Sunday, November 25, 2012

မြောက်ဦးရှိ ရခိုင် ဒုက္ခသည်များအား UNOCHA က ဒုက္ခသည် စာရင်းတွင် မထည့်


ဘင်္ဂါလီရန်ကို ကြောက်ရွံ့သဖြင့် မြောက်ဦးမြို့ပေါ်ရှိ ဘုန်းတော် ကြီး  ကျောင်း များတွင် လာရောက် ခိုလှုံနေ  ကြသောရခိုင်ဒုက္ခသည်များ အား ယူအန်ညှိနှိုင်းရေးဌာန UNOCHA က ဒုက္ခသည်များစာရင်းတွင် ထည့်သွင်းထားခြင်းမရှိပဲ ပရိန်ရွာ နှင့် ယိုင်သေရွာများရှိ ဘင်္ဂါလီများကိုသာ ဒုက္ခသည်စာရင်းများတွင် စာရင်းထည့်သွင်းထားသည်။
ထိုကဲ့သို့ စာရင်းမသွင်းခြင်း၏ အကျိုးဆက်အဖြစ် ယူအန်ကထောက်ပံ့သည့် ပစ္စည်းများ သည် မြောက်ဦးမြို့နယ်အတွင်းရှိ ရခိုင်ဒုက္ခသည်များထံ စီးဆင်းမလာပဲ ပုရိန် နှင့် ယိုင်သေ ရှိ ဘင်္ဂါလီ ဒုက္ခသည်များဆီကိုသာ တစ်ဖက်သတ်စီးဆင်းနေသည်ဟု ဆို သည်။

လွန်ခဲ့သော နှစ်ရက်ခန့်အထိ စာရင်းများအရ မြောက်ဦးမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်း ငါးကျောင်းတွင် ဒုက္ခသည်ပေါင်း (၁၁၈၆)ဦး ရှိနေဆဲဖြစ်သည်။ ထို ရခိုင် ဒုက္ခသည်များ ကို ဒေသတွင်း အဖွဲ့အစည်း များကသာ ထောက်ပံ့နေကြသည် ကိုတွေ့ရ သည်။

လူသားချင်းစာနာမှု အထောက်အပံ့ဆိုင်ရာယူအန်ညှိနှိုင်းရေးဌာန UNOCHA ၏ ရခိုင်ဒေသ အကြီးအကဲ Ms. Barbara Batista ကမူ ရခိုင်ပြည်နယ်အစိုးရက တင်ပေးသည့် ကိန်းဂဏန်းများအတိုင်း ၄င်းတို့ စာရင်းပြုစု ထားသည် ဟု ညှိနှိုင်းရေး အစည်းအဝေးများတွင် ပြောကြားသည်ဟု ဆိုသည်။

ထိုအကြောင်းအရာနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် စီမံကိန်းဝန်ကြီး (planning minister) ဦးမြအောင် အား Coral Arakan က ဖုန်းဖြင့် နှစ်ကြိမ်ဆက်သွယ်မေးမြန်း ရာ၊ လောလော ဆယ် ဂေါက်ရိုက်နေသဖြင့် အဆိုပါမေးခွန်းများကို မဖြေကြားနိုင်ကြောင်း နှစ်ကြိမ် စလုံးတွင် ဖြေကြား ခဲ့သည်။

ဘင်္ဂါလီများအတွက်မူ နေအိမ်ပျက်စီးသွားသူများရော ကြောက်ရွံ့ထွက်ပြေးသူများကိုပါ ဒုက္ခသည်အဖြစ် သတ်မှတ်ထောက်ပံ့လျက်ရှိသည် ဟု ယူအန်အသိုင်းအ၀ိုင်းထဲမှ ကြားသိရသည်။

(ကော်ကာနု ရေးသားသည်။)
Coral Arakan News




မြောက်ဦးမြို့အလိုတော်ပြည့်ကျောင်းတွင် ခိုလှုံနေကြသော ရခိုင်ဒုက္ခသည်အချို့အား ရခိုင်လူမှုကွန်ရက်(တောင်ကုတ်) က လှူဒါန်းသော အ၀တ်ထုပ်အချို့နောက်တွင် ထိုင်နေကြသည်ကို ယခု နိုဝင်ဘာလလယ်ပိုင်းက တွေ့ရစဉ်။

No comments:

Post a Comment