Monday, December 31, 2012

တရုတ် စာရေး ဆရာ ၈ ဦးကို Apple က လျော်ကြေး ပေးရ

Apple ရဲ့ iTunes နဲ့ သက်ဆိုင်တဲ့ ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ တရုတ် စာရေးဆရာ ၈ ဦးရဲ့ ခွင့်ပြုချက် အရပဲ သူတို့စာအုပ်တွေ ကို iTunes မှ တစ်ဆင့် Apple က ဖြန့်ချိခဲ့လို့ ဖြစ်ပါတယ်။ ယင်းအတွက်
တရားဆွဲဆို မှုကြောင့် ပေကျင်းမြို့  ပေါ်တရားရုံးက စီရင်ချက် ချလိုက်ခြင်း ဖြစ်ပါတယ်။
ယင်းစီရင်ချက်အရ လျော်ကြေးငွေ တရုတ်ယွမ် ၁ သန်းကျော် ပေးလျော်ရမှာ ဖြစ်ပါတယ်။ ယခုလို အလားတူ ဖြစ်ရပ်မျိုး တရုတ်ပြည်မှာ ခဏခဏ ဖြစ်ပြီး Apple နဲ့ တိုက်ရိုက် ရင်ဆိုင်ရမှုပေါင်း များစွာ ဖြစ်ပေါ် ခဲ့တယ်လို့ ဆိုပါတယ်။
စာရေးဆရာ တို့ရဲ့  ခွင့်ပြုချက်မပါပဲ စာအုပ်များ iTunes ပေါ်က တစ်ဆင့် ရောင်းချမှုများ ဖြစ်ပေါ်ပြီး Apple တို့ တရုတ်တရားရုံးနဲ့ အသွား အပြန် ဖြစ်ခဲ့ရ ပါတယ်။ " စာရေးဆရာများကိုလည်း လေးစားပါတယ်။ လိုင်စင်ဗားရှင်း ဖြစ်တာတွေကိုပဲ ဖြန့်ချိတယ် ဆိုပေမယ့် တစ်ခါတစ်ရံ ဒီလို မှားယွင်းတာ မျိုးတွေ ဖြစ် ပါတယ်။ နောက် ဒီထက်ပိုပြီး iTunes မှာ ပြုပြင် မှုများ ပြုလုပ်သွားမှာ ဖြစ်ပါတယ်" လို့ Apple ရဲ့  တရုတ်ပြည် ကိုယ်စားလှယ် တစ်ဦးက ပြော ကြားခဲ့ပါတယ်။
Ref : Techspace နည်းပညာဂျာနယ်

No comments:

Post a Comment