Tuesday, December 18, 2012

ဂျပန် AKB48 ပေါ့အဖွဲ့ဝင်သစ် Aimi Eguchi သည် လူမဟုတ်

Photo: ဂျပန် AKB48 ပေါ့အဖွဲ့ဝင်သစ် Aimi Eguchi သည် လူမဟုတ်

Tuesday, 18 December 2012
တကယ်ပဲ လူစင်စစ် မဟုတ်တဲ့ Aimi Eguchi အမည်ရ အမျိုးသမီးကို ကမ္ဘာကျော် ဂျပန် ပေါ့တေးဂီတ အဖွဲ့ AKB48 မှာ ဇွန်လဆန်းက ထည့်သွင်း ခဲ့ပါတယ်။

Playboy မဂ္ဂဇင်းတွေမှာတောင် အဆိုတော်သစ် မိတ်ဆက်ဆိုပြီး
Sexy ကျကျ ပုံတွေနဲ့ ဖော်ပြပါတယ်။ အခြားသော မီဒီယာ မိတ်ဆက်မှုများ ပြု လုပ်ပြီး ရုပ်သံ အင်တာဗျူးအစီအစဉ်တွေတောင် လုပ်ပေး ပါသေးတယ်။ သူ့သီချင်းတွေလည်းထွက်ရှိပြီး အဖွဲ့လိုက် ဖျော်ဖြေမှုတွေ ပါ ပြုလုပ်ပေး ပါတယ်။ သို့ပေမယ့် တစ်လမကြာပဲ အမှန်တရားကို ပြန်လည်ကြေညာပေး ခဲ့ပါတယ်။

ယင်းအဖွဲ့ဝင်သစ် Aimi Eguchi ဟာ တကယ့်လူအစစ်မဟုတ်ပဲ ကွန်ပြူတာ နည်းပညာဖြင့် ဖန်တီးသော CGI ပုံရိပ်တစ်ခုသာ ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ သူ့ရဲ့  အသံ၊ မျက်နှာ၊ မျက်လုံး၊ ဆံပင်၊ ဘော်ဒီ အားလုံးကို အဖွဲ့ဝင် အဆိုတော် ၆ ဦးလောက်ကနေ ယူပြီး ပေါင်းစပ်ပေးထား တာ ဖြစ်ပါတယ်။ တကယ်တန်း ကြေညာတော့ ဂျပန်နိုင်ငံတောင်ပိုင်းက လာတဲ့ ၁၆ နှစ်သမီးလေး အဆိုတော် လတ်လတ်ဆတ်ဆတ် လို့ ကြေညာပါတယ်။

AKB48 ဟာ အဖွဲ့ဝင် ၉၁ ဦး ဝန်းကျင်ရှိတဲ့ ကမ္ဘာကျော် ဝင်ငွေ စံချိန်တင် ဂီတ အဖွဲ့ကြီးဖြစ်ပြီး အဖွဲ့ အေ၊ ဘီ၊ စီ အစရှိသဖြင့် ခွဲလို့ ရှိုးပွဲတွေရော၊ အယ်လ်ဘမ်တွေရော ဆက်တိုက်ထုတ်ပါတယ်။ ယနေ့တိုင် လူကြိုက် များနေဆဲ ဖြစ်ပါတယ်။

သို့ပေမယ့် တကယ် ရုပ်ရှင်ထဲကလိုပဲ အပြင်မှာ မရှိတဲ့ လူတစ်ယောက်ကို အဆိုတော် အသစ်အဖြစ် မိတ်ဆက်ပေးလိုက်တဲ့ AKB48 ရဲ့  လုပ်ရပ်က ယနေ့တိုင် ငိုရမလို၊ ရယ်ရမလို အကြောင်းအရာလေး တစ်ခုအဖြစ် ကျန်ရှိခဲ့ကြောင်း သိရပါတယ်။

 wikiတကယ်ပဲ လူစင်စစ်မဟုတ်တဲ့ Aimi Eguchi အမည်ရ အမျိုးသမီးကို ကမ္ဘာကျော်ဂျပန် ပေါ့တေးဂီတအဖွဲ့ AKB48 မှာ ဇွန်လဆန်းက ထည့် သွင်းခဲ့ပါတယ်။
Playboy မဂ္ဂဇင်းတွေမှာတောင် အဆိုတော်သစ် မိတ်ဆက်ဆိုပြီးSexy ကျကျ ပုံတွေနဲ့ ဖော်ပြပါတယ်။ အခြားသော မီဒီယာ မိတ်ဆက်မှုများ ပြု လုပ်ပြီး ရုပ်သံအင်တာဗျူးအစီအစဉ်တွေတောင် လုပ်ပေးပါသေးတယ်။ သူ့သီချင်းတွေလည်းထွက်ရှိပြီး အဖွဲ့လိုက် ဖျော်ဖြေမှုတွေ ပါ ပြုလုပ်ပေး ပါတယ်။ သို့ပေမယ့် တစ်လမကြာပဲ အမှန်တရားကို ပြန်လည်ကြေ ညာပေးခဲ့ပါတယ်။

ယင်းအဖွဲ့ဝင်သစ် Aimi Eguchi ဟာ တကယ့်လူအစစ်မဟုတ်ပဲ ကွန်ပြူတာ နည်းပညာဖြင့် ဖန်တီးသော CGI ပုံရိပ်တစ်ခုသာ ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ သူ့ရဲ့  အသံ၊ မျက်နှာ၊ မျက်လုံး၊ ဆံပင်၊ ဘော်ဒီ အားလုံးကို အဖွဲ့ဝင်အဆိုတော် ၆ ဦးလောက်ကနေ ယူပြီး ပေါင်းစပ်ပေးထားတာ ဖြစ်ပါတယ်။ တကယ်တန်း ကြေညာတော့ ဂျပန်နိုင်ငံတောင်ပိုင်းက လာတဲ့ ၁၆ နှစ်သမီးလေး အဆိုတော် လတ်လတ် ဆတ်ဆတ် လို့ ကြေညာပါတယ်။

AKB48 ဟာ အဖွဲ့ဝင် ၉၁ ဦး ဝန်းကျင်ရှိတဲ့ ကမ္ဘာကျော် ဝင်ငွေ စံချိန်တင် ဂီတ အဖွဲ့ကြီးဖြစ်ပြီး အဖွဲ့ အေ၊ ဘီ၊ စီ အစရှိသဖြင့်ခွဲလို့ ရှိုးပွဲတွေရော၊ အယ်လ်ဘမ်တွေရော ဆက်တိုက်ထုတ်ပါတယ်။ ယနေ့တိုင် လူကြိုက်များနေဆဲ ဖြစ်ပါတယ်။

သို့ပေမယ့် တကယ်ရုပ်ရှင်ထဲကလိုပဲ အပြင်မှာ မရှိတဲ့လူတစ်ယောက်ကို အဆိုတော် အသစ်အဖြစ် မိတ်ဆက်ပေး လိုက်တဲ့ AKB48 ရဲ့  လုပ်ရပ်က ယနေ့တိုင် ငိုရမလို၊ ရယ်ရမလို အကြောင်းအရာလေး တစ်ခု အဖြစ် ကျန်ရှိခဲ့ကြောင်း သိရပါတယ်။

wiki

No comments:

Post a Comment