြန်မာအစိုးရတပ်များ KIA တပ်မဟာ(၂) ဌာနချုပ်အား တိုက်ခိုက်ရန်ပြင်ဆင်



ဗမာစစ်တပ်မှ တပ်မ(၁)ခုဟာ ကချင်ပြည်နယ်မှာရှိတဲ့ KIA တပ်မဟော (၂)ကို တိုက်ခိုက် သိမ်းပိုက် ဖို့ ပြင်ဆင် နေကြောင်း ဒေသခံပြည်သူ များ ထံမှ သိရပါတယ် ။ ဒေသခံများ ပြောပြချက် အရ ဗမာစစ်တပ်မှ စစ်ယာဉ် တန်း များေ န့ စဉ်ဖြတ်သန်း သွားနေပြီး လက်နက်ကြီးများ၊ အမြောက်များ၊ ကျည်ဆံ ခဲယမ်းများပါ ပါရှိကြောင်း သိရပါတယ်။ မန္တလး-မြစ်ကြီးနား
တစ်လျှောက် ရထားများပေါ်တွင်လည်း ဗမာစစ်သားများ အရပ်ဝတ်ဖြင့် နေ့စဉ်ပါရှိကြောင်းနဲ့ ရထားကုန်တွဲများအတွင်းတွင်လည်း လက်နက်ကြီးများ၊ ရိက္ခာများ၊ ကျည်ဆံများ ပါရှိသည်ကို တွေ့ရကြောင်း ရထားစီး ခရီးသည်များထံမှ သိရပါတယ်။

ယခင် KIA တပ်မဟာ(၄)ဌာနချုပ်ကို ဗမာစစ်တပ်မှ တိုက်ခိုက်သိမ်းပိုက်စဉ်က KIA တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာ သွားရပြီး တပ်မဟာ(၄) ဌာနချုပ်လည်း ပျက်သွားခဲ့ပါတယ်။ ယခုအချိန်အထိ KIA တပ်မဟာ(၄) အဖွဲ့ တွေဟာ နေရာအတည်တကျမရှိသေးဘဲ ပြောက်ကျားစနစ်ဖြင့်သာ လှုပ်ရှားနေကြပါတယ်။ ဗမာစစ်တပ်မှ KIA တပ်မဟာ(၄)ကို တိုက်ခိုက်ရသည့် အကြောင်းအရင်းကတော့ တရုတ်နိုင်ငံဘက်သို့ တင်ပို့ပေးနေသည့် ဂတ်စ်ပိုက်လိုင်းကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
ယခု KIA တပ်မဟာ(၂) ကို တိုက်မည့်အကြောင်းအရင်းကတော့ တပ်မဟာ(၂)ထိန်းချုပ်ရာ နေရာနဲ့ တနိုင်း ဖားကန့်ဒေသတွေဟာ ရွှေနဲ့ကျောက်စိမ်းများစွာ ထွက်ရှိမှုနဲ့ ပတ်သက်တယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက ပြောဆိုထားပါတယ်။ ဖားကန့်ဒေသမှာ လုပ်ကိုင်နေတဲ့ စီးပွားရေးသမားတွေနဲ့ လုပ်ငန်းရှင်တွေက KIA အဖွဲ့တွေ တောင်းခံသည့် ဆက်ကြေးနဲ့ အခွန်တွေကို ပေးဆောင်ကြပေမယ့် ယခုအချိန်အထိ ကျောက်စိမ်းနဲ့ ရွှေလုပ်ကွက်တွေ ရပ်ဆိုင်းထားရတဲ့အတွက် လုပ်ငန်းရှင်တွေနဲ့ အလုပ်သမား ပြည်သူတွေ စားဝတ်နေရေး ကျပ်တည်းနေကြရပါတယ်။ နိုင်ငံခြားကို တင်သွင်းမည့် တွင်းထွက်ရတနာတွေ မထုတ်လုပ်နိုင်တာကြောင့် နိုင်ငံခြားဝင်ငွေကျဆင်းပြီး တိုင်းပြည်စီးပွားရေးကို ထိခိုက်ပါတယ်။
ဗမာစစ်တပ်နဲ့ KIA အကြားမှာ ၂၀၁၁ ခုနှစ် ဇွန်လမှစပြီး တိုက်ပွဲတွေ စတင်ခဲ့ပါတယ်။ စတင်တိုက်ပွဲ ဖြစ်ပွားတဲ့ အကြောင်းက တာပိန်ရေအား လျှပ်စစ်စက်ရုံမှ စတင်ခဲ့ပါတယ်။ ဗမာစစ်တပ်နဲ့ KIA အကြား ညှိနှိုင်း ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ(၃၀)ရက်နေ့မှာ ရွှေလီမြို့တွင် ပြုလုပ်ခဲ့ပါတယ်။ ဗမာအစိုးရဘက် မှ အဆုံးအဖြတ်ပေးနိုင်တဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပေမယ့် KIA စစ်ဘက်မှ တာဝန်ရှိသူတွေ တက်ရောက်ရန် ပျက်ကွက်ခဲ့တာကြောင့် အပစ်အခတ် ရပ်စဲရေးကို ယခုအချိန်အထိ သဘောတူနိုင်ခြင်း မရှိသေးပါဘူး။

No comments:

Post a Comment